မဖျားနာခင် ကြိုတင်ကာကွယ်နည်းများ
Health Updates Journal No. 89
(၁) ဆားရည်ပလုတ်ကျင်းပါ – လည်ပင်းနာချင်သလိုလို၊ လည်ချောင်းခြောက်ကပ်ကပ်ဖြစ်သလိုလို ကြုံလာသည်နှင့် ဆားရည်ပလုတ်ကျင်းပါ။ ဆားရည်က လည်ချောင်းအတွင်းရှိ အကျိတ်ကလေးများတွင် ခိုအောင်းနေသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကို ဖယ်ရှားရှင်းလင်းပေးပြီး ပိုးပမာဏကို ဖျားနာစေ သည်အထိမဖြစ်အောင်လျှော့ချပေးသည်။
(၂) အသက်ရှူလမ်းကြောင်းကို ရှင်းလင်းထားပါ – နှာစေးနှာပိတ်ဖြစ်လာသည်နှင့် ရေနွေးနှင့် ရေချိုးပြီး နှာခေါင်းရှင်းအောင် ဂရုစိုက်ပါ။ နှာစေးသက်သာစေရန် ဆေးဝယ်သောက်ပါ။ ခေါင်းကိုက်ခြင်း အစ ပျိုးလာပါက ပါရာစီတမောကဲ့သို့ ဆေးများကြိုသောက်ထားပြီး နိုးကြားနေစေရန် ဂရုပြုပါ။
(၃) ချောင်းဆိုးပျောက်ဆေး မ၀ယ်ပါနှင့်-ချောင်းဆိုးလာမှာစိုး၍ ချောင်းဆိုးပျောက်ဆေး မ၀ယ်ထားပါနှင့်။ ချောင်းဆိုးချင်သလိုလို ဖြစ်လာပါက ပျားရည်တစ်ဇွန်းမှ နှစ်ဇွန်းခန့် ရေနွေးထဲရောသောက်ပါ။
(၄) ရေဓာတ်ဖြည့်တင်းပါ – အအေးမိဖျားနာအစပျိုးလာသည်နှင့် ရေဓာတ်ခမ်းခြောက်ပြီး အာခေါင် ခြောက်လာသည်။ နှာရည်တရွှဲရွှဲကျ လာမည်ဆိုလျှင် ရေဓာတ်ပိုဆုံးရှုံးသည်။ ရေ၊ ဖျော်ရည်၊ ရေနွေး၊ လက်ဖက်ရည်ဖြစ်စေ တစ်ခုခုကို အမြဲမပြတ်သောက်နေပြီး ရေဓာတ်မဆုံးရှုံးစေရန် သတိပြုပါ။
(၅) အလုပ်နားပါ – အဖျားစ၀င်ဝင်ချင်းမှသည်နောက် ခြောက်နာရီအတွင်း ရောဂါပိုးများနှင့် ခုခံအားတို့ အပြန်အလှန် တိုက်ခိုက်ကြသည်ဖြစ်ရာ အလုပ်နားလိုက်ခြင်းသည် ခုခံအားစနစ်ကို ပိုမိုအထောက်အပံ့ ဖြစ်စေသည်။ မလွဲမရှောင်သာ အလုပ်သွားရမည်ဆိုပါက အယ်ကိုဟော ပါဝင်သော လက်သန့်ဆေးရည် ယူဆောင်သွားပြီး မကြာခဏလက်သန့်စင်ပေးခြင်းဖြင့်လုပ်ငန်းခွင်နှင့် လုပ်ဖော်ကိုင်ဘက်များထံ ရောဂါပိုးမကူးစက်စေရန် ကာကွယ်ပါ။
ဇော်ကို
Source: top10zen
Health Updates Journal No. 89
- (အရှေ့သို့) ၀မ်းချုပ်ခြင်းဆိုင်ရာ အယူအဆမှားများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) ဒူးဆစ်နာရခြင်း အကြောင်းရင်းများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review