The Reason We Need Sleep

သင့်ဦးနှောက်ရဲ့ အမှိုက်သိမ်း သမားက သင့်အကူအညီ လိုနေ ပါတယ်။ ကူညီချင် သပ ဆိုရင်တော့ များများအိပ်လိုက် ပါလေ။ အိပ်ခြင်းကို ကျွန်တော်တို့ လိုအပ်ရတဲ့ အကြောင်းရင်းက ဘာများ ဖြစ်မလဲ။
လူသားတွေဟာ အိပ်စက်ခြင်းကို လိုအပ် ပါတယ်။ သူသာ မရှိရင် ကျနော် တို့ ကြောင် တောင်တောင် ဖြစ်မယ်၊ ဦးနှောက် ချောင်မယ် ပြီးတော့ သေသွားမယ် ဆိုတာ လူတိုင်း သိကြ ပါတယ်။ ကံဆိုး ချင်တော့ အိပ်ခြင်းနဲ့ ပတ်သက်ပြီး သိပ္ပံပညာရပ် ကိုယ်တိုင်က မရေမရာ ဖြစ်နေ ခဲ့ပြန် ပါတယ်။ အိပ်ရေး ပျက်ရင် ဖြစ်တတ်တဲ့ မကောင်းတဲ့ အချက်တွေကို သိနေပေမယ့် ဘာကြောင့် ဒါတွေ ဖြစ်ရတယ် ဆိုတာကိုတော့ ဘယ်သူမှ သေချာ မသိကြပါဘူး။ အခုတော့ အိပ်ခြင်းဟာ ကျွန်တော် တို့ ခန္ဓာကိုယ် တွေအတွက် ဘာတွေ လုပ်ပေး သလဲ ဆိုတာကို ထိုးထွင်း သိမြင်နေ ပါပြီ။

University of Rochester ကသိပ္ပံပညာရှင် တွေက ကျွန်တော်တို့ ဦးနှောက် တွေဟာ အသက်ရှင်ဖို့ အတွက် အိပ်ခြင်းကို လိုအပ်ရတဲ့ အကြောင်း ရင်း တွေထဲက တစ်ချက်ကို ပထမဆုံး အဖြစ် တွေ့ရှိခဲ့ ပါတယ်။ ကျွန်တော် တို့ နိုးထနေစဉ် စုဆောင်း မိတဲ့ ဗြုတ်စ ဗျင်းတောင်း မှတ်ဥာဏ် တွေကို ရှင်းထုတ်ဖို့ အတွက် ဦးနှောက်က ကျွန်တော်တို့ အိပ်နေတုန်း အချိန်ယူ ရပါတယ်။ အိပ်ခြင်းကို နှစ်လို ဖွယ် ကောင်းတယ် လို့ ပြောတာ ထက် ဦးနှောက် လမ်းကြောင်း တွေထဲမှာ အရှုပ် ထုပ်တွေ ကင်းပြီး သူတို့ အလုပ် သူတို့ ဆက်လုပ်နေ ဖို့အတွက် မရှိမဖြစ် လိုအပ်တယ် လို့ပဲ ပြောရပါမယ်။ နေ့စဉ် cell လုပ်ငန်း တွေကို cell တွေ လုပ်ဆောင် နေစဉ်မှာ သူတို့က အညစ် အကြေး တွေ စွန့်ထုတ် ပါတယ်။ ဒါတွေကို ခန္ဓာကိုယ် ကျန်အစိတ် အပိုင်း တွေက သွေးဖြူဥ စနစ်ကို သုံးပြီး ရှင်းထုတ် ရပါတယ်။ ဒါပေမယ့် ဦးနှောက်က ဒီစနစ်နဲ့ ချိတ်ဆက် မထားတဲ့ အတွက် အညစ် အကြေး တွေ ဖယ်ထုတ် ဖို့ နောက်ထပ် တစ်နည်း လိုအပ်လာ ပါတယ်။

ဦးနှောက်မှာ ကိုယ်ပိုင် အမှိုက်သိမ်း သမား ရှိပါတယ်။ သူက ဦးနှောက်- ကျောရိုး ဆက်သွယ် အရည်လှိုင်း တွေနဲ့ လိုက်ပါပြီး အညစ် အကြေး အကြွင်းအကျန် တွေကို အသည်း ကနေ စွန့်ထုတ်ဖို့ တပြေးတည်း မောင်းပို့ ပေးပါတယ်။ ပြီးတော့ ဦးနှောက်ရဲ့ အမှိုက်သိမ်း သမားက အိပ်နေ စဉ်မှာ နှစ်ဆ ပိုမြန်မြန် ရွေ့နိုင် ပါတယ်။ နာဗ်ကြော ဆဲလ်တွေ ကျုံ့သွားပြီး အရည် လမ်းကြောင်း ကျယ်လာ လို့ပါ။ "ဒီလေ့လာ မှုက ဦးနှောက်ဟာ အိပ်ချိန်နဲ့ နိုးချိန်မှာ ခြားနားစွာ လုပ်ဆောင် တယ် ဆိုတာကို ပြပါတယ်။ တကယ်တော့ အားသစ် လောင်းပေးတဲ့ သဘာဝ အိပ်ခြင်း ဆိုတာ နိုးထ နေချိန်က လုပ်ဆောင် ခဲ့တဲ့ အာရုံကြော လုပ်ငန်းက ထွက်လာတဲ့ ဘေးထွက် ပစ္စည်း တွေကို အမှန် အကန် ရှင်းလင်း ပစ်တဲ့ ရလဒ် တစ်ခု ဖြစ်မှာပါ။" လို့ UR သုတေ သန သမား Maiken Nedergaard ကပြောပါတယ်။ ဒီတော့ အနားယူမှု များများ လုပ်ပါလေ။ မဟုတ်ရင် သင့်ဦးနှောက် ရဲ့ ကျောရိုး ရည်လှိုင်း စီးဆင်း လမ်းရှင်း သမား တွေဟာ သူတို့ အလုပ်ကို မှန်မှန် ကန်ကန် မလုပ်နိုင်ဘူး ဖြစ်နေပါ လိမ့်မယ်။
Source and Images from Mashable
Author PeAcOcK
MYMC
- (အရှေ့သို့) 10 Mysterious Ghost Types စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်
- (အနောက်သို့) Diabetes ဆီးခ်ိဳ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်