Gingivitis သွားဖုံးရောင်ခြင်း

• ဖြစ်ရင် ရောင်မယ်၊ နီမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ခံတွင်းအနံ့မကောင်းဖြစ်မယ်။
• အပေါ်ကဖုံးနေတာကို Plaque ပလိပ်လို့ ခေါ်တယ်။ ပလိပ်ပြားဖြစ်တာနဲ့ မဖြစ်တာဆိုပြီး အတန်းအစားတွေ ခွဲထားတယ်။
• ပလိပ်ပြားရှိတာက အဖြစ်များတယ်။ ဗက်တီးရီးယားကနေ ဖြစ်စေတယ်။
• ခံတွင်းသန့်ရှင်းလုပ်ပြီး ကာကွယ်နိုင်ပါတယ်။ နေ့တိုင်းသွားတိုက်တာနဲ့ Flossing သွားကြားတွေထဲ ကြိုးစနဲ့ သန့်ရှင်းတာ လုပ်ရမယ်။
• ဗက်တီးရီးယားရန်ကနေ ကာကွယ်ရမယ်။
• Hydrogen peroxide, saline, alcohol or chlorhexidine mouth washes ပါးစပ်ဆေးရည် အမျိုးမျိုးကိုလဲ သုံးနိုင်တယ်။
• သွားအထူးကုဆရာဝန်တွေကလဲ ကုသနည်းတွေလုပ်ပေးမယ်။
• NSAID အနာသက်သာဆေးရည်စိမ်ပေးတာလဲလုပ်တယ်။
• NSAID စားဆေး ibuprofen ဒါမှမဟုတ် diclofenac တွေသောက်ရတယ်။ ဆေးတွေရဲ့ဘေးထွက်-ဆိုးကျိုးတွေကိုတော့ သတိထားရမယ်။
• ဆေးမကုဘဲနေရင် Periodontitis ဆိုတာကိုဆက်ဖြစ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ
- (အရှေ့သို့) Rhinitis နှာခေါင်းရောဂါ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..