အင်တာနက်ပေါ်မှဖိုင်များကို ဝေမျှနိုင်မည့် မြန်မာဝက်ဘ်ဆိုက်တစ်ခု ထွက်ပေါ်



အင်တာနက် အသုံးပြုသူ မြန်မာများအနေဖြင့် အွန်လိုင်းပေါ်တွင် ဖိုင်များကို အလွယ်တကူ မျှဝေမှုများ ပြုလုပ်နိုင်ရန်အတွက် File Sharing Service တစ်ခုဖြစ်သော Download MM ဟူသည့် File Upload / Download Sharing Site တစ်ခုထွက်ပေါ်လာပြီဖြစ်သည်။

ယင်းကဲ့သို့ အွန်လိုင်းပေါ်တွင် ဖိုင်များကို Download လုပ်ယူပြီး Sharing ပြုလုပ်လိုသူများအတွက် Download MM ဟူသည့် Site ကို Myanmar Mobile App Store ကိုတည်ထောင်သူ ကိုသက်နိုင်စိုးက ရေးဆွဲထားခြင်းဖြစ်သည်။ ရိုးရှင်းလွယ်ကူစွာဖြင့် အွန်လိုင်းပေါ်တွင် ဖိုင်များကို Upload ပြုလုပ်ခြင်း၊ Download ပြုလုပ်ခြင်းဖြင့်ပြန်လည် မျှဝေနိုင်ခြင်းတို့ကို ပြုလုပ်နိုင်ရန်အတွက်ဖြစ်ပြီး မြန်မာများအတွက် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဝက်ဘ်ဆိုက်တွင် ဖိုင်များကိုအခမဲ့ Upload , Download ပြုလုပ်နိုင်မည်ဖြစ်ပြီး Premium Download / Slow Download ဟူပြီး ခွဲခြားထားခြင်းမရှိကြောင်း ကိုသက်နိုင်စိုးက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့အပြင် ဖိုင်များကို တိုက်ရိုက် Download ရယူနိုင်အောင် ပြုလုပ်ပေး ထားပြီး ဖိုင်အရွယ်အစား 200 MB ပမာဏအထိရှိသော ဖိုင်များအထိ Download ပြုလုပ်နိုင်မည်ဖြစ် သည်။

အဆိုပါ မြန်မာများအတွက် File Upload / Sharing Site ပေါ်တွင် နောက်ပိုင်း၌ ဖိုင်အရွယ်အစား 200 MB ထက်ပိုသော ပမာဏအထိ တင်နိုင်ရန်အတွက် ပြုလုပ်ပေးသွားရန် ရှိကြောင်းသိရသည်။ Myanmar Mobile App Store မှ ဝန်ဆောင်မှုပေးထားသော Download MM Site ကို လက်ရှိတွင် Beta version အနေဖြင့် တင်ထားပြီဖြစ်ပြီး စတင်သုံးစွဲနိုင်ပြီဖြစ်သည်။ Download MM နှင့်ပတ်သတ်သော အသေး စိတ်အချက်အလက်များကို http://www.downloadmm.com/ တွင် ဝင်ရောက် လေ့လာနိုင်မည်ဖြစ် သည်။


Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...