ပညာရှိ နှင့် ပညာသိ
မင်းသားက ရောက်ပါပြီဟုဖြေလေ၏။
အမတ်ကြီးက " အရှင့်သား အဘယ့်ကြောင့် ကျွန်ုပ်အိမ်ကို လိုက်လာသနည်း"
အမတ်ကြီးက " အရှင့်သား အဘယ့်ကြောင့် ကျွန်ုပ်အိမ်ကို လိုက်လာသနည်း"
မင်းသားက အမတ်ကြီးကို မေးစရာတစ်ခုရှိလို့ပါ။ အမတ်ကြီးက အသင်မင်းသား မေးနိုင်ပါသည် ဟုဖြေ၏။
မင်းသားက " အမတ်ကြီး ပညာရှိဟူသည် မည်သို့သော သူဖြစ်သနည်း။ မည်သည့်အင်္ဂါရပ်များနှင့် ပြည့်စုံမှ ပညာရှိဟုခေါ်ဆိုထိုက်သနည်း"
အမတ်ကြီးက " အရှင့်သား အကြင်သူသည် ပညာအရည်အချင်းမြင့်မား၏။ ပညာရပ်တစ်ခုကို လေးလေးနက်နက် ထိုးထွင်းကျွမ်းကျင်၏။ ထိုပညာတစ်ခုနှင့် ပက်သက်၍ ကျွမ်းကျင်စွာ လုပ်ကိုင် နိုင်ခြင်းကြောင့် ရာထူးဂုဏ်အင်ကြီးမား၏။ ထိုသူကား ရပ်ထဲရွာထဲတွင်လဲ လူချစ်လူခင်ပေါများ၏။ ဘုရင့်တာဝန်တော်တို့ကိုလဲ ကျေပြွန်စွာထမ်းဆောင်နိုင်ပေ၏။ သို့ရာတွင် ထိုသူကိုကား ပညာရှိဟု မခေါ်အပ်။ ပညာသိ ဟုသာခေါ်အပ်၏။
အရှင့်သား အကြင်သူသည် ပညာအရည် အချင်းမြင့်မား၏။ ပညာရပ်တစ်ခုကို ထိုးထွင်းကျွမ်းကျင်၏။ ကိုယ်သိထားသမျှပညာကိုလဲ အခြားသူများထံအလုံးစုံ ဝေဌ၏။ ဆက်လက်၍အခြားအရာများကို လေ့လာပြီး ပြန်လည်ဝေဌ၏။ ထိုသူကိုကား ရပ်ရွာက မချစ်ခင်၊ရာထူးဂုဏ်အင်လဲ မရှိ၊ဘုရင့်တာဝန် တိုင်းပြည်တာဝန်ကိုလဲ မထမ်းဆောင်နိုင်သော်ငြားလဲ ထိုသူ့ကိုကား ပညာရှိဟု ခေါ်အပ်၏။
အရှင့်သားမှတ်သားလော့ " ပညာသိဟူသည် သူကျွမ်းကျင်သောပညာကိုသာသိ၏။ အခြားသူများလဲ ပြန်လည်မဝေဌ။ ဆက်လက်၍ လေ့လာခြင်းလဲမရှိ ထိုသူကားပညာသိပင်ဖြစ်သည်။ ပညာရှိဟူ သည် သူကျွမ်းကျင်သောပညာကိုလဲသိ၏။ အခြားအရာတို့ကိုလဲ ဆက်လက်လေ့လာ၏။ အများသူငါတို့ကိုလဲ အသုံးချနိုင်အောင်ဖြန့်ဝေ၏။ ထိုသူ့ကိုကား ပညာရှိဟုခေါ်ထိုက်ပေသည်။ ထိုစကားကိုပြောပြီးနောက် အမတ်ကြီးလဲ အိပ်ရာထက်တွင် အနားယူနေလေသည်။မင်းသားလဲ နန်းတော်သို့ပြန်သွားလေ၏။
မောင်စိုင်း
နည်းစနစ်ကျကျအတွေးအခေါ်