နှုတ်ခမ်းအသွင်အပြင်နှင့် စိတ်ကိုဖတ်ခြင်း
Health Updates Journal No. 89
(၁)နီကိုးကစ်မင်းကဲ့သို့ နှုတ်ခမ်းပိုင်ရှင်မျိုး၊ နှာခေါင်းနေရာတွင် ကျယ်၍ ဘေးအောက်ဖက်ကို ကျဉ်းသွားသော နှုတ်ခမ်းပိုင်ရှင်မျိုးသည် သားများထက် သမီးကို ပိုရရှိကြသည်။
(၂)အပေါ်နှုတ်ခမ်းပေါ်တွင် မှည့်ရှိသူသည် သားများ၏မိခင်၊ ဖခင်တို့ ဖြစ်တတ်သည်။ အောက်နှုတ်ခမ်း တွင် မှည့်ရှိသူသည် သမီးများ ရရှိတတ်သည်။ နှုတ်ခမ်းအလယ်တွင် မှည့်ရှိသူသည် အိမ်ထောင်ဖက်ရှာရ လွယ်ကူသည်။
(၃)ပါးစပ်ကျယ်သူများသည် မိဘကို ပြန်မပြောဘဲ ရိုသေကျိုးနွံကြသည်။ အိမ်မှာ (၁)ယောက်တည်းနေဖို့ မလိုလားပေ။ လွတ်လပ်မှုကို လိုလားပြီး ရဲရင့်သတ္တိရှိကြသည်။
(၄)နှုတ်ခမ်းတွင် ကန့်လန်ဖြတ်လိုင်းပါသူတွင် အိမ်ထောင်ရေး၌ အခက်အခဲများနှင့်ကြုံရတတ်သည်။ ထိုသူ သည် ယောကျာ်းဖြစ်စေ၊ မိန်းမ ဖြစ်စေ သူ၏များလှစွာသော ကလေးများအတွက် အနစ်နာခံရ သည်။ ကလေးများက သူတို့ကို ပြဿနာ ရှာတတ်သည်။
(၅)နှုတ်ခမ်းကြီးသူတို့သည် လွတ်လပ်မှုကို လိုလားပြီး သူများကျအောင်ပြောတတ်တယ်။ လက်တွေ့ မှာမူ အပြောနှင့် တစ်ထပ်တည်းကျအောင် လုပ်ဖို့ ခဲယဉ်းသည်။
(၆)နှုတ်ခမ်းသေး၍ သာမန်နှုတ်ခမ်းလောက်ကျယ်ခြင်းမရှိသည့်နှုတ်ခမ်းပိုင်ရှင်များသည် နှိမ့်ချတတ်ပြီး သူတို့နာမည်ကောင်းရဖို့ကို လှစ်လျူရှုပြီး သူတစ်ပါးကို အထောက်အပံ့ ပေးတတ်ကြသည်။
(၇) နှုတ်ခမ်းကွေး အထက်ဖက်သို့ ရောက်ပြီး ပြုံးလိုက်တိုင်း လမင်းကွေးနှင့်တူသည့် နှုတ်ခမ်းပိုင်ရှင် တို့တွင် သူငယ်ချင်းကောင်းများရှိပြီး လိုအပ်လျှင် ကူညီရန် အဆင်သင့်ဖြစ်နေတတ်သူ ဖြစ်သည်။
(၈)နှုတ်ခမ်းကွေးအောက်ဖက်သို့ ခပ်မဲ့မဲ့ပုံစံရှိသူသည် ပုံကြီးချဲ့ပြောတတ်သူဖြစ်ပြီး အမြဲတမ်းလိမ်ညာနေ တတ်သူဖြစ်သည်။
H.T
Health Updates Journal No. 89
- (အရှေ့သို့) အဆုတ်သန့်စင်စေသော ကန်စွန်းရွက်ပြုတ်ဟင်းချို ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) သက်လတ်ပိုင်းအရွယ်များအတွက် နေ့စဉ်လိုအပ်ချက်များ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review