နာတာရှည်နာကျင်မှုကို ဖြစ်စေတဲ့ အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေမယ့် အစားအစာများ
Health Updates Journal No. 89
အဆစ်အမြစ်ရောင်ခြင်းဟာ အပြင်းအထန် နာကျင်ခြင်း၊ အဆစ်အမြစ်များ ဖောင်းကားရောင် ရမ်းနေခြင်းနဲ့ အဆစ်များ တောင့်တင်းနေခြင်းတွေကို ခံစားရတဲ့အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ရောဂါအမျိုးအစားပေါင်း ၁၀၀ကျော်လောက် ရှိနေပေမယ့် အဖြစ်အများဆုံးကတော့ osteoarthritis,OA လို့ခေါ်တဲ့ အဆစ်အမြစ်ရောင်ခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာကိုပဲ OA ဖြစ်ပွားသူ ၂သန်းခွဲလောက် ရှိနေတယ်လို့ ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ထားပါတယ်။ ဒီရောဂါကို လုံးဝပျောက်ကင်း အောင် မကုသနိုင်သေးပေမယ့် ကုသမှုပုံမှန်ခံယူခြင်း၊ အစားအသောက်နဲ့ နေထိုင်မှုပုံစံ မှန်ကန်ခြင်း တွေက သက်သာစေနိုင်ပါတယ်။ အဲဒီထဲကမှ စားသုံးသင့်တဲ့ အစားအစာတွေကို တင်ပြပေးလိုပါတယ်။
ငါး- ဆော်လမွန်၊ ငါးကွန်းရှပ် သို့မဟုတ် trout လို့ခေါ်တဲ့ ရေချိုငါး တစ်မျိုးမျိုး
အနည်းဆုံး တစ်နေ့ကို တစ်တုံးကနေ သုံးတုံးလောက်အထိ စားသုံးပေးသင့်ပါတယ်။ အဲဒီငါးတွေမှာ ကြွယ်ဝစွာပါဝင်နေတဲ့ အိုမီဂါသုံးအဆီဓာတ်ကြောင့် နာတာရှည် နာကျင်မှုတွေကို သက်သာစေပါတယ်။ နောက်ပြီး ဗီတာင်မင်ဒီ ပါဝင်မှုကလည်း အဆစ်အမြစ်တွေ ဖောင်းကားခြင်းကို သက်သာစေပါတယ်။
ပိုက်ဆံလျှော်ပင်စေ့အဆီ (flaxseed oil)
စားပွဲတင်ဇွန်း ၂ဇွန်းခန့်လောက်ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို သက်သာစေပါတယ်။ စားသုံးပေးခြင်းဟာလည်း သက်သာစေသလို လိမ်းကျံပေးရင်လည်း နာကျင်မှုကို လျော့ပါးစေပါတယ်။ သူ့မှာပါဝင်တဲ့ alpha linolenic အက်ဆစ်နဲ့ lignans တွေမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေရှိနေပါ တယ်။
နနွင်း
နနွင်းဟာ အာရှနိုင်ငံတိုင်းရဲ့ အစားအစာတွေမှာ မပါမဖြစ်ပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ဖြစ်ပါတယ်။OAကိုရော၊ လေးဖက်နာ အဆစ်အမြစ်ရောင် ရောဂါကိုရော ရောင်ရမ်းမှုကိုသက်သာစေပါတယ်။
လက်ဖက်စိမ်း
လက်ဖက်စိမ်းမှာပါဝင်တဲ့ ပေါ်လီဖီနောနဲ့ flavonoids ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါမှာဆိုရင် လက် ဖက်စိမ်းက ရောင်ရမ်းမှုကိုရော၊ နာကျင်ကိုက်ခဲမှုကိုပါ သက်သာစေပါတယ်။
ချယ်ရီသီး
ချယ်ရီသီးဖျော်ရည်ကို သောက်သုံးပေးခြင်းဟာ နာတာရှည် ရောင်ရမ်းမှုကို သက်သာစေပါတယ်။ ချိုမြမြ အရသာရှိပြီး စွဲမက်ဖွယ် အနီရောင်အသီးလေးမှာပါဝင်တဲ့ anthocyanin ကြောင့် ကြွက်သားနာကျင်မှု တွေနဲ့ အဆစ်တောင့်တင်းခြင်းတွေကို သက်သာစေပါတယ်။
သက်ကို
ref: medindia
Health Updates Journal
- (အရှေ့သို့) ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာကို ပြင်ဆင်နိုင်စေဖို့ နည်းလမ်းများ ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) လေယာဉ်ဆူညံသံများက နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ဖြစ်ပွားစေနိုင် ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ