ခေါက်ဆွဲတောင်းစားရာမှ ပြသနာတက်ပြီး လူမြင်ကွင်းတွင် ရင်ဘက်ကိုခွဲကာ နှလုံးကိုထုတ်ယူ

အောင်ဟိန်းခိုင် ၊ ဇွန် ၂၈
ခေါက်ဆွဲတောင်းစားရာမှ ပြသနာဖြစ်ကာ လူနှစ်ဦးအခြေအတင် စကားများရန်ဖြစ်ကြပြီး ခေါက်ဆွဲ တောင်းစားသူမှ ဒေါသကို မထိန်းနိုင်တော့ဘဲ သူ့အားခေါက်ဆွဲ မကျွေးသူကို လူမြင်ကွင်းတွင်ပင် ဓားဖြင့် ထိုသူ၏ ရင်ဘတ်ကို ခွဲကာ လှုပ်ရှားဆဲနှလုံးကို ဆွဲထုတ်ကာ သတ်ဖြတ်ခဲ့သည့် မှုခင်းတစ်ခု တရုတ်နိုင်ငံ ဟူဘီ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရှီဇူ အရပ်တွင်ဖြစ်ပွားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဘိုတန် ဆိုသူဟာ ဒေါသအလျောက် ယခုကဲ့သို့ လူမြင်ကွင်းတွင် လူတစ်ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အသက် ၄၉ အရွယ်ရှိပြီဖြစ်သော သေဆုံးသူ ရူလယို ဟာ သူ၏စားလက်စ ခေါက်ဆွဲကို ဘိုတန်အား မျှဝေပေးရန် ငြင်းဆန်ခဲ့ပြီးနောက် သူတို့နှစ်ဦး ပြသနာတက်ကာ စကားများခဲ့ကြပြီး အပြန်အလှန် အော်ဟစ်ပြောဆိုမှုများ ဖြစ်ပြီးနောက် ဘိုတန် က ဒေါသအလျောက် အနီးတွင်ရှိ သော ဓါးတစ်ချောင်းကိုယူကာ ရူလယို၏ လည်းပင်းကို လှီးဖြတ်ပစ်ခဲ့ သည်။ သူတို့နှစ်ဦး၏ သွေးထွက်သံယို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ ရသူတစ်ဦးက..
"အဖြစ်အပျက်က လုံးဝကို သွေးထွက်သံယိုနဲ့ ကြောက်ဖွယ်ကောင်းလှပါတယ်၊ ကျွန်မဆို ရင် ကြောက် လန့်တုန်လှုန့်ပြီး အဖြစ်အပျက်ကို ဓါတ်ပုံရိုက်ကူး မှတ်တမ်းတင်ဖို့တောင် မပြုလုပ်ရဲခဲ့ပါဘူး" ဟု သူ၏ အတွေ့အကြုံကိုပြောပြသည်။
"ဘိုတန်က ရူလယိုရဲ့ လည်းပင်းကို ဓါးနဲ့လှီးလိုက်ပြီးတော့ ဗိုက်ကို ဆန်အိတ်ခွဲသလို ထက်ခြမ်းခွဲလိုက်ပြီး နှလုံးကို ကျွန်မတို့ အားလုံးရှေ့မှာပဲ ဆွဲထုတ်လိုက်တယ်။ ကျွန်မ သေချာပြောရဲတယ် အဲ့ဒီနှလုံးဟာ ခုန်နေတုန်းပဲ၊ အဲ့ဒီအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသူတွေ အားလုံး ကြောက်လန့်ပြီး ခြေမကိုင်မီ လက်မ ကိုင်မိဖြစ်နေကြတာ၊ ကျွန်မဆိုခုချိန်ထိ မျက်လုံးမှိတ်လိုက်ရင်တောင် အဲ့ဒီ အဖြစ်အပျက်တွေကို ပြန်မြင် နေရတုန်းပဲ" ဟု သွေးထွက်သံယို သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူက ဖြည့်စွက်ပြောကြား ခဲ့သည်။
သူမ၏ပြောကြားချက်အရ ဘိုတန်ဟာ ရူလယို၏ နှလုံးကိုဆွဲထုတ်ပြီး သူ၏လက်ဖြင့်ကိုင်ကာ အခင်းဖြစ် ပွားရာနေရာ အနီးမှာပင် ပါးစပ်ဖြင့် ကိုက်စားနေခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းခဲ့ခြင်း မရှိဟုသိရသည်။ ဒါ့အပြင် ဟူဘီကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ရှီဇူအရပ်မှ ရဲများအခင်းဖြစ်ပွားရာ သို့ရောက်ရှိ လာချိန်တွင် လည်း ဘိုတန်အနေဖြင့် ပြန်လည်ခုခံခြင်း တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိဘဲ အဖမ်းခံခဲ့သည်။ ဒေသခံ ပြည်သူများအနေဖြင့် ၎င်းဒေသတွင် ယခုကဲ့သို့ရက်စက် ကြမ်းကြုတ်သည့် ပြစ်မှုမျိုး ထပ်မံကျူးလွန်ခံရခြင်း မရှိစေရန် လုံခြုံရေးတိုးမြင့်ပေးရန် တောင်းဆိုလျက်ရှိသည်။
ref : miror
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ref : miror
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) လက်ရာမြောက် ဖန်တီးထားတဲ့ ကိတ်များ... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) ကြာကြာဝါးမည့် သွားများ ကျန်းမာရေး ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review