ရင်သားကင်ဆာနှင့် ဦးနှောက်အကျိတ်ကို ဗိုင်းရပ်စ်က မဖြစ်ပွားစေနိုင်ပါ
Health Updates Journal No. 89
လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားမှုအရ ဗိုင်းရပ်စ်များက ရင်သားကင်ဆာနှင့် ဦးနှောက် အကျိတ်လို မျိုးဖြစ်သော glioblastoma ကိုဖြစ်စေနိုင်သည် ဆိုသော အချက်ကို ချေဖျက်နိုင်ခဲ့သည်။
အဆိုပါကင်ဆာများကို ဖြစ်စေသည်ဆိုသော ဗိုင်းရပ်စ်များ၏ DNA အတွင်းမှ sequence (၇) သန်း ကျော်ကို လေ့လာခဲ့ရာမှ ယခုကဲ့သို့ သုတေ သနပြုချက်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သိပ္ပံနည်း ကျအတည်ပြုချက်များအရ ကင်ဆာအမျိုးအစား အားလုံး၏ ၁၅%မှာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
ယခုလေ့လာမှုတွင် ရင်သားကင်ဆာကိုဖြစ်စေနိုင်သည်ဟု ယူဆသော Epstein Barr ဗိုင်းရပ်စ်နှင့် gliobl astoma ကို ဖြစ်စေနိုင်သည်ဟုယူဆရသော cytomegalovirus များကို လေ့လာခဲ့ခြင်းဖြစ်ပါသည်။ သုတေသနခေါင်းဆောင် University of Gothenburg မှ သုတေသီ Erik larsson က ရင်သား ကင်ဆာနှင့် ဦးနှောက်အကျိတ်များကို အဆိုပါ ဗိုင်းရပ်စ်များက ဖြစ်စေနိုင်သည်ဟူသော သက်သေပြ ချက်တစ်စုံတစ်ရာ မိမိတို့မရခဲ့ကြောင်းရှင်းပြခဲ့ပါသည်။
ယခုလေ့လာမှုကိုသြဇာတိက္ကမ ကြီးသော သိပ္ပံဂျာနယ်တစ်ခုဖြစ်သော Nature Communications တွင် ဖော်ပြထားခြင်းဖြစ်သည်။ လေ့လာမှုတွင် အစွမ်းထက် စူပါကွန်ပျူတာများကို အသုံးပြုပြီး ကင်ဆာ ကျိတ်ပေါင်း ၄၀၀၀ကျော်မှ တစ်ရှုးနမူနာများနှင့် DNA အတွင်းမှ sequence (၇)သန်းကျော်ကို သုတေသနပြုခဲ့ကြသည်။
သန့်စင်
ref: ANI
Health Updates Journal
- (အရှေ့သို့) ယောဂကျင့်ပေးခြင်းက သွေးဆုံးကိုင်ချိန်မှာ အိပ်မပျော်ခြင်းကို သက်သာစေနိုင် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) ထွေရာလေးပါး...၉၂ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review