ဒုတိယခွေ ပြင်ဆင်နေပြီဆို တဲ့ အိုင်းရင်းဇင်မာမြင့်


ခင်ဆွေသက် on 2014-06-26 15:29

ဒုတိယအယ်လ်ဘမ်ကို စတင်ပြင်ဆင်နေပြီလို့ ပြောလာတဲ့ အိုင်းရင်း ဇင်မာမြင့်နဲ့ တွေ့ဆုံခိုက် သိချင် တာလေးတွေ မေးကြည့်ဖြစ်တဲ့အခါ သူမက..

“ခု အိုင်းရင်းဒုတိယ ခွေလေးကို ပြင်ဆင်နေပြီပေါ့နော်။ ၁၃ ပုဒ်လောက်တော့ပါမယ်။ မှန်းထားတာက တော့ ဒီနှစ် ၉လပိုင်း ၁၀ လပိုင်းလောက်ကို မှန်းထားပါတယ်။ ပထမယိမ်းလိုက် အခွေမှာပါတဲ့သီချင်း ပုံစံလေးတွေအတိုင်းလဲပါတယ်။ ဆန်းဆန်းပြားပြားလေး တွေလဲ ပါမယ်ပေါ့နော်။ အိုင်းရင်းကတော့ အိုင်းရင်းကြိုက်တာ အကုန်ထည့်မှာပေါ့နော်။ အဲဒီအပေါ်မှာ ပရိသတ် နဲ့ အပေးအယူတည့်သွားရင်တော့ အကောင်းဆုံးပေါ့။ တေးရေးတွေကတော့ အတိအကျ ပြောလို့မရ သေးဘူး။ ဒါပေမဲ့ ကောင်းကောင်း ရေးထားတာကတော့ ၄ပုဒ်လောက်ပါတယ်။ အိုင်းရင်း သရုပ်ဆောင် လိုင်းဖက်ကိုကူးဖို့ အစီအစဉ်မရှိ သေးပါဘူး။ သီချင်းတွေပဲဆိုဖြစ်နေမှာပါ။ နယ်ပရိသတ်နဲ့ ရန်ကုန်ပရိသတ် ဆို နယ်ကတော့ ပွင့်လင်းတာ ပေါ့နော်။ ရန်ကုန်ကကျတော့ နဲနဲလေး တော့ ရှက်တတ်ကျတယ်ရှင့်။ ပထမအခွေနဲ့ ကွဲကွဲပြားပြားနဲ့ ထူးထူးခြားခြား ဖြစ်မဖြစ်ဆိုတာ ခုအိုင်းရင်းဆီမှာ ရှိနေတဲ့သီချင်းတွေထဲက selection ပြန်လုပ်ပြီးမှ သိရ မှာပေါ့နော်။ ခု ရွေးထားတာကတော့ ၁၆ပုဒ်လောက်ထိရှိတယ်။ ပထမခွေထွက်ပြီးတဲ့ချိန်မှ ပိုပြီး အားရှိ လာတယ်။ ကြိုးစားရတဲ့အပေါ်မှာ ပျော်လာတယ်ပေါ့နော်။ အစက အိုင်းရင်းက ပထမခွေထွက်ပြီးတဲ့ အတွက် ဒုတိယ ခွေကျရင် နည်းနည်းတာ့ စိုးရိမ်တယ်လို့ ပြောတော့ ဆရာက ကိုယ်က အတွဲခွေတွေမှာ လဲ ဆိုထားတာပဲ ဘာမှစိုးရိမ်စရာ မရှိဝူးလို့ပြောတဲ့တွက် နည်းနည်းလေး စိတ်သက်သာရာ ရသွားတာ ပေါ့နော်။” လို့ ပြောပါတယ်။


Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...