Heart disease (2) နှလုံးရောဂါ (၂)

How the heart works နှလုံး ဘယ်လို အလုပ်လုပ်နေသလဲ
• နှလုံးဆိုတာ ကြွက်သားနဲ့ လုပ်ထားတဲ့ (ပန့်ပ်) စုပ်စက်လေးနဲ့ တူတယ်။
• လက်သီးဆုပ်လောက်ရှိတယ်။ ရင်ပတ်အလည်မှာ ဘယ်ဘက်ခြမ်းမှာ ပိုများများရောက်နေတယ်။
• တကိုယ်လုံးကို သွေးဟောင်းကနေ သွေးသစ်ရအောင် အဆုပ်နဲ့တွဲ အလုပ်လုပ်တယ်။ သူ့ကိုယ်သူအတွက်လဲ သွေးသန့်ပေးနိုင်တဲ့ သွေးကြောစနစ်ရှိတယ်။
• အထက် (၂) ခန်း၊ အောက် (၂) ခန်း၊ ပေါင်း (၄) ခန်း ပါတယ်။ အထက်ခန်းတွေဟာ သွေးလက်ခံယူကြပြီး အောက်ခန်းတွေက သွေးတွေကို လိုတဲ့ဆီ သူ့ကြွက်သားတွေကို ညှစ်ပြီးပို့ပေးတယ်။
• ညာ-အပေါ်ခန်းမှာ တကိုယ်လုံးက သွေးအဟောင်းမှန်သမျှ စီးဝင်လာတာကို လက်ခံယူပြီး၊ သူ့အောက်က ညာ-အောက်ခန်းကို အဆို့ရှင်ကနေ ဖြတ်သွားစေတယ်။
• ညာ-အောက်ခန်း ကနေ ညှစ်ထုတ်ရင် သွေးဟောင်းတွေက အဆုပ်ဆီရောက်တယ်။ အဆုပ်မှာ အသက်ရှူတဲ့လေထဲက အောက်စီဂျင်ကို အသုံးပြုပြီး သွေးဟောင်းတွေကနေ သွေးကောင်းတွေ ဖြစ်လာစေတယ်။
• သွေးသန့်တွေက တခါ နှလုံး ဘယ်-အထက်ခန်း ထဲကို ဝင်လာမယ်။
• နောက် ဘယ်-အောက်ခန်းထဲကို အဆို့ရှင်ကို ဖြတ်ဝင်လာတယ်။ အဲဒီကနေမှ နောက်ဆုံး ဘယ်-အောက်ခန်း ကြွက်သားတွေ ညှစ်ပြီး တကိုယ်လုံးကို သွေးသန့်တွေ ပို့ပေးလိုက်တော့တယ်။
• နှလုံးညာအခြမ်း နဲ့ ဘယ်အခြမ်းကြားမှာ အကန့်နဲ့ခြားထားတယ်။ တချို့ကလေးတွေ အဲဒီ အကန့်မှာ အပေါက် ပါနေတတ်တယ်။ မွေးရာပါ နှလုံးရောဂါတွေထဲက တခုဖြစ်တယ်။
• အဆို့ရှင်ဆိုတာ ပြောခဲ့တဲ့ ၂ ခုအပြင် အဆုပ်နဲ့ တကိုယ်လုံးသွား သွေးလွှတ်ကြောမကြီးတွေရဲ့ အဝမှာလဲ တခုစီ ရှိသေးတာမို့ ပေါင်း ၄ ခုရှိတယ်။ လေးခုလုံးမှာ ရောဂါရရင် နှလုံးရောဂါ (၄) မျိုးဖြစ်နိုင်တယ်။
• နှလုံးဆိုတာ မမွေးခင်ကတည်းက သေတဲ့အထိ စဉ်ဆက်မပြတ် ခုန်နေတယ်။ မှန်မှန်ခုန်ဘို့လုပ်ပေးတဲ့ အာရုံကြောစနစ်နဲ့ လျှပ်စစ်စနစ်ရှိရတယ်။ ဒါတွေချို့ယွင်းရင် နှလုံးခုန်မှန်တဲ့ နောက် နှလုံးရောဂါတွေဖြစ်နိုင်တယ်။
• နှလုံးကိုညှစ်ပြီးမှာ သွေးတွေပို့ပေးရတာမို့ ညှစ်နေချိန်၊. မညှစ်ဘဲနေချိန်တွေမျာ ဖိအားမတူကြဘူး။ မတူတဲ့ဖိအား (၂) မျိုးကို ဘယ်လောက်လဲ တိုင်းတာကို သွေးဖိအားလို့ ခေါ်တယ်။ ရှိသင့်တာထက်များနေရင် သွေးတိုးရောဂါ လာဖြစ်တယ်။
- နှလုံးရောဂါတွေ ဘာလို့ဖြစ်ရသလဲ (၆) မျိုးခွဲထားတယ်။ ၁။ နှလုံး-သွေးကြောစနစ်အကြောင်းခံ သွေးလွှတ်ကြောလေးတွေမာ-ကျဉ်းတာကို Atherosclerosis ခေါ်တယ်။ အဆီနဲ့လုပ်ထားတဲ့ (ပလိပ်) ပြားတွေ ဖြစ်လာလို့ အထဲသွေးစီးရမဲ့လမ်းကို ကျဉ်းစေတယ်။ သန်မာပြီး ဆန့်နိုင်ကျုံ့နိုင်တဲ့ သွေးလွှတ်ကြောနံရံတွေမှာ ဖိအားများတာကြာလွန်းလို့ အဲလိုဖြစ်နိုင်တယ်။ လူဝသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ အသက်မငယ်သူတွေမျာ သေဆုံးတဲ့အထိဖြစ်စေနိုင်တယ်။ ၂။ နှလုံးခုန်မမှန် အကြောင်းခံ နှလုံးခုန်နေတာက သီချင်းဆို၊ တူရိယာတီးခပ်သလို စီးချက်မှန်ရတယ်။ မမှန်ရင် Arrhythmias ဆိုတာ ဖြစ်လာမယ်။
- မွေးရာပါ နှလုံးရောဂါ၊
- (ကိုရိုနရီ) သွေးလွှတ်ကြောရောဂါ၊
- သွေးတိုး၊
- ဆီးချို၊
- ဆေးလိပ်၊
- အရက်နဲ့ (ကိုကင်း) သောက်သုံးခြင်း၊
- မူးယစ်ဆေးသုံးခြင်း၊
- စိတ်ဖိအားများခြင်း၊
- ဆေးဝါး၊
- နှလုံးအဆို့ရှင်ရောဂါတွေမှာ အဲလိုဖြစ်မယ်။ ၃။ နှလုံးတည်ဆောက်မှုချို့ယွင်ခြင်း အကြောင်းခံ မမွေးခင် ဗိုက်ထဲကတည်းကရှိနေမယ်။ သန္ဓေတည်ပြီး တလကြာရင် နှလုံးစဖြစ်လာပြီ။ မျိုးဗီဇ၊ ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။ မွေးပြီးနောက် လူကြီးဖြစ်မှ ဖြစ်ရတာလဲရှိတယ်။ ၄။ နှလုံးကြွက်သားအကြောင်းခံ
- ကြွက်သားတွေကျယ်ပြီးကြီးလာတာ။ ဘယ်ဘက်-အောက်ခန်းကြီးလာမယ်။ ကြီးသာကြီးတယ် ညှစ်ထုတ်အား မကောင်းတော့ဘူး။
- ကြွက်သားတွေထူပြီးကြီးလာတာ၊
- ကြွက်သားတွေတင်းပြီးမာလာတယ်။ အဖြစ်နည်းဆုံးအမျိုးအစားဖြစ်တယ်။ ၅။ နှလုံးပိုးဝင်ခြင်းအကြောင်းခံ Pericarditis, Endocarditis နဲ့ Myocarditis (၃) လွှာလုံးမှာ ရောင်စေနိုင်တယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ ဓါတ်ပစ္စည်းတွေကြောင့် ဖြစ်နိုင်တယ်။
- ဗက်တီးရီးယားကြောင့်ဖြစ်တဲ့အုပ်စုမှာ အများဆုံးဖြစ်တယ်။ ကိုယ်ခန္ဓာတနေရာက ဗက်တီးရီးယားတွေ သွေးထဲကနေ နှလုံးဆီရောက်လာနိုင်တယ်။ ဥပမာ သွားကိုက်တာ၊ အစားအသောက်နဲ့ (လိုင်းမ်) ရောဂါ။
- ဗိုင်းရပ်စ်ကနေဖြစ်တယ်။ တုပ်ကွေး၊ Fifth disease, GI infections, Mononucleosis နဲ့ ဂျာမန်-ဝက်သက်။
- (ပါရာဆိုက်တ်) Trypanosoma cruzi, Toxoplasma တွေဖြစ်တယ်။
- ဆေးတွေထဲမှာ (ပနယ်စလင်)၊ (ဆာလ်ဖါ) နဲ့ (ကိုကိန်း) တွေ ပါတယ်။
- တခြား Lupus; Connective tissue disorders; Inflammation of blood vessels နဲ့ Wegener's granulomatosis တွေကနေလဲ ရှားရှားပါးပါး ဖြစ်စေနိုင်သေးတယ်။ ၆။ အဆို့ရှင်အကြောင်းခံ အဆို့ရှင်လေးခုလုံးမှာဖြစ်နိုင်တယ်။ မွေးကတည်းလဲပါလာနိုင်သလို နောက်မှလဲ ပျက်စီးနိုင်တယ်။ Rheumatic fever (ရူမက်တစ်) လေးဘက်နာ၊ Infectious endocarditis နှလုံးအတွင်းသားရောင်ခြင်း၊ Connective tissue disorders တွယ်ဆက် (တစ်ရှူး) ရောဂါ၊ ဆေးဝါးတွေနဲ့ ကင်ဆာ ဓါတ်ကင်တာတွေကြောင့် ဖြစ်စေနိုင်တယ်။
- နှလုံးရောဂါ ဖြစ်နိုင်ခြေရှိသူများ
- အသက်ကြီးလေ ဖြစ်နိုင်လေ။
- ယောက်ျားတွေ ပိုဖြစ်တယ်။ အမျိုးသမီးဆိုရင် သွေးဆုံးပြီးမှ ပိုဖြစ်တယ်။
- နှလုံးရောဂါ မိသားစုဆိုတာရှိနိုင်တယ်။
- ဆေးလိပ်သောက်ရင် ပိုဖြစ်မယ်။
- အစားအသောက်က ကျန်းမာရေးနဲ့ မညီညွတ်ရင် ဖြစ်နိုင်တယ်။ အဆီများတာ၊ ဆားများတာ၊ (ကိုလက်စထော) များတာ။
- သွေးတိုးကနေ ဆက်ဖြစ်လာနိုင်တယ်။
- (ကိုလက်စထော) များနေသူတွေမှာ ဖြစ်နိုင်တယ်။ (LDLs) အမျိုးကအဆိုး၊ (HDLs) အမျိုးအစားက အကောင်း။
- ဆီးချိုရှိနေရင် ပိုဖြစ်နိုင်တယ်။
- လူအဝလွန်ရင် ဖြစ်နိုင်တယ်။
- ကိုယ်လက် လှုတ်ရှားမှု နည်းသူတွေ ပိုဖြစ်နိုင်တယ်။
- စိတ်ထိအား များသူတွေဖြစ်နိုင်တယ်။
- တကိုယ်ရေသန့်ရှင်းရေး နည်းသူတွေ ဖြစ်နိုင်တယ်။
Dr. တင့်ဆွေ
- (အရှေ့သို့) Heart disease (3) နှလုံးရောဂါ (၃) ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) Heart disease (1) နှလုံးရောဂါ (၁) ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review