အသက် ၁၆နှစ်အရွယ် ကျောင်းသားကို အဓမ္မပြုကျင့်မှုဖြင့် အထက်တန်းကျွမ်းဘားဆရာမ တရားစွဲခံရ


ကျောင်းသားတဦးကို အဓမ္မပြုကျင့်မှုဖြင့် အထက်တန်းကျောင်းတကျောင်းမှ ကျွမ်းဘားဆရာမတဦး တရား စွဲခံရပြီး ယင်းတို့ ၂ ဦးပတ်သက်မှုအချိန် ၁ နှစ်ခန့်ကြာပြီဖြစ်ပါကြောင်း CBS New York က ဖော်ပြသည်။

အသက် ၃၉ နှစ်အရွယ်ရှိ ဂျိုင်းမော်စီသည် အသက် ၁၆နှစ်အရွယ်ကျောင်းသား၂ဦးနှင့် မဖွယ်မရာပြုမှုများ အတွက် ကလေးတယောက်၏ လူမှုဘ၀ကို အန္တရာယ်ပြုမှု၊ အဓမ္မပြုကျင့်မှု၊ ပြစ်မှုဆိုင်ရာ လိင်ကိစ္စအနေ အထိုင်တို့ဖြင့် တရားစွဲချက်တင်ခံရသည်။

အစိုးရရှေ့နေများက ဆရာမနှင့်ကျောင်းသားဇာတ်လမ်းသည် လွန်ခဲ့သောနှစ်ဇွန်လက စတင်ခဲ့သည်ဟု ပြောသည်။ နယူးယောက်တွင် အမျိုးသားနှင့် အမျိုးသမီး သဘောတူလိင်ဆက်ဆံမှုကို အသက် ၁၇ နှစ်ဟု ပြဌာန်းထားသည်။

“ဒီအမှုဟာ အရမ်းစိတ်အနှေက်အယှက်ဖြစ်စရာကောင်းတယ်၊ အကြောင်းကတော့ တရားပြိုင်ဟာ ဆရာမ တဦးဖြစ်လို့ပဲ၊ စာသင်ကျောင်းတွေဟာ ကလေးတွေအတွက် ဘေးကင်းလုံခြုံတဲ့နေ ရာဖြစ်သင့် တယ်၊ အဲဒီလို ဖြစ်ရမယ့်အစား တရားပြိုင်ဟာ သူမရဲ့ ကျောင်းသားတဦးနဲ့ လိင်ကိစ္စ မဖွယ်မရာပြု လုပ်ကျောင်း စွပ်စွဲခံရတယ်”ဟု ကွင်းခရိုင်အစိုးရရှေ့နေ ရစ်ချက်ဘရောင်းက ပြောသည်။

မော်စီသည် ကျုးလွန်ခံကျောင်းသားထံသို့ အီးမေးလ်ပို့ပြီး “လူပျိုစစ်သလား”ဟု မေးမြန်းခဲ့ကြောင်း၊ တဏာ ရာဂနိုးဆွသော ဓါတ်ပုံများ ပေးပို့ခဲ့ကြောင်း CBS New York ရုပ်သံက ဖော်ပြသည်။


News Watch(စောင့်ကြည့်သတင်းဂျာနယ်)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...