ကမ္ဘာ့မွတ်စလင် အလှမယ်ပြိုင်ပွဲ (Miss World Muslimah 2013)...

 
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ၂၀၁၃ စက်တင်ဘာလ ၁၈ နေ့က ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ကမ္ဘာ့မွတ်စလင်အလှမယ် ရွေးချယ်ပွဲမှာ Miss World Muslimah 2013 အလှမယ်ဆုကို အသက် (၂၁)နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသူ Obabiyi Aishah Ajibola က ဆွတ်ခူးခဲ့ပါတယ်... အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ဘရူနိုင်း စတဲ့ နိုင်ငံများမှ ၀င်ရောက်ယှဉ်ပြိုင်သူ အယောက် (၂၀)အထဲမှ သူမကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်... ပြိုင်ပွဲအတွင်း မွတ်ဆလင်ရိုးရာဝတ်စုံကို ၀တ်ဆင်ရပြီး အစ္စလာမ်ဘာသာရေး နဲ့ပတ်သက်တဲ့ ယုံကြည်ချက်၊ ဗဟုသုတ စတဲ့ မေးမြန်းမှုတွေကို
ဖြေကြားရပါတယ်... ဆုကြေးအဖြစ် $2,189.25 (25 million rupiah) အပြင် မက္ကာနဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း သွားရောက်လည်ပတ်ခွင့် ရရှိတယ်လို့ ဆိုပါတယ်...။







 



 

 














Ref: ibtimes/reuters/AFP/news.oneindia.in/Getty Image
ကိုမျိုး
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...