ဖေ့စ်ဘွတ်(Facebook)ပေါ်က "Poke" အကြောင်း...
Facebook ပေါ်က "Poke" ခလုတ်ဟာ လက်ခံ သုံးစွဲသူတွေ အနေနဲ့ မိမိလိုရာကို အဓိပ္ပာယ် ကောက်ယူပြီး အသုံးပြုနေကြ တဲ့ အတွက် ရှုပ်ထွေးလှတဲ့ Feature တခု ဖြစ်ပါတယ်...
ဖေ့စ်ဘွတ်(Facebook)ပေါ်မှာ တစုံတယောက်က မိမိကို "Poke" လုပ်တာကို ကြုံဖူးသလို... မိမိကနေလည်း တစုံတယောက်ကို "Poke" သွား လုပ်ဖူးကြ မှာပါ... ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြား ဒီလို "Poke" လုပ်တာကို Facebook ယဉ်ကျေးမှု တခုအနေနဲ့ မှတ်ယူ ထားသူတွေ ရှိသလို... စိတ်အနှောက်အယှက် ဖြစ်စရာ တခုဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုနေကြ သူတွေလည်း ရှိပါတယ်...
အခြေခံ အားဖြင့်တော့... Facebook မှာ Poke လုပ်တယ် ဆိုတာဟာ မိမိနဲ့ရင်း နှီးတဲ့ မိတ်ဆွေကို "မတွေ့တာ ကြာပြီနော်... "နေကောင်းရဲ့လား"... "စာပြန်ပါအုံး"... "ဘာတွေလုပ်နေလဲ"... စသဖြင့် သတင်းစကားမေးပြီး သူတို့ထံကနေ အာရုံစိုက်မှု (Attention) ပြန်ရအောင် ပြုလုပ်တဲ့ သဘော ဖြစ်ပါတယ်...
ရင်းနှီးတဲ့ Facebook မိတ်ဆွေတွေ အကြား အပျော် Fun တခုအနေနဲ့လည်း poke ကို သုံးကြပါတယ်...
facebook ပေါ်က လူပျိုနဲ့ ပျိုမေတွေ အကြား ချစ်ရေး ချစ်ရာတွေကိုလည်း Poke လုပ်ပြီးတော့ Attention ယူတာ မျိုးလည်း ရှိပါတယ်... ဥပမာ ဆိုရရင်... မိမိက တစုံတယောက်ကို စိတ်ဝင်စား နေတယ်ဆိုရင် သူ/သူမကို poke လုပ်ပြီးတော့ စိတ်ဝင်စားနေတယ် ဆိုတဲ့ အကြောင်း အသိပေးတဲ့ သဘောပါ... Facebook မှာ ရုပ်ရည် ချောမောလှပတဲ့ သူတွေဟာ poke လုပ်တာကို မကြာခဏ ကြုံရလေ့ ရှိပါတယ်...
အစောပိုင်းက ပြောခဲ့သလို Poke လုပ် တာကို မိမိလိုရာ အဓိပ္ပာယ် ကောက်ယူ နိုင်တဲ့အတွက် မိမိကို poke လာလုပ်သူ ကို အချိန်ကာလ တခုလောက် စောင့်ကြည့်ပြီး အပျှော် fun တစ်ခုအနေနဲ့ လုပ်တာလား... တခြား ဘာရည်ရွယ်ချက်နဲ့ လုပ်တာလည်း ဆိုတာကို လေ့လာ သင့်ပါတယ်...
မိမိ friend list ထဲမှာ မရှိသေးတဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တယောက်ကို မိမိဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်... friend အဖြစ် လက်ခံစေချင်တယ် ဆိုရင်လည်း သူ/သူမကို Poke လုပ်ထားလေ့ ရှိပါ တယ်... ဒါဆိုရင် အဲဒီမိတ်ဆွေဟာ မိမိရဲ့ facebook စာမျက်နှာကို လေ့လာခွင့်ရပြီး မိမိကို friend အဖြစ် လက်ခံသင့်/မသင့် စဉ်းစားပေးမှာ ဖြစ်ပါတယ်...
သတိပြုစရာ တချက်လည်း ရှိပါသေး တယ်... မိမိ facebook friends ထဲက မဟုတ်တဲ့ ပြင်ပ တစုံတယောက်က မိမိကို poke လုပ်လာတယ်... မိမိကလည်း ပြန်ပြီး poke back ပြန်လုပ်လိုက်တယ် ဆိုပါစို့... ဒါဆိုရင် poke လုပ်လာတဲ့သူက မိမိ facebook profile ကို ကြည့် ့ရှုဖို့ အခွင့်အလမ်း ရရှိသွားမှာ ဖြစ်ပါတယ်... poke လုပ်လာတဲ့ လူစိမ်း တယောက်ကို Poke back ပြန်လုပ်လိုက်တာဟာ မိမိအကြောင်းကို သိခွင့်ပြုလိုက်တဲ့ သဘော ဖြစ်သွားပါတယ်... အကောင်းဆုံးက မိမိ friend list ထဲက မဟုတ်တဲ့ သူတွေက မိမိကို poke လုပ်လာရင် poke back ပြန်လုပ်သင့်/မသင့် စဉ်းစားသင့်ပါတယ်...
မိမိကို ဘယ်သူတွေက Poke လုပ်ထားလဲ... မိမိက ဘယ်သူတွေကို poke လုပ်ချင်လဲ ဆိုတာကို သိချင်ရင် facebook ပေါ်မှာရှိတဲ့ pokes page စာမျက်နှာမှာ သွားကြည့်နိုင်ပါတယ်... အောက်က လင့်ခ်ကနေ သွားကြည့််လို့ ရပါတယ်...
https://m.facebook.com/pokes?refid=69&ref=related
မိမိကို poke လာလုပ်ထားတဲ့ သူတွေကို သံသယ ဖြစ်တယ်ဆိုရင် pokes page ကနေ တခါတည်း remove လုပ်နိုင် ပါတယ်... တခုရှိတာက pokes page ကနေ poke တခုကို remove လုပ်လိုက်တိုင်း သူ့ဘက်က poke ပြန်လုပ်ဖို့ အခွင့်အလမ်း ရှိနေပါတယ်... remove လည်း မလုပ်ဘူး... poke back လည်း ပြန်မလုပ်ဘူး ဆိုရင်တော့ အဲဒီ မိတ်ဆွေဟာ pokes page ထဲမှာ ဒီအတိုင်းပဲ ရှိနေမှာပါ... မိမိကို poke ထပ်လုပ်လို့ မရတော့ပါဘူး... မျက်စိ နှောက်တယ်ထင်ရင်... အနှောက်အယှက် ပေးနေတယ် ထင်ရင်တော့ အကောင်းဆုံး နည်းလမ်းက block ပစ်လိုက်ရုံပါပဲ....။
မှန်မှန်ကန်ကန် "Poke" နိုင်ကြပါစေ...
(Chat Box ကနေ မေးထားတဲ့ မိတ်ဆွေတွေနဲ့ မသိသေးတဲ့ မိတ်ဆွေများ အတွက် ရည်ရွယ်ပါတယ်....)

လွမ်းမပြေ သုတရပ်ဝန်း
- (အရှေ့သို့) Beer Spa - ဘီယာရေချိုးမယ်... Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔Flibanserin အမ်ိဳးသမီးေတြ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Greeting is life... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'