လေယာဉ်ကို အိမ်လုပ်နေသူ

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဓာတ်ပုံထဲမှ မြင်ရတဲ့ လေယာဉ်ရဲ့ ခရီးသည် တဦးဖြစ်ခဲ့သူ ဘရုစ် ကမ်ဘဲလ် ဟာ အခုတော့ အဲဒီလေယာဉ်ကို ပိုင်ဆိုင်ပြီး အိမ်အဖြစ် ပြောင်းလဲကာ နေထိုင်နေပါတယ်။


ဓာတ်ပုံ- The Mirror

အော်ရီဂွန်၊ ပို့လန်းက အသက် ၆၄ နှစ်အရွယ် လျှပ်စစ်အင်ဂျင်နီယာဟောင်း ကမ်ဘဲလ်ဟာ ဘိုရင်း ၇၂၇ လေယာဉ်ကြီးမှာ အိမ်အဖြစ် သူနေလာခဲ့တာ ၁၉၉၉ ခုနှစ်ကတည်းကပါဘဲ။ ဒီလေယာဉ်ထဲမှာပဲ စားသောက်စရာတွေကို သူကိုယ်တိုင် ချက်ပြုတ်ကြော်လှော် ပါသတဲ့။


လေယာဉ်က တောင်ပံတွေကအစ၊ စက်ခန်းအလယ်၊ အဆင်းအတက် ဂီယာတွေကလည်း အကုန် ကောင်း မွန်ပါတယ်တဲ့။ ဒီလေယာဉ်ကြီးကို စတာလင်ပေါင် ၁ သိန်း ၃ သောင်း လောက် အကုန် အကျခံပြီး အခုလို အိမ်အဖြစ် လုပ်ထားတာပါ။ ဒါတောင် သူက လေယာဉ်ကို ၇၄၇ အဖြစ် အဆင့်မြှင့်ဖို့ အစီအစဉ်ရှိတယ် လို့ The Mirror သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။



ကမ်ဘဲလ်က ပြောတာက လူအများစုဟာ သူတို့ နှလုံးသားမှာ တခုမဟုတ် တခုခုကိုတော့ ရူးသွပ်ကြ တတ် တယ်တဲ့။ ဒီအချက်ကပဲ ရယ်စရာလို့ မှတ်ချက်ပေးထားပါတယ်။








အိမ့်သံစဉ် ~ ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...