လက်နက်ကနေ ဂီတသံစဉ်အဖြစ် ပြောင်လဲပေးသူ...

 
သူကတော့ မက္ကစီကိုနိုင်ငံက အနုပညာရှင် Pedro Reyes ဆိုသူဖြစ်ပါတယ်... နိုင်ငံအတွင်း မူးယစ်ဂိုဏ်းတွေနဲ့ အစိုးရတပ်တွေ ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ မူးယစ်မှောင်ခိုသမားတွေဆီကနေ သိမ်းဆည်းရမိထားတဲ့ လက်နက်မျိုးစုံအရေအတွက် (၆,၇၀၀)ကို ဂီတတူရိယာပစ္စည်းတွေအဖြစ် ဖန်တီးခဲ့တာပါ... ဒီသိမ်းဆည်းရမိတဲ့ လက်နက်တွေအားလုံးကို ရဲတပ်ဖွဲ့က ဦးစွာ ဖျက်ဆီးခဲ့ပြီးမှ ဂီတအနုပညာရှင် Pedro Reyes ကို ပေးအပ်ခဲ့တာလို့ ဆိုပါတယ်... လက်နက်ကနေ ဂီတတူရိယာအဖြစ် ပြောင်းလဲရာမှာ သူနဲ့အတူ အခြားဂီတပညာရှင် (၆)ဦးလည်း ပါဝင်ပါတယ်...

 
 
ဂီတပညာရှင် Pedro Reyes က... "အကြမ်းဖက်တွေကို လက်နက်တွေ အသုံးပြုနေတဲ့နေရာတွေနဲ့ ထုတ်လုပ်နေတဲ့ နေရာတွေမှာသာလျှင် ရပ်တန့်လို့ မရနိုင်ပါဘူး... မြင်နိုင်တဲ့ အကြမ်းဖက်မှုတွေနဲ့ မမြင်နိုင်တဲ့အကြမ်းဖက်တွေ အကြားမှာ ကွာဟချက်တွေ၊ ခြားနားချက်တွေ ရှိနေပါတယ်... မက္ကစီကိုနိုင်ငံမှာ လွန်ခဲ့တဲ (၆)နှစ်အတွင်းကဆိုရင် သေနတ်ကြောင့် သေဆုံးသူအရေအတွက် (၈၀,၀၀၀) နီးပါးခန့် ရှိပါတယ်... ဒါဟာ အလွန်များပြားတဲ့ သေဆုံးမှုတွေပါ..."
 
 
 
 
Ref: Buzzfeed
 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...