Uterine Fibroid (3) သားအိမ်အလုံး (၃) (18+)

၃ဝ-၁ဝ-ဝ၉ နေ့ ယမုန်နာ ဒုက္ခသည်ဆေးခန်းလေးမှာ ခွဲစိတ် ထုတ်ပေးခဲ့ရတဲ့ သားအိမ်အလုံး။
Jan 23, 2011 at 2:41 PM
ကျမအသက် အခု ၄၃ နှစ်ရှိပါပီ။ အသက် ၄ဝ လောက်ကနေ ရာသီသွေးလာရင် ဗိုက်တအားနာပြီး သွေးဆင်းများတယ်။ ၁ဝ ရက် လောက်ကိုလာပြီး အပြင်ထွက်လို့ မရအောင်ကို ဖြစ်ပါတယ်။ အဲတုံးကတော့ သွေးဆုံးချိန်ဖြစ်လို့ သွေးကစားတယ် လို့ ထင်ခဲ့တာ အခုအသက် ၄၃ နှစ်မှာ
အက်ထရာဆောင်း ရိုက်ကြည့်မှ Myoma ဖြစ်နေတာတွေ့ရတယ်။ Myoma က များလာပြီး သားဥပြွန်လဲ မမြင်ရတော့ဘူးလို့ ပြောတယ်။ ခွဲရမယ်ဆိုလို့ ခွဲဖို့လဲ ဆုံးဖြတ်ထားပါတယ်။ ဟိုမုန်း အစားထိုး ဆေးစားရမယ်လို့ ပြောပါတယ်။ အဲဒါက ၄ နှစ် ၅ နှစ်လောက် အစားထိုးရမယ်လို့ ပြောပါတယ်။ ကျမအနေနဲ့ ခုလို ခံစားပြီးနောက် နောက်လာမဲ့လူတွေမှာ ကျမလို အသိ နောက်ကျမှု မဖြစ်အောင် Myoma ဖြစ်ရင် ခံစားရတဲ့ ရောဂါ လက္ခဏာများကို သိချင်ပါတယ်။ ကျမတို့က (့) နိုင်ငံ (့) မြို့ မှာ အလုပ်လုပ်နေကြပါတယ်။ ကိုယ့် အသိုင်းအဝိုင်း မှာလည်း ဒီလို ရောဂါကို သားအိမ်ထုတ် ခွဲစိတ်ခါနီးဖြစ်မှ သိရှိကြပါတယ်။ ဒါကြောင့် ဒီ Myoma အကြောင်းကို အသေးစိတ် သိချင်ပါတယ်ရှင့်။
အသားပို၊ ကင်ဆာ၊ ကင်ဆာ-မဟုတ် အလုံးတွေ မှန်သမျှ ဘယ်ဆရာဝန်ကမှ ဘာ့လို့ဖြစ်တယ်ဆိုတာ တိတိပပ မပြောနိုင်ကြသေးပါ။ Myoma (Fibroid) လဲ ဘာလို့ဖြစ်တာ အသေအခြာ မသိပါ။ (အီစထိုဂျင်) ဟော်မုန်း မထွက်သေးတဲ့ ငယ်တုံးမှာ မဖြစ်ဘဲ၊ ကိုယ်ဝန်ဆောင်ချိန်မှာ ရှိနေသူဆို ပိုကြီးလာတတ်တယ်။ သွေးဆုံးရင်လဲ ဆက်မကြီးတော့ဘူး။
Myoma ဆိုတာ ၂ မျိုးရှိတယ်။ Leiomyoma တခြားနေရာတွေလဲဖြစ်တတ်တာမျိုး နဲ့ Rhabdomyomas ကြွက်သားမှာ ဖြစ်တတ်ပြီး ဝ့၅-၁% မှာ ကင်ဆာ ကို ပြောင်းနိုင်တာမျိုး။
အလုံးရှိနေရင် ရာသီများမယ်၊ ရာသီဆင်းရင် နာမယ်၊ ရာသီမမှန်ဖြစ်မယ်၊ ဗိုက်အောက်ပိုင်း နာမယ်၊ ခါးနာမယ်၊ ခေါင်းမူးမယ်၊ အလုံးက အူကို ဖိနေရင် ဝမ်းချုပ်မယ်။ ဆီးအိမ်ကို ဖိနေရင် ဆီးသွားချိန်နာမယ်။ ဆီးခဏခဏ သွားချင်မယ်။ လူတိုင်း ရာသီဆင်းတာ များမှာတော့ မဟုတ်ပါ။ အလုံးက သားအိမ်-အတွင်းဆုံးအလွှာနဲ့ ပတ်သက်နေမှသာ များပါမယ်။ သွေးဆင်းရမဲ့ မျက်နှာပြင် ပိုကျယ်နေလို့ပါ။ သားအိမ် အပြင်ပိုင်းမှာ ဘယ်နှလုံး ဖြစ်နေနေ ရာသီအနည်း-အများကို မပြောင်းစေဘူး။ သွေးဆင်းများသူဆိုရင် သွေးအားနည်းလာမယ်။
ရောဂါရာဇဝင် မေးတာ၊ ဗိုက်နဲ့ မွေးလမ်းစမ်းတာနဲ့ သိနိုင်ပြီး Ultrasounds, CT Scans, or MRIs ရိုက်မှ သိလာရသူတွေ ရှိတယ်။ 1 mm အရွယ်လောက်ကနေ 20 cm မက ကြီးနိုင်တယ်။
ခွဲစိတ်တာမဟုတ်ဘဲ တချို့ကို Hormonal ဟော်မုန်းပေးနည်း နဲ့ Herbal treatments သဘာဝဆေးနည်းတွေ လုပ်နိုင်တယ်။ လုံးဝပျောက်မှာတော့ မဟုတ်ပါ။ ဟော်မုန်းရဲ့ အလိုချင်တဲ့ အကျိုးတွေလဲ ရှိလို့ ခွဲစိတ်ကုသတာ အကောင်းဆုံး ဖြစ်တယ်။ Laser surgery နည်းလဲ တချို့အတွက် သုံးလို့ရတယ်။ အထက်မှာရေးခဲ့သလို (UFE) နည်းကိုလဲ လုပ်နိုင်တယ်။ ခွဲစိတ်ကုသရာမှာ Myomectomy အလုံးသပ်သပ်ထုတ်တာ နဲ့ Hysterectomy သားအိမ်ကိုပါ ထုတ်တာဆိုပြီး ၂ နည်းရှိတယ်။ အကောင်းဆုံးနည်းက ဗိုက်ဖွင့်ပြီး အလုံးသပ်သပ် ထုတ်နည်း ဖြစ်တယ်။ ဆေးရုံတိုင်းမှာ လုပ်နိုင်ပြီး အကုန်အကျလဲ မများဘူး။
မေးတဲ့သူကို ဟော်မုန်း အစားထိုးပေးမယ်ဆိုတာ သွေးဆုံးအတွက်သာ ဖြစ်မယ်။ Myoma အတွက်မလိုပါ။ သွေးဆုံး-လက္ခဏာတွေက ထိန်းလို့ခက်သူ၊ အိမ်ထောင်နဲ့ ဆက်အတူနေရင် ပိုအဆင်ပြေချင်သူတွေကိုသာ လုပ်ပါတယ်။ ဒါတောင် အကြာကြီးတော့ မလိုတတ်ပါ။ တခြား ဘာတွေ ထူးနေလဲတော့ မသိဘူးပေါ့။
ဒီတော့ မေးတဲ့သူကနေ ကျန်းမာရေး-ကောင်းမှု ပြုပေးပါ။ အသက် ၃ဝ-၄၅ အတွင်း၊ ရာသီသွေးဆင်း များလာသူ၊ အပျိုကြီး၊ အိမ်ထောင်ရှိလဲ ကလေးမရသူ၊ ကလေးရှိဘူးလဲ တားဆေးကြောင့် မဟုတ်ဘဲ ကလေး ဝေးနေသူ၊ ကိုယ့်ဖါသာ စမ်းလို့ ဆီးစပ်မှာ အလုံးလိုလို စမ်းမိသူ၊ အထက်က လက္ခဏာတွေ ရှိသူများ ဆရာဝန်ဆီသွားပါလို့။ ဟိုရောက်လဲ မကြောက်နဲ့လို့။
လူနာကလဲ ငွေမတတ်နိုင်တာမို့ ဒုက္ခသည်-ဆေးခန်းလေးမှာဘဲ ၇့၅ စင်တီမီတာရှိတဲ့ Myoma အလုံးတခု ၃ဝ-၁ဝ-၂ဝဝ၉ နေ့က ထုတ်ပေးရသေးတယ်။ ကလေးလဲ ယူနိုင်သေးတော့ အလုံးသပ်သပ်ရအောင် မရမက ထုတ်ပေးလိုက်ပါတယ်။ မကြာပါဘူး။ အိမ်ထောင် ထပ်ကျပြီး နောက်ကလေးကို ၃-၁-၂ဝ၁၁ ရက်က ဆေးခန်းမှာ လာမွေးသွားပြီ။ ခွဲလူနာနံပါတ် ၄၈၂ နဲ့ မွေးလူနာနံပါတ် ၁၆၅ ဖြစ်တယ်။ မိခင်ရော ကလေးပါ ကျန်းမာလျက်ပါ။
Dr. တင့်ဆွေ
၂၄-၁-၂ဝ၁၁
Uterine Fibroid Laser Treatment သာအိမ်အကျိတ်အား လေးဆာနည်းဖြင့်ကုသခြင်း
အကျိုးကျေးဇူးများ
ခွဲစိတ်ဒါးမသုံးလို့ ဒါးရာနဲ့ အမာရွတ်မရှိပါ။ သွေးထွက်တာနည်းတယ်။ ရိုးရိုးခွဲစိတ်နည်းထက် နောက်ဆက်တွဲဖြစ်တတ်တာ ပိုနည်းတယ်။ နောင်မှာ ကလေးမရ ဖြစ်နိုင်တဲ့ အခွင့်အလမ်း ပိုနည်းတယ်။ သားအိမ်က အတိုင်းသားကျန်နေမယ်။ ဆေးရုံနေရတာနအချိန်တိုတယ်။ နလံထမြန်မယ်။
အနုတ်သဘောဆောင်တာတွေ
ကုသနည်းက အသစ်ဖြစ်နေလို့ လေ့လာမှု မစုံလှသေးပါ။ ဘယ်လောက်အထိ ပိုသလဲ၊ နည်းသလဲပြောဘို့ စောပါသေးတယ်။ သားအိမ်အကျိတ်ကနေ ကင်ဆာဖြစ်မှ အခွင့်အလမ်း အင်မတန်နည်းပေမဲ့ လိုလိုမယ်မယ် ကင်ဆာ (ဆဲလ်) တွေ ရှိ-မရှိ စစ်ဆေးဘို့ အသားစ မရနိုင်ပါ။
ရလဒ်
ခွဲပြီးတာနဲ့ ၆ လ အတွင်း ၄ဝ% သေးငယ်သွားစေမယ်။ ပြန်မဖြစ်ဘူးလို့ မပြောနိုင်ပါ။ နောက်ကလေးရနိုင်တယ်။
ဒေါက်တာတင့်ဆွေ
၅-၃-၂ဝ၁၃
- (အရှေ့သို့) HUAWEI Firmware/Update Collection... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) Android အားလုံးနီးပါး Root နိုင်တဲ့ Unlock Root Pro 3.36 Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်