ကင်ဆာဖြစ်သူ အယောက် ၁၀၀ တွင် ၇၀ ဦးသည် အရောင်တင်ဆိုးဆေး စားသုံးမှုကြောင့်ဟုဆို
မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဖြစ်သူ လူ ၁၀၀ တွင် ၇၀ ဦးခန့်သည် အရောင်တင် ဆိုးဆေးများ အသုံးပြုသည့် အစားအစာများကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ “ဖွံ့ဖြိုးမှုနှုန်း နှေးကွေးတဲ့ နိုင်ငံတွေမှာ ကင်ဆာရောဂါကြောင့် အများဆုံး အသက် ဆုံးရှုံးရပါတယ်။ မြန်မာနိုင်ငံမှာဆို ဆိုးဆေးဆိုးထားတဲ့
အစားအသောက်တွေ စားသုံးနေလို့ ကင်ဆာ ဖြစ်ပွားနှုန်းက နှစ်စဉ် မြင့်တက်ရတယ်။
ဒါတွေကို လျော့ကျဖို့အတွက် မြန်မာနိုင်ငံသားတွေအတွက် အနေအထိုင် အစားအသောက်တွေ ပြုပြင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၁၀ နှစ်အတွင်း ကင်ဆာဖြစ်ပွားမှုနှုန်း ၃၀ ခန့် မြင့်တက်လာပြီး အိမ်ထောင်စု ၄ စုတွင် ၁ စုခန့်မှာ ဆိုးဆေးများကြောင့် ကင်ဆာရောဂါ ခံစားရကြောင်း ဦးဗအုပ်ခိုင်က ဆိုသည်။ အရောင်တင်ထားသည့် မျှစ်၊ ရောင်စုံဖန်တီးထားသည့် အအေးမျိုးစုံ၊ ပလတ်စတစ်ထုပ်ပိုး အစားအစာ၊ အရောင်တင် ငရုပ်သီးမှုန့်၊ ပိုးသတ်ဆေးများ ပါဝင်သည့် အသီးအရွက်များ စသည့် အစားအစာများကြောင့် အသည်းကင်ဆာများအား ဖြစ်ပွားစေကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် လူဦးရေ ၁၀၀ ဦးတွင် ၇၀ ဦးမှာ ဆိုးဆေးများကြောင့် ဖြစ်ရပြီး ကျန်ရှိသည့် ၃၀ ဦးမှာ မျိုးရိုးဗီဇကြောင့်ဟု သိရသည်။ လာမည့် ၂၀၁၃ ပြည့်နှစ်တွင် ကင်ဆာရောဂါ ဖြစ်ပွားနှုန်းမှာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ၇၅ ရာခိုင်နှုန်းခန့် မြင့်တက်လာမည် ဖြစ်ကြောင်းကို WHO ၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ အစီရင်ခံစာတွင် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး၌ လူပေါင်း ၁ ဒသမ ၃၈ သန်းခန့် ကင်ဆာရောဂါ ဖြစ်ပွားခဲ့ပြီး ၅၀၀၀၀၀ ကျော် သေဆုံးကြောင်း သိရသည်။ (News Watch)
khitlunge
- (အရှေ့သို့) အသားဖြူဆေးနှင့် ကျန်းမာရေးအန္တရာယ် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..