ဓာတ်ပုံ သို့မဟုတ် screenshot များကို ပုံတစ်ခုတည်းအဖြစ် အစီအရီ ထားရှိခြင်း

Blogger များနှင့် အခြားသော content creator များသည် ၎င်းတို့၏ screenshot များနှင့် ထုတ်ကုန် ဓာတ်ပုံများကို အစီအရီ ထားရှိလိုသည့်အခါ မပြည့်စုံသည့် blog tool များကြောင့် အခက်တွေ့ရနိုင် သည်။ ထို့ကြောင့် ဓာတ်ပုံများကို တစ်ခုတည်းအဖြစ် ဘေးချင်းကပ် အစီအရီထားရှိနိုင်မည့် Quick Picture Tools – Combine Images ဟုခေါ်သော Web tool တစ်ခုဖြင့် လွယ်ကူလျင်မြန်စွာ ပြုလုပ်ပုံကို ဖော်ပြလိုက်ပါသည်။
(၁) Quick Picture Tools ကို browser တွင် ဖွင့်ပါ။ Option များစွာ ပါဝင်သော window အလွတ်တစ် ခု ပေါ်လာမည်။
(၂) Box လေးခုအနက် ပထမဦးဆုံး box တွင် Add ခလုတ်ကို နှိပ်ပါ။ ဓာတ်ပုံရှိသည့် folder သို့သွားပါ။ နှစ်သက်ရာပုံကို ရွေးပြီး Open ကိုနှိပ်ပါ။
(၃) ထို့နောက် ညာဘက် box တွင်လည်း အလားတူ လုပ်ဆောင်ချက်အတိုင်း ပြုလုပ်ပါ။ ပုံနှစ်ပုံကို ဘေးချင်းကပ် တွေ့မြင်ရမည်။ အကယ်၍ ပုံအရွယ်အစားကြီးနေပါက zoom selector တွင် 25% သို့မဟုတ် 50% ဖြင့် ရွေးချယ် ကြည့်ရှုနိုင်သည်။
(၄) လိုအပ်ပါက ပုံနှစ်ပုံ၏ အရွယ်အစားကို တူညီအောင် ချိန်ညှိနိုင်သည်။
(၅) ပုံနှစ်ပုံ အကြားတွင် အဖြူရောင် နေရာလွတ်များ ထားလိုပါက Padding tool ကို အသုံးပြုနိုင်သည်။ Padding tool တွင် အပေါ်နှင့် အောက် မြားကို နှိပ်ပြီး အဖြူရောင် နေရာလွတ်များ ထားနိုင်သည်။ သို့မဟုတ် နှစ်သက်ရာ တန်ဖိုးကို ထည့်သွင်းပြီးလည်း နေရာလွတ် ဖန်တီးနိုင်သည်။
(၆) စာသားများ ထည့်သွင်းလိုသည့်အခါ Add Image tools အောက်ဘက်ရှိ နေရာလွတ်များတွင် ရိုက် ထည့်နိုင်သည်။ စာရိုက်သည့်အခါ ရေးသားလိုက်သည့် စာသားများကို ချက်ချင်း မြင်တွေ့ရမည် ဖြစ် သည်။ ထို့အပြင် စာသားမျာကို နှစ်သက်ရာ နေရာများသို့ drag and drop ဖြင့် ရွှေ့နိုင်သည်။ ထို့အပြင် အရောင်၊ စာလုံးနှင့် စာလုံးအရွယ်အစားတို့ကို ပြင်ဆင်နိုင်သည်။
(၇) ထို့နောက်တွင် နှစ်သက်ရာ output format (JPED သို့မဟုတ် PNG) ကို ရွေးချယ်ပြီး Generate Image ကို နှိပ်ရုံဖြင့် အဆိုပါ ဓာတ်ပုံကို သိမ်းဆည်းနိုင်သည်။
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Federation University Australia မွ ပညာသင္ဆု ပေးအပ်မည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ပြည်တွင်းမိုဘိုင်း ထုတ်ကုန်ဈေးကွက်တွင် Huawei နှင့် Samsung ထုတ်ကုန်များ ဈေးကွက်ကွာဟချက် ကျဉ်းမြောင်းလာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို