ဇူလိုင်လထဲမှာ မင်္ဂလာပွဲ ပြုလုပ်မယ့် အောင်လ နဲ့ မမိုးငယ်


အဆို တော် အောင်လ နဲ့ချစ်သူ မိုး ငယ်တို့ဟာ ဇူ လိုင် ပထမပတ်မှာ မင်္ဂလာ ပွဲကျင်းပမယ်လို့ သိရပါ တယ်။ သူ တို့နှစ်ဦးရဲ့ ချစ်သူ သက်တမ်း၅နှစ် တာ အတွင်းမှာ အမှတ်တရတွေနဲ့ ပတ်သက်ပြီး အောင်လက...

"ကျွန်တော်တို့က အွန်လိုင်း မှာစတွေ့တာ။ အပြင်မှာ လူချင်း တွေ့တာက ၂ဝဝ၉ ဧပြီ ၁၄ ရက်နေ့ ပါ။ ဧပြီ ၁၄ ရက်နေ့ရောက်တိုင်း သူက ကျွန်တော့်ကို အမှတ်တရ တစ် ခုခု အမြဲပေးတယ်။ သူ့မွေးနေ့တော့ ကျွန်တော် အမြဲပေးဖြစ်တယ်" လို့ ပြော ပါတယ်။

ချစ်သူဖြစ်တဲ့ မိုးငယ် ရဲ့ ချစ်စရာကောင်းတဲ့ အချက်တွေ ကိုလည်း အောင်လက..

"သူ့မှာ ချစ်စရာကောင်းတဲ့ အချက်တွေ အများကြီးရှိတယ်။ ကျွန်တော့်အပေါ် သူနားလည်ပေးတယ်။ တစ် ယောက်နဲ့ တစ်ယောက် အဝေး မှာနေကြတဲ့ ချစ်သူ တွေဆိုတော့ နီးစပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီမှာချစ်ပြီး နိုင်ငံခြားထွက် သွားကြရင်တောင် တကွဲတပြားဖြစ်သွားကြတာလေ။ ကျွန်တော်နဲ့သူက အနေဝေးပေ မယ့် မကွဲတာ ဖူးစာရှင်တွေ ဖြစ်နေကြလို့ပေါ့။ သီချင်းတော်တော် များများကလည်း သူ့ကြောင့်ရေးဖြစ် တာပါ။ "တောင်းပန်တယ်" ဆိုတာလည်း သူ့အတွက်ပဲ။ ဒုတိယအခွေမှ "အဆင် ပြေမှာပါ" ဒါလည်း သူ့ကြောင့်ပဲ။ ကြားထဲမှာ အများကြီးရှိတယ်။ သူက ကျွန်တော့်အတွက် ချစ်စရာကောင်းတဲ့ အပိုင်းတွေ အများကြီးပဲ"လို့ ဆက် ပြောပြပါတယ်။

ရှေ့ဆက် မိသားစု Plan နဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို အောင်လက..

"ကျွန်တော်တို့ မင်္ဂလာဆောင် ကြပြီး ကလေးတွေမွေးလာရင် ကျွန် တော် ရတုပွဲတစ်ပွဲ ထပ်လုပ်ချင် တယ်။ ကိုယ့်သားသမီးတွေကို ကျွန်တော်တို့ မင်္ဂလာပွဲပြချင်တယ်။ မြန်မာပြည်မှာက ဒီလို သားသမီးမွေး ပြီးရင် မင်္ဂလာပွဲ မလုပ် ကြဘူးဆိုတော့ ကိုယ့်မိဘတွေ မင်္ဂလာဆောင်တာ မမြင်ဖူးဘူးလေ။ ကျွန်တော် ကတော့ သားသမီးတွေကို ပြောချင်တာ "ဒီမှာနင်တို့ အမေကို နင်တို့ရှေ့မှာ ယူထားတာ "အဲဒါပိုပြီး ချစ်စရာ၊ ပျော်စရာကောင်းတာပေါ့" လို့ပြော ပါတယ်။

အောင်လကို မေးမြန်း အပြီးမှာတော့ အောင်လရဲ့ ချစ်သူမမိုးငယ်ကလည်း ချစ်သူအပေါ်ထားတဲ့ နားလည်မှုနဲ့ ပတ်သက်ပြီးလည်း ...

"သူက အနုပညာရှင်လေ။ ပရိသတ်အားပေးမှုနဲ့ပတ်သက် ပြီး အရင်ကပေါ့နော် ကိုယ်နဲ့ရွယ် တူတွေ အားပေးတာကို တချို့ကျ တော့ သူ့ကိုတအားအားပေးတဲ့ အခါကျ ကိုယ့်မှာသဝန်တို၊ မကျေနပ်ဖြစ် တာ ပေါ့။ အဓိက ကတော့ သူ့ကို စိတ်ပူတာ။ ဒါက မိန်းကလေး သဘာဝပဲ လေ။ ဒါပေမဲ့ အခုမိုးငယ်နားလည် သွားတာက ပရိသတ်တွေ သူ့ကို အားပေးတာ၊ ချစ်တာ မိုးငယ် တို့နှစ်ယောက် အတွက် ခွန်အားတွေပါ။ မိုးငယ်က သူ့ရဲ့ အမာခံပရိသတ် လေ။ သူသီချင်းရေးပြီ ဆိုရင် မိုး ငယ်ကို အရင်ဆိုပြတယ်။ အဝေး ရောက်နေ ရင်လည်း သူအမြဲ လှမ်းပြီး ဆိုပြတယ်။ ကိုယ်က အရင်ဆုံး နား ထောင်ခွင့်ရတဲ့ သူ့ရဲ့ ပရိသတ်ပဲ။ ကြိုက်ရင်တော့ "ကို" ကောင်းတယ်၊ မိုးငယ်နား နဲ့မကိုက် ရင်တော့ ဘာလဲ ဆိုပြီး ဝေဖန်ပေး တတ်တယ်"လို့ ပြောပြခဲ့ပါတယ်။

ဇူလိုင်လ ပထမပတ်မှာ မင်္ဂလာ ကိစ္စပြင်ဆင်မှုနဲ့ ပတ်သက်ပြီး မိုးငယ်က...

"မိုးငယ်တို့အမှတ်တရဖြစ်အောင် မင်္ဂလာဦးမှာ မိဘမဲ့ကလေးနဲ့ မသန်စွမ်း ကလေးတွေကို အဓိက သွား လှူ မှာပါ။ ဟန်းနီးမွန်းကတော့ ဘာမှကို မစဉ်းစားရသေးဘူး။ဒါပေမဲ့ SIR အဖွဲ့ နဲ့ တောင်ကြီးမှာ သူ အသံသွားသွင်းဖို့ ရှိတယ် ဆိုတော့ အဲဒါပဲ ဟန်းနီးမွန်းဖြစ်သွား မယ်ထင်တယ် " လို့ ပြော ပြခဲ့ပါတယ်။


ထူးထူး
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...