စင်္ကာပူနိုင်ငံက NUH မှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ သေဆုံးနေတဲ. သူ.ချစ်သူနဲ. လက်ထပ်ခဲ့

စင်္ကာပူနိုင်ငံက NUHမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ သေဆုံးနေတဲ့ သူ့ချစ်သူနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီး


ရှောင်မိန်းမိန်းတို့ မင်္ဂလာပွဲမှာ မိသားစုအနည်းငယ်ဘဲပါဝင်ခဲ့ပါတယ်။ မင်္ဂလာပွဲလေး အပြီးမှာ သတို့သားက ကျွန်တော်တို့ မင်္ဂလာဆောင်ကိုလာတဲ့ ဧည့်သည်တွေကို ဘာမှပြန်မပေးနိုင်တဲ့ အတွက် စိတ်မကောင်းကြောင်းပြောကြားခဲ့တယ်။

မဒမ်ရှောင်ရဲ့ သူငယ်ချင်းအချို့နဲ့ မိသားစုဝင်အချို့က ဒီလိုနာမကျန်းဖြစ်တဲ့ ခင်ပွန်းသည်နဲ့ ဘာကြောင့်များ အတူနေချင်ရတာလဲလို့ မေးခွန်းထုတ်ခဲ့ကြောင်း ပြောပြခဲ့တယ်။ သူမက ကျွန်မမပြောတတ်ပါဘူး သူဟာ ကျွန်မအတွက်ဝန်ထုပ်ဝန်ပိုးလို့ ကျွန်မမထင်မိပါဘူးတဲ့လေ။ နေမကောင်းဖြစ်နေချိန် မကျန်းမာချိန်တွေမှာ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကြမယ်လို့ ဂတိက၀တ်ပြုထားခဲ့ပါတယ်။ ကျွန်မတို့ ဒီဂတိစကားကို ဘယ်လိုလုပ်များ မေ့နိုင်မလဲလေတဲ့။



"ကျွန်မကိုလူအချို့ကမေးတယ် ကျွန်မရဲ့ future plan ကဘာလဲတဲ့။ ကျွန်မပြောလိုက်တယ် ကျွန်မမသိဘူး။ ကျွန်မအဲ့ဒီ့အကြောင်း မတွေးဘူးဘူး။ ကျွန်မ အမျိုးသားက ကျွန်မကို ခွန်အားတွေဖြစ်စေတယ်။ အဲ့ဒီလိုဘဲကျွန်မလဲ သူ့အပေါ်ကို ခွန်အားတွေ ပေးစွမ်းချင်ပါတယ်။ ကျွန်မသူ့အတွက် အသက်ရှင်မယ်။"

မော်နီကာ ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။ ကျွန်မတို့တွေရော သူ့လိုမျိုး ချစ်နိုင်ကြရဲ့လား။ အားလုံးဘဲ အချစ်နဲ့ထိတွေ့ခဲ့ရင် ပျော်ရွင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

monicakyaw

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...