အသည်းရောဂါနှင့် ဣဿရမူလီ

photo:google
ဗီန္ဒောဆေးခေါ်......ဣဿရမူလီ
အရင်က ဒီပို့စ်နေရာမှာ ကျွန်တော် ဘီပိုးရောဂါဆို ပျောက်ပြီးဗျို့ ဆိုပြီးရေးထားတာပါ။ မေးမြန်သူများ သိရှိရန်အတွက် စောငုဝါ စာအုပ်မှ ကောက်နုတ် တင်ပြလိုက်ပါတယ်။
စာရေးသူ၏ လုပ်ဆောင်ဆောင်ချက်များကို ကြားသိသော ဆရာကြီးဦးစိန်ထွန်းက ... “ဆရာကြီးကို ကင်ဆာရောဂါ ပျောက်ကင်းစေတဲ့ ဆေးပင် ပေးဦးမယ်”ဟု ဆိုပါသည်။ စာရေးသူကလည်း.... “ပွဲတွေ့ ဆေးပင်လား ဆရာ၊ စိုက်ပျိုး မျိုးပွားလို့ လွယ်ရင်တော့ စိတ်ဝင်စားတယ်ဆရာ” ဟု ပြန်ဖြေမိပါသည်။
ထိုအခါ ဆရာဦးစိန်ထွန်းက...
“ကျွန်တော်ယောက္ခမကြီးကိုယ်တိုင် အသည်းကင်ဆာဖြစ်တာ ၊ဆရာဝန်ကြီးက ခြောက်လပဲခံတော့မယ်
လို့ ဆိုထားပေမယ့်၊ အဲဒီ ဆေးပင်အရွက်ကို အရည်ညှစ်သောက်၊ သုပ်စားတာနဲ့ ပျောက်သွားခဲ့တာ
ယခု အသက် ၇၀ ကျော်တိုင် အသက်ရှင်ကျန်းမာလျက်ပါပဲ” ဟုရှင်းပြသည်။
ရန်ကုန်တစ်ဖက်ကမ်း သန်လျင်ဘက်မှ မိတ်ဆွေတစ်ဦးက “သူအမျိုးတစ်ယောက် လည်ပင်းမှာ အကျိတ်
ကင်ဆာဖြစ်ရာ ဣဿရမူလီ အရွက်ကို သုပ်စား၊ အရည်ညှစ်သောက်၊ အရွက်ကို ထုထောင်း၊ အနာပေါ်
အုံပေးခဲ့တာ လုံးဝ ပျောက်သွားကြောင်း” ဝမ်းမြောက်ဖွယ် သတင်းကောင်း ရလာပါသည်ဟု ဆရာက
တော်မှ ရှင်းပြပါ၏။
ဆရာဦးစိန်ထွန်းက...
“ဆရာကြီးရေ၊ ဣဿရမူလီ ဆေးပင်က ကင်ဆာရောဂါတင်ပျောက်တာ မဟုတ်ဘူး။ ဘီပိုးကိုလည်း
ပျောက်စေနိုင်တယ်” ဟုပြောပါသည်။
စာရေးသူက...
`“ဟုတ်လား ဆရာ၊ လက်တွေ့ ပွဲတွေ့ ဆေးဆိုရင်လည်း သိပါရစေ” ဟုတောင်းဆိုရာ...
ဆရာက
`“ကျွန်တော် အစ်ကို သဘောင်္သားကြီး သဘောင်္ပြန်တက်ဖို့ ဆေးစစ်တော့ ဘီပိုးတွေ့လို ဒီဣဿရမူလီ
ဆေးရွက်တွေ မှီဝဲ စားသုံးရုံနဲ့ ပျောက်ကင်းပြီး သဘောင်္ပြန်တက်နိုင်ခဲ့တယ်” ဟု ရှင်းပြပါ၏။
ဒါတွေကိုကြားသိရသော စာရေးသူ အလွန်ဝမ်းသာမိပါ၏။ ဟုတ်ပါသည်။ အနေမှား အပြုမှား ချို့ယွင်းမှု
တစ်ခုခုကြောင့် ယခုအခါ လူအချို့ အသည်းနှင့် ပတ်သက်သော ရောဂါများဖြစ်ကြသည့် အသည်းရောင်
ခြင်း၊ အသားဝါဖြစ်ခြင်း၊ ဘီပိုး၊ စီပိုး အသည်းခြောက်နှင့် အသည်းကင်ဆာ စသည့် ရောဂါများဖြစ်၍ အချို့အသက်ဆုံးရှုံး၊ ဘဝပျက်၊ စီးပွားပျက်၊ အလုပ်အကိုင် ရာထူးရပ်တန့်ခံရသည်များ အထိ ခံစားနေကြ တာတွေကို ကြားဖူး မြင်ဖူး သိရှိထားသူပါ။
အဲဒီရောဂါတွေကို အလွန်အစွမ်းထက်သော ဒီဣဿရမူလီ ဆေးပင်၏ အရွက်များကို စားသုံးမှီဝဲရုံနှင့်
လက်တွေ့ ပျောက်ကင်း သက်သာသွားတာတွေကို သိရမှ တော့ စိုက်ပျိုးရေးသမား စာရေးသူ၏ ဗီဇအရ
အချို့သော ဆေးပင်များလိုပဲ ရရှိထားသော အပင်များကို အထူးဂရုစိုက် ပြုစုပြီး လိုအပ်သူများကို လက်
လှမ်းမီသမျှ မျှဝေ ကုသိုလ်ပြုသွားမည်ဟု ဆုံးဖြတ်မိပါသည်။
စောငုဝါ (ပျိုးဥယျာဉ်ခြံ၊ ၁လမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ပျဉ်းမနားမြို့။)
ဆေးဖက်ဝင် ပျားမြီးရွက်နှင့် ဆေးဆောင်းပါးများ စာအုပ်မှ ကောက်နုတ်ထားပါသည်။
han152
- (အရှေ့သို့) ကျောက်ကပ်သန်မာ လူကျန်းမာ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ဆီးချို နှင့် နှလုံးရောဂါ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..