ပုဂ္ဂလိကကျောင်း တစ်ရာကျော် လိုင်စင်ချပေး၊ ကျောင်းပေါင်း ၂၈၀ ကျော် ရှိလာ

pic;www.wikihow.com
ပညာရေးဝန်ကြီးဌာန သည် ယခု ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းသစ် တစ်ရာ ကျော်ကို ထပ်မံ တိုးမြှင့် ဖွင့်လှစ် ခွင့်ပြုလိုက်ကြောင်း ပညာရေးစီမံ ကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ယခင်နှစ်များက လျှောက် ထားခဲ့ဖူးခြင်း မရှိသော ကိုယ်ပိုင် ကျောင်း ၁၂၇ ကျောင်းကို လိုင်စင်ချထားပေး ခဲ့ခြင်းဖြစ်ပြီး အမှတ် (၂) အခြေခံပညာဦးစီးဌာန (အထက်မြန်မာပြည်)မှ ကျောင်း အများစု ပါဝင် ကြောင်း သိရသည်။
‘‘ကျောင်းအများစုကတော့ အခြေခံပညာဦးစီးဌာန (၂)ကပါ။ ဒီနှစ်ထပ်ချပေးတဲ့ ကျောင်းတွေ မှာလည်း ငါးနှစ် သက်တမ်းရှိတဲ့ကျောင်း မပါပါဘူး။ ကျောင်းတွေတော့ အများကြီး တိုးလာပါ တယ်’’ ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိ သူက ပြောသည်။
ယခုနှစ်အတွက် ကိုယ်ပိုင် ကျောင်းအသစ်များအနေဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းအခြေခံပညာဦးစီးဌာန (၁) မှ ၂၆ ကျောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်း အခြေခံပညာဦးစီးဌာန (၂) မှ ၆၃ ကျောင်းနှင့် ရန်ကုန် တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာန (၃) မှ ၃၈ ကျောင်း တို့ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အစိုးရသစ်က ကိုယ်ပိုင် ကျောင်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ယခုနှစ်တွင် ကျောင်းအရေအ တွက် အများဆုံး ခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး နာမည်ကြီး အိုင်အယ်လ် ဘီစီအင်တာနေရှင်နယ် ကျောင်းက အလင်းရောင် အမည်ဖြင့် ဖွင့်လှစ်မည့် ကျောင်းလည်း ကိုယ်ပိုင်ကျောင်း ခွင့်ပြုချက် ရရှိသွားသည်။
‘‘အိုင်အယ်လ်ဘီစီက အ လင်းရောင်နာမည်နဲ့ ရန်ကုန်နဲ့နေ ပြည်တော်မှာ ကိုယ်ပိုင်ကျောင်း ဖွင့်နေပါပြီ။ ကိုယ်ပိုင်ကျောင်း တွေကတော့ အခြေအနေ ကောင်း နေပါတယ်’’ ဟု ကိုယ်ပိုင်ကျောင်း ဆရာတစ်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်း ၆၆ ကျောင်းကို စတင် ခွင့်ပြုခဲ့ပြီးနောက် သုံးနှစ် မြောက်ဖြစ်သော ယခု ပညာသင် နှစ်တွင် ကိုယ်ပိုင်ကျောင်း ၂၈၀ ထိ ရှိလာ ပြီဖြစ်သည်။
သို့သော် ကိုယ်ပိုင်ကျောင်း များ ထပ်မံခွင့်ပြုရာတွင် ငါးနှစ် သက်တမ်းခွင့်ပြုပေးခြင်း မရှိဘဲ တစ်နှစ်နှင့် ၂ နှစ် သက်တမ်းရှိ ကိုယ်ပိုင်ကျောင်းများသာ ခွင့်ပြု ခြင်းဖြစ်သည်။
ထို့ကြောင့် မန္တလေး၊ ပြင်ဦးလွင်နှင့် နေပြည်တော်တို့တွင်သာ ငါးနှစ်သက်တမ်းရှိ ကိုယ်ပိုင်ကျောင်း ရှစ်ကျောင်း ရှိနေသည်။
သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ပညာရေးကဏ္ဍတွင် ပုဂ္ဂလိကအခန်းကဏ္ဍကို စတင်အ လေးပေးလာခဲ့ပြီး ကိုယ်ပိုင်ကျောင်းများ တိုးမြှင့်ဖွင့် လှစ်ခွင့်ပြုနေသလို အင်တာနေ ရှင်နယ်ကျောင်းမှ ကျောင်းသားများ အစိုးရကျောင်းသို့ ပြောင်း ရွှေ့တက်ရောက်နိုင်ရန် အခွင့်အလမ်း ဖန်တီးပေးထား သည်။
7Day Daiy No.424 Sunday, June 29, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) (၆၈) နှစ် အတွင်း တစ်ရက်တောင် မခွဲခဲ့ဖူးတဲ့ ဇနီးမောင်နှံ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ထာဝရအလှ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း