နဖူးပေါ်မှာ နှာခေါင်းပေါက်တဲ့သူ...

တရုတ်ပြည်က ဆရာဝန်တွေက လူတစ်ယောက်ရဲ့ နဖူးမှ နှာခေါင်းကို အောင်အောင်မြင်မြင် မွေးယူနိုင်ခဲ့ ပြီးတော့ မကြာခင်မှာ သူ့ရဲ့ပျက်စီးသွားတဲ့ နဂိုနှာခေါင်းနေရာမှာ ပြန်အစားထိုး ကုသပေးနိုင်တော့မှာပါ။
ဒီပုံထဲက လူက နဖူးမှ နှာခေါင်းက နေရာမှားပြီး လာပေါက်နေတာ မဟုတ်ပါဘူး။ သူက တရုတ်ပြည်က Xiaolian ဖြစ်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လမှာ ကားမတော်တဆမှုကြောင့် သူ့ရဲ့နှာခေါင်း ပျက်စီးသွားခဲ့ ပါတယ်။ နှာခေါင်းက infection ၀င်သွားတာကြောင့် ဆရာဝန်တွေက မူလနှာခေါင်းကို ကုသလို့မရနိုင် ခဲ့ပါဘူး။ ဒါကြောင့် ဆရာဝန်က နှာခေါင်း အသစ်တစ်ခုကို မွေးယူဖို့ ဆုံးဖြတ်ပြီး သူ့ရဲ့ပျက်စီးသွားတဲ့ နှာခေါင်းကို အစားထိုးကုဖို့ ဆုံးဖြတ်လိုက်ပါတယ်။


ဒါကြောင့် သူ့ရဲ့နံရိုးက ရိုးဆက်အရိုး (cartilage) ကိုယူပြီး သူ့ရဲ နဖူးက skin tissue တွေအောက်မှာ ထိုး သွင်းလိုက် ပြီးတော့ နှာခေါင်းပုံသဏ္ဍာန် ရအောင်လို့ မွေးယူပါတယ်။ ဒီနှာခေါင်းကိုတော့ ပြီးရင် သူ့နေရာ မှန်ကို ပြန်အစားထိုးမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေက နှာခေါင်းကို မွေးယူရာမှာ နှာခေါင်းက ကောင်း ကောင်း ဖွံ့ဖြိုးတဲ့ အခြေအနေကို ရောက်နေပြီး မကြာခင်မှာ အစားထိုးလို့ ရတော့မယ်လို့ ဆိုခဲ့ပါတယ်။ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီတုန်းကလည်း Britain က ဆရာဝန်တွေက နှာခေါင်းကို လက်မောင်းမှာ မွေးယူပြီး ကုသတာ ပြုလုပ်ခဲ့ပါသေးတယ်။

Source and Images from DailyMail, Reuter
Myanmar Youth Media Club
- (အရှေ့သို့) အမြဲတမ်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း ၇ သွယ်... ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ Fujifilm X Pro1 Review - Digital Camera ကမ္ဘာ့ အကောင်းဆုံး အလှအပရေးရာနည်း ၁၃ သွယ်Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
- (အနောကျသို့) မှတ်ညဏ်ကို ထိခိုက်စေနိုင်သော အစားအစာ (၉)မျိုး... ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ Fujifilm X Pro1 Review - Digital Camera ကမ္ဘာ့ အကောင်းဆုံး အလှအပရေးရာနည်း ၁၃ သွယ်Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ