Google က Android TV ကို ကြေညာ

Google က ဇွန်လ (၂၅) ရက်နေ့တွင် ပြုလုပ်သည့် Google I/O တွင် Android TV ကို ကြေညာလိုက်ပါ သည်။ Android TV သည် Apple TV, Roku, Amazon Fire TV တို့ကဲ့သို့ အင်တာနက်မှ မီဒီယာများကို တီဗီတွင် ကြည့်ရှုနိုင်ရန် စွမ်းဆောင်ပေးမည်ဖြစ်သည်။ Google က Android TV ကဲ့သို့ စွမ်းဆောင်နိုင် သည့် Chromecast ကို ထုတ်လုပ်ရောင်းချ လျှက်ရှိသော်လည်း Android TV ၏ ထူးခြားချက်မှာ Search စွမ်းဆောင်ချက်ပါရှိပြီး တီဗီများတွင် မြှပ်နှံထည့်သွင်းနိုင်ခြင်းဖြစ်သည်။
Android TV တွင် Google I/O ၌ ကြေညာခဲ့သည့် အနာဂတ် Android OS ဖြစ်လာမည့် Android L ကို မောင်းနှင်လည်ပတ်မည်ဖြစ်သည်။ Android TV တွင် Navigation ပြုလုပ်ရန် စမတ်ဖုန်း သို့မဟုတ် အသံဖြင့် ခိုင်းစေနိုင်ပါသည်။ Home Screen တွင် မီဒီယာများကို အကြံပြုပြသပေးနိုင်ပါသည်။ ထို့အပြင် Chromecast ကဲ့သို့ပင် Android Device များမှ မီဒီယာများကိုလည်း တီဗီမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။
Android TV တွင် ဂိမ်းများကစားနိုင်မည်ဖြစ်သော်လည်း Android TV Hardware နှင့် Game Controller များကို ပြသခြင်းမရှိသေးဟု သိရပါသည်။ Netflix, Hulu , Google Play Store စသည့် App များပါရှိမည်ဖြစ်သည်။ Android TV ထည့်သွင်းထားသည့် တီဗီများကို ၂၀၁၅ ခုနှစ်တွင် ရောင်းချရန် Sony , Sharp တို့နှင့် ပူးပေါင်းလုပ်ကိုင်မည်ဟု Google က ကြေညာထားပါသည်။ Razer နှင့် Asus တို့က ဂိမ်းအသားပေး Android TV Set-Top Box များ ထုတ်လုပ်မည်ဟု သိရပါသည်။
Google က Android TV ကို ဆောင်းဦးတွင် ရောင်းချမည်ဟု ပြောသော်လည်း ဈေးနှုန်းကို ပြောကြားခြင်း မရှိဟု သိရပါသည်။
သူရ
Myanmar Digital Life Journal
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) FDA က အကြောသေ ဝေဒနာရှင်များ လမ်းလျှောက်နိုင်ရန် ကူညီပေးနိုင်သည့် ReWalk စက်ရုပ်ခြေထောက်ကို ထုတ်လုပ်ရောင်းချခွင့်ပြု Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး' မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) Android Wear မောင်းနှင်သည့် Samsung Gear Live နှင့် LG G Watch စမတ်နာရီများကို ကြေညာ Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး' မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို