Google's New Project to Solve Death...
သိပ္ပံပညာရှင်တွေရဲ့ သေခြင်းကို နောက်ပြန်သွားနိုင်မယ့် ထာဝရရှင်သန်နိုင်မယ့် စမ်းသပ်ချက်တွေ အပေါ်ကို အားကိုးထားတဲ့ Google ရဲ့ Project အသစ်က လူသားများအတွက် ထာဝရအသက်ရှင် စေနိုင်မလား။
သိပ္ပံပညာရှင် အချို့က အိုမင်းရင့်ရော်တာကို နောက်ပြန်သွားအောင် လုပ်လို့ရတယ်လို့ စမ်းသပ်မှု တချို့မှာ တွေ့ရှိရပါတယ်။ Google ရဲ့ကုမ္ပဏီအသစ်က ဒီတွေ့ရှိချက်တွေကို အားကိုးပြီး မသေဆေးကို ရှာဖွေရန် ကြိုးစားနေပါတယ်။ ဒါက ဖြစ်နိုင်ပ့ါမလား။
ဘယ်သူကမှ ဒါကို ဖြစ်နိုင်တယ်လို့ သေချာပေါက် မပြောနိုင်ပေမယ့် အခုတော့ ဖြစ်နိုင်ချေရှိတယ်လို့ ပြောလို့ရပါပြီ။ ဘာကြောင့်လည်းဆိုတော့ အသက်ရှည်ဆေးကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေက ဒီဆေးကို နောက်နှစ် ၂၀မှာ ထုတ်လုပ် နိုင်တော့မယ်လို့ ဖော်ပြထားလို့ပါ။ အခု လောလောဆယ်တော့ စမ်းသပ်မှုနဲ့ သီအိုရီတွေအရ ဘယ်အရာကမှ လူတွေကို အသက်ရှည်အောင် လုပ်လို့မရသေးပါဘူး။ လေ့လာစမ်းသပ်မှု တွေမှာ ကျရှုံးမှုများစွာနဲ့ တွေ့ကြုံနေရပါတယ်။ အသက်ရှည်ဆေးနဲ့ ထာဝရနုပျိုခြင်း နည်းပညာ (stem-cell regenerative health technology) ကဆဲလ်များကို ထာဝရနုပျိုစေနေမယ်ဆိုတာ တစ်နေ့မှာ ဖြစ်လာမှာ ပါ။ ဒါပေမယ့် ဒီအသက်ရှည်ဆေးကို သောက်ရမယ့် လူဆိုတာ တစ်သက်လုံး ဖြူစင်ရိုးသားစွာ နေထိုင်မှ သောက်ခွင့်ရမယ် ဆိုရင်တော့ ဒီဆေးကို ဘယ်သူမှ သောက်လို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နောင်နှစ် ၂၀ကို ရောက်ရင်တော့ ဒီထာဝရနုပျိုဆေးကို လက်တစ်ဆုပ်စာသော လူတွေကသာ သောက်သုံးခွင့် ရှိလာမယ်လို့ ခိုင်လုံတဲ့ သတင်းများက ဆိုပါတယ်။ လက်တစ်ဆုပ်စာသော လူတွေအတွက် မဟုတ်ဘဲ ကမ္ဘာပေါ်က လူတိုင်းအတွက် ဖြစ်လာမယ် ဆိုရင်တော့ ဒါကနိဗ္မာန်တော့ မဟုတ်ပါဘူး။
အမြင် ၂ခုလုံးက အရမ်းကို အစွန်းရောက်ပါတယ်။ အသက်ရှည်ဆေးဆိုတာ ချမ်းသာသူများအတွက်သာ ဖြစ်နိုင်တယ် လို့ဆိုရင် ဒါကချမ်းသာတဲ့လူ ၁ ရာခိုင်နှုန်းနဲ့ ဆင်းရဲတဲ့ ကျွန်တော်တို့ကို ခွဲခြားထားခြင်း ဖြစ်လာမှာပါ။ ဒါမှမဟုတ် ထာဝရနုပျိုဆေးက လူတိုင်းအတွက်ဆိုရင် ကမ္ဘာဂြိုလ်မှာ လူဦးရေ ထူထပ်ခြင်း၊ ပြန်လည် နုပျိုပြီး နေထိုင်ခြင်းအတွက် ဥပဒေများ လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒီဆေး တကယ်ရှိလာခဲ့လျှင် ဆိုပြီး တွေးတောကြည့်တော့ တို့တတွေက နောက်လူသားတွေ ကမ္ဘာပေါ်မှာ ဖြစ်မလာအောင်များ တားဆီး ကြမလားလို့ ထင်မိပါတယ်။ ဒီတော်လွန်းတဲ့ လူတွေက အသက်ရှည်နေထိုင်ပြီး သူတို့ရဲ့ ဗဟုသုတနဲ့ အသိဥာဏ်လေးအပေါ်မှာ အခြေခံပြီး ဆယ်စုနှစ်ျားစွာ လွှမ်းမိုးနေနိုင်ရာကနေ ရာစုနှစ်များစွာထိ အတ္တကြီးစွာ ဆက်လက် လွှမ်းမိုးနေကြပြီး နောက်ထပ် အိုင်းစတိုင်းလိုလူတွေ ထပ်ထွက်လာခွင့် မပေးတော့ရင် ဆိုတဲ့ အတွေးတွေက ထိတ်လန့်စရာပါ။ အခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါတွေက မှန်းဆချက်တွေသာ ဖြစ်ပါ တယ်။ ကျွန်တော်တို့တတွေ ထာဝရမသေဘဲ နေနိုင်မယ်ဆိုတာ အိပ်မက်လား၊ တကယ်ဖြစ်လာ နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
Images from readorbit, kinja, Source - Kinja
Myanmar Youth Media Club