အောင်မြင်တဲ့ ဒီဇိုင်နာဘဝမှ သီလရှင်ဝတ်သွားသူ



တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီနန်မြို့ဖွား ဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် တင်တိန်းဆိုတဲ့ ဒီဇိုင်နာ ကောင်မ လေးဟာ အောင်မြင်နေတဲ့ ဘဝကို စွန့်လွှတ်ပြီး ဗုဒ္ဓရဲ့ သမီးတော်အဖြစ် ခံယူသွားခဲ့ပါတယ်။ တင်တိန်း ဟာ ချမ်းချမ်းသာသာနဲ့ နေထိုင်ခဲ့ ရတဲ့သူပါ။ ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကတ် အလှပြင်သူ အဖြစ်လည်း လုပ်ငန်းမှာ အလွန်အောင် မြင်နေသူ ဖြစ်ပါတယ်။

သူဟာ ရှန်ဒေါင်းပြည်နယ်၊ ကျင်ဒေါင်း တက္ကသိုလ် ကျောင်းဆင်း တစ်ယောက်ဖြစ်ပါတယ်။ ကျောင်းပြီးက တည်းက သူငယ်ချင်းတွေနဲ့ လုပ်ငန်းတစ်ခု ထူထောင်နေရာက သီလရှင်အဖြစ် ဘဝပြောင်းသွားခဲ့ တာဖြစ် ပါတယ်။ တင်တိန်း သာသနာ့ဘောင်ဝင် သွားတဲ့ ဘုန်းကြီးကျောင်းဟာ ပင်လယ်ရေမျက်နှာပြင် ထက် ပေပေါင်း ၁၃,၀၀၀ မှာရှိတဲ့ နှင်းဖုံးနေတဲ့ တောင်ပေါ်မှာရှိပြီး လူသူအရောက် အပေါက်နည်း လှပါ တယ်။

တရုတ် အမျိုးသမီးလေးတွေ ထဲမှာတော့ စွန့်နိုင်ခဲပြီး၊ လုပ်နိုင်ခဲတဲ့ အလုပ်ကို လုပ်ကိုင်သွားသူ တစ်ယောက်ဖြစ်လို့ အားလုံးက အံ့အားသင့် နေကြပါတယ်။ ဘာဖြစ်လို့ သာသနာ့ဘောင်ကို ဝင်သွား ရတာလဲလို့ သူ့ကိုမေးကြည့် လိုက်တော့ “ဘဝရဲ့ သေခြင်းနဲ့ ရှင်ခြင်း ဆိုတဲ့ ကာလတစ်ခုကြားမှာ နား လည်မှု တစ်ခုခုရှိဖို့ လိုတယ်လို့ ထင်ပါတယ်။ ဆရာလေးဟာ ဒီလောကကို ရောက်လာပြီး ဘာလုပ်နိုင် သလဲ ဆိုတာကို အမြဲစူးစမ်း ခဲ့တယ်။ အသက်ရှင် နေထိုင်ရတဲ့ ဘဝမှာ ဘယ်လို နေထိုင်ရမလဲ ဆိုတာ လည်း အမြဲလေ့လာခဲ့တယ်။ ဒီအချိန်မှာ ဗုဒ္ဓက ဆရာလေးကို ဘယ်လို နေထိုင်ရမယ် ဆိုတာ လမ်းညွှန် ခဲ့တယ်” လို့ ဆိုပါတယ်။ 


The Voice Journal 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...