ပြည်တွင်း၌ လူသုံးအများဆုံး Messaging App အဖြစ် Viber ရပ်တည်

မြန်မာနိုင်ငံတွင် လူသုံးအများဆုံး Messaging App အဖြစ် Viber ကဦးဆောင်နေပြီး Facebook Messenger ကို သုံးစွဲမှုမှာ ဒုတိယနေရာတွင် ရှိနေကြောင်း On Device Research ၏ စစ်တမ်းတွင် တရားဝင် ဖော်ပြလာသည်။
ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းသုံးစွဲသူ အများစုမှ ကုန်ကျစားရိတ် သက်သာပြီး ထိရောက်မှု ရှိခြင်းကြောင့် Viber Application ကိုသုံးစွဲမှုများပြား ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းတွင် အင်တာနက်ချိတ်ဆက်မှု ပြုလုပ်ထားရုံနှင့် ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်သည့် အချက်က လည်း Viber Application ကို သုံးစွဲသူများပြားစေသည့် အချက်ဖြစ်ကြောင်း ရန်ကုန်မြို့တွင်း မိုဘိုင်းဖုန်း ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသူများက ဆိုကြသည်။
“Viber ရှိလို့ ပြည်ပကမိသားစုနဲ့ အလွယ်တကူ ဆက်သွယ်လို့ရတယ်။ သုံးရတာ အဆင်ပြေတယ်။ ဒီပေါ် ကနေမှ အချင်းချင်းစာတို ပေးပို့တာတွေလည်း လုပ်လို့ရတဲ့အတွက် နေ့စဉ်သုံးဖြစ်တဲ့ အက်ပလီကေးရှင်း တစ်ခုပါ" ဟု Viber Application ကိုသုံးစွဲနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
Viber နှင့် Facebook Mess-enger App များကို အသုံးပြုသူအရေအတွက် ပိုမိုမြင့်တက်လာသော်လည်း ယခုလက်ရှိ မြန်မာနိုင်ငံ၏ နှေးကွေးသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကြောင့် အသုံးဝင်သော အဆိုပါ Application ပိုမိုထိရောက်စွာ ပိုမိုအသုံးပြုနိုင်ရန် လိုနေသေးကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူအချို့ ကပြောသည်။
“နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာတွေက အင်တာနက်ဝန်ဆောင်မှု ကောင်းကောင်းတွေ ပေးလာ မယ်ဆို နေ့စဉ်မရှိမဖြစ် အသုံးဝင်တဲ့ Viber လိုမက်ဆေ့ခ်ျ အက်ပလီကေးရှင်းတွေ ရဲ့သုံးစွဲမှုပိုမြင့် လာမှာ ပါ" ဟု Viber Application ကိုပုံမှန်သုံးစွဲသူ အမျိုးသမီးတစ်ဦးကပြောသည်။
On Device Research သည် မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် ၅၇၇ ဦးကို စစ်တမ်း ကောက်ယူ ထားခြင်းဖြစ်ပြီး အဆိုပါစစ်တမ်းတွင် Viber သုံးစွဲသူရာခိုင်နှုန်းမှာ ၇၉ ရာခိုင်နှုန်းနှင့် Facebook Messenger ကို အသုံးပြုသည့်ပမာဏမှာ ၂၇ ရာခိုင်နှုန်းဟု ဖော်ပြထားသည်။
ယင်းကဲ့သို့ Viber နှင့် Facebook Messenger App များကိုအသုံးပြု ကြသူများတွင် Android OS ထုတ် ကုန်ဖြင့် အသုံးပြုမှုက အများဆုံးဖြစ်ပြီး iOS နည်းပညာ မိုဘိုင်းထုတ်ကုန်ဖြင့် အသုံးပြုကြသူများက ဒုတိယနေရာတွင် ရပ်တည်နေကြောင်းသိရသည်။
မြန်မာနိုင်ငံ အင်တာနက်သုံးစွဲသူစုစုပေါင်း၏ ထက်ဝက်ခန့်သည် မိုဘိုင်းဖုန်းပေါ်မှ အများဆုံး အသုံးပြု ကြခြင်းဖြစ်ပြီး ယင်းအချက်က Viber နှင့် Facebook Messenger ကဲ့သို့သော Application သုံးစွဲမှုကို ပိုမိုမြင့်တက် စေခြင်းဖြစ်ကြောင်း အထက်ပါ မိုဘိုင်းဖုန်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။
ယခုလက်ရှိ အချိန်တွင် ကမ္ဘာတစ်ဝန်းရှိ အွန်လိုင်းပေါ်တွင် နေ့စဉ်နှင့်အမျှ Viber Application ကို တပြိုင်တည် သုံးစွဲသူတစ်သန်း ရှိလာပြီဖြစ်သည်။
ယုဇနကိုကို
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၅)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ပြည်တွင်းမိုဘိုင်း ထုတ်ကုန်ဈေးကွက်တွင် Huawei နှင့် Samsung ထုတ်ကုန်များ ဈေးကွက်ကွာဟချက် ကျဉ်းမြောင်းလာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုသူ သုံးသန်းနီးပါးရှိ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို