မိမိအမျိုးသမီး အိမ်ထောင်ရေးအပေါ်တွင် သာယာမှုရှိ မရှိ ဘယ်လိုခန့်မှန်းနိုင်မလဲ

Health Updates Journal No. 123
University of Pittsburgh မှ လေ့လာမှုတစ်ခုအရ အိမ်ထောင်ရေးမှာ စိတ်ကျေနပ်မှုရှိတဲ့ အမျိုးသမီးတွေ က မိမိတို့ ဘ၀လက်တွဲဖော်နဲ့ အိပ်စက်ချိန်၊ အိပ်ယာနိုးချိန်တို့ တပြိုင်ထဲ ဖြစ်ပွားလေ့ရှိကြောင်း သိရပါ တယ်။ ရလဒ်များအရ တအိပ်ယာထဲမှာ အတူတူအိပ်လေ့ရှိတဲ့ စုံတွဲများက အိပ်ယာဝင်ချိန်နှင့် အိပ်ယာထ ချိန်တူညီမှု ၇၅ ရာခိုင်နှုန်းရှိပြီး အကယ်၍ အမျိုးသမီးက မိမိအိမ်ထောင်ရေးအပေါ် သာယာမှု ပိုရှိပါက အိပ်ယာထချိန်၊ နိုးချိန် ပိုမိုတူညီကြောင်း သိရသည်။ လေ့လာသူခေါင်းဆောင် health Gunn, Ph.D, က..
““စုံတွဲများအိပ်စက်မှုပုံစံက ၎င်းတို့၏ ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိစေပြီး ၎င်းတို့ ဆက်ဆံရေးက လည်း အိပ်စက်မှုပုံစံအပေါ် သက်ရောက်မှုရှိစေသည်””ဟု ပြောကြားခဲ့သည်။ ““
လေ့လာမှုမှာ မေးမြန်းထားသည့် မေးခွန်းများကို လိုက်နာ ဖြေကြားထားသည့်စုံတွဲ ၄၆တွဲအား အိပ်စက်မှု ပုံစံကို လေ့လာခဲ့ရာ လက်ထပ်ပြီးသည့် စုံတွဲများ အိပ်ချိန် နိုးထချိန်ပိုတူပြီး၊ လက်မထပ်မီ အတူ နေသူများ က လက်ထပ်ပြီးသူများလောက် တူညီမှုမရှိကြောင်း တွေ့ရပါတယ်။ ယင်းအချက်ကို ကျွန်တော်တို့ရဲ့ အိပ်စက်မှု ပုံစံတွေက ကျွန်တော်တို့ ဘယ်အချိန်မှာ အိပ်တယ်ဆိုတာ သာမက၊ ဘယ်သူနဲ့ အိပ်တယ်ဆို တာတွေကြောင့်ပါ ပြောင်းလဲနိုင်တယ်လို့ ဆိုလိုပါတယ်””ဟု လေ့လာသူများက အဆိုပြုခဲ့သည်။
ဖိုးသောကြာ
ref; Medindia
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အနောကျသို့) အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် ဦးနှောက်တွင်း မော်လီကျူးအဆင့် ပြောင်းလဲမှုများတွေ့ရှိ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ပူဒီနာ စားသင့္တဲ့အခ်က္ မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ လူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ