အခြေခံပညာ သင်ရိုး၌ မိုဘိုင်း ဖုန်းစနစ်နှင့် အင်တာနက် စနစ်အကြောင်း ပါဝင်

အခြေခံပညာရေး၌ ပြန်လည် သင်ကြားနိုင်ရန် ဆရာ၊ ဆရာမများကို ကွန်ပျူတာနှင့် နည်းပညာ အခြေခံ သင်တန်းများ ပို့ချနေပြီး အဆိုပါ ပို့ချချက်၌ မိုဘိုင်းဖုန်းနှင့် အင်တာနက် စနစ်အကြောင်း ထည့်သွင်းထား သည်ဟု သိရသည်။
ပြီးခဲ့သည့် နွေရာသီ၌ သင်ကြားခဲ့သည့် သင်ရိုးညွှန်းတမ်း၌ ကွန်ပျူတာအခြေခံ အပြင် မိုဘိုင်းဖုန်းနှင့် အင်တာနက်အကြောင်းကို ထည့်သွင်း သင်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံ ကျောင်းပေါင်းစုံမှ ဆရာ၊ ဆရာမ ၄၀၀ ကို ကွန်ပျူတာနှင့် နည်း ပညာအခြေခံ သင်တန်းများ သင်ကြားပေးခြင်းဖြစ်ပြီး ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နှင့် တိုင်းဒေသကြီး
ကွန်ပျူတာ ပညာရှင် အသင်းတို့ ပူးပေါင်း၍ သင်တန်း ပို့ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဆရာ၊ ဆရာမများကို အခြေခံပညာ (၃) မှ ရွေးချယ်ပေးခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ သင်ကြားတတ် မြောက်သွားသည့် ဆရာ၊ ဆရာမများမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည် ပို့ချပေးရန်ဖြစ်
သည်ဟု သိရသည်။ လက်ရှိအချိန်၌ သင်ကြားမှုကို သုံးကြိမ်တိုင်တိုင် သင်ကြားပေးနိုင်ခဲ့ပြီဖြစ်သည့် အတွက်ဆရာ၊ ဆရာမပေါင်း ၁,၀၀၀ ကျော်ကို ကွန်ပျူတာနှင့် နည်းပညာ အခြေခံများ တတ်မြောက်စေခဲ့ သည်ဟု သိရသည်။
အချို့သော အခြေခံပညာ ကျောင်းများ၌ ကွန်ပျူတာနှင့် နည်းပညာအခြေခံ သင်ကြားမှုများကို ဆရာ၊ ဆရာမများမှ ပြန်လည် သင်ကြားပေးနိုင်ခဲ့ပြီး အချို့သောကျောင်းများ၌ ပြန်လည် သင်ကြားပေးနိုင်ခဲ့ခြင်း မရှိသေးကြောင်း ဆရာ၊ ဆရာမများကို အိုင်စီတီ သင်တန်းများ ပို့ချရခြင်းသည် eYangon စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု အနေဖြင့် တည်ရှိကြောင်း သိရသည်။
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) တရုတ်မှ တင်သွင်းလာသော ကျန်းမာရေး ထိခိုက်စေနိုင်သည့် ကျင်းထုံခြင်ဆေးခွေကို သုံးစွဲခြင်းမပြုရန် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က သတိပေးကြေညာချက် ထပ်မံထုတ်ပြန် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) Aperture နှင့် iPhoto နေရာတွင် Photos app ဖြင့် အစားထိုးရန် Apple စီစဉ် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review