တရုတ်မှ တင်သွင်းလာသော ကျန်းမာရေး ထိခိုက်စေနိုင်သည့် ကျင်းထုံခြင်ဆေးခွေကို သုံးစွဲခြင်းမပြုရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က သတိပေးကြေညာချက် ထပ်မံထုတ်ပြန်

တရုတ်နိုင်ငံမှ တင်သွင်းလာသော ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ကျင်းထုံခြင်ဆေးခွေကို သုံးစွဲခြင်း မပြုရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က သတိပေးကြေညာချက် ထပ်မံထုတ်ပြန်ခဲ့ကြေင်း သတင်းရရှိ သည်။
အဆိုပါ သတိပေး ထုတ်ပြန်ချက်တွင် ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ နည်းလမ်းမျိုးစုံဖြင့် မှတ်ပုံ တင်ခွင့်ပြုထားခြင်း မရှိသော အဆိပ်ရှိပစ္စည်းများနှင့် ထုတ်လုပ်ထားသည့် ကျင်းထုံခြင်ဆေးခွေများ ၀င်ရောက် လျက်ရှိကြောင်း၊ ၎င်းခြင်ဆေးခွေများအား ပြည်သူများ သုံးစွဲခြင်း မပြုကြရန် လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျင်းထုံခြင်ဆေးခွေ အမည်ဖြင့် မည်သည့်ခြင်ဆေးခွေကိုမျှ ပိုးသတ်ဆေး ဥပဒေနှင့် အညီ မှတ်ပုံတင်ထားခြင်းမရှိဘဲ ဈေးကွက်တွင် တွေ့ရှိရသော ကျင်းထုံတံဆိပ် ခြင်ဆေးခွေ နမူနာများကို စစ်ဆေးခဲ့ရာတွင် ကျင်းထုံတံဆိပ်ဖြင့် ခြင်ဆေးခွေများပေါ်၌ ဖော်ပြထားသော အမျိုးအစား ဓာတုပစ္စည်း၏ ပါဝင်မှုရာခိုင်နှုန်း ၀ ဒသမ ၀၈ သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် အများဆုံး ပါဝင်ရမည့် ပမာဏ ၀ ဒသမ ၀၄ ရာခိုင်နှုန်းထက် ပိုမိုပါဝင်နေသဖြင့် သုံးစွဲသူများ၏ ကျန်းမာရေးကို များစွာထိခိုက် စေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရားမ၀င် တင်သွင်းလာသော အခြားခြင်ဆေးခွေများကိုလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေး ဓာတ်ခွဲခန်းတွင် စစ်ဆေးလျက် ရှိကြောင်း၊ ခြင်ဆေးခွေ တင်သွင်းရောင်းချသူများ အနေဖြင့် တင်သွင်းလာသော ခြင်ဆေးခွေတွင် အဆိပ် ရှိပစ္စည်း ပါဝင်မှု စစ်ဆေးခြင်းနှင့် မှတ်ပုံတင်ခြင်းကို သီးနှံကာကွယ်ရေး ဌာနခွဲသို့ ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း သိရသည်။
တရုတ်မှ တင်သွင်းလာသော ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ကျင်းထုံခြင်ဆေးခွေများကို သုံးစွဲခြင်း မပြုကြရန်နှင့် တင်သွင်း၊ ရောင်းချ၊ ဖြန့်ဖြူးမှုများကို တွေ့ရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည် ဖြစ်ပြီး ပိုးသတ်ဆေးဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က ထပ်မံသတိပေး ကြေညာထားကြောင်း သိရသည်။

Eleven Daily News
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ZawgyiOne-Ghost TTF မြန်မာဖောင့်(စမ်ဆောင်း 4.3 အထက်ဖုန်းများ မြန်မာစာ 100% မှန်အောင်လုပ်နည်း.... ) ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) အခြေခံပညာ သင်ရိုး၌ မိုဘိုင်း ဖုန်းစနစ်နှင့် အင်တာနက် စနစ်အကြောင်း ပါဝင် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review