အိပ်လို့မပျော်ရင် ဘယ်လိုလုပ်ရမလဲ

နိုင်: အိပ်မပျော်တဲ့ ရောဂါ ခံစားနေရတာ သုံးနှစ်ကျော်ပါပြီ ဆေးနည်းလည်းစုံနေပြီ အဲရောဂါကို
လုံးဝပျောက်စေမယ့် ဆေးနည်းရှိရင် ရေးပေးပါခင်ဗျာ…………….
ကျွန်တော်ကို မေးလာတာက အိပ်လို့မပျော်ဘူး ဆေးစားတာလည်း စုံနေပြီးလို့ ပြောလာပါတယ်။ ဒါကို ကျွန်တော် အကြံပေးချင်တာက ဆေးစုံနေပြီးဆိုတော့ ဆေးနည်းတွေမပေးတော့ပါဘူး။
ဒါကတော့ ဓါတ်နည်းလေးပါ။ မယုံမရှိပါနဲ့ သုတေသီ ဆရာငြိမ်း လက်တွေ့အသုံးဝင် နည်းစုံလင်စာအုပ်မှ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
နည်းလေးကတော့ ကိုယ်ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ အပင်တွေထဲက ကြောင်ပန်းရွက် ကိုရှာပါ။ ရလာ ရင် ကြောင်ပန်းအရွက်တွေကို သပ်ချ၊ ခြွေချပြီး ခေါင်းအုံးလေးအဖြစ် ဖန်တီးလိုက်ပါ။
ကြောင်ပန်းရွက် ခေါင်းအုံးလေး ရလာပြီးဆိုရင်ဖြင့် စိတ်သာချပါတော့။ ကြောင်ပန်းရွက် ခေါင်းအုံးလေး ပေါ် ခေါင်းတင်ပြီး မှေးလိုက်တာနဲ့ ဘာမှကြာလိုက်မှာ မဟုတ်ပါဘူး။
မျက်လုံးတွေ စင်းကျ၊ မျက်တောင်တွေ မှေးကျလာပြီး နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်မောကျသွားမှာပါ။
သုတေသီဆရာငြိမ်း
han152
- (အရှေ့သို့) ရင်ကျပ်၊ ပန်းနာပျောက်ဆေး ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) ပင့်ကူရှပ်ခံရရင် ဘယ်လိုလုပ်ရမလဲ... ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ