တရုတ်နိုင်ငံ၏ ဆင်ဆာဖြတ်တောက်မှုကို မစိုးရိမ်ကြောင်း Flipboard ပြောကြား



ပြီးခဲ့သည့်နှစ် သြဂုတ်လက အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြသည့် Flipboard news reader app ကို တရုတ်နိုင်ငံက အသုံးပြုခွင့် တားမြစ်ထားပြီးနောက် တရုတ်ဗားရှင်းအတွက် မဂ္ဂဇင်း feature ကို ထောက်ပံ့ပေးခဲ့ကြောင်း Flipboard က ကြေညာခဲ့သည်။ အဆိုပါ feature သည် သုံးစွဲသူများအား content များ စုဆောင်းကာ ကိုယ်ပိုင် အီလက်ထရွန်နစ် မဂ္ဂဇင်း အဖြစ် ဖန်တီးစေနိုင်မည် ဖြစ်သည်။

Flipboard ၏ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဌာန အကြီးအကဲ ဖြစ်သူ Alexdaner က ကုမ္ပဏီ၏ news reader app ကို ကမ္ဘာတစ်ဝန်းမှ မှတ်ပုံတင်ပြီး အသုံးပြုသူ သန်း ၁၀၀ ရှိကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ သုံးစွဲသူ အရေအတွက်ကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။ သို့သော်လည်း တရုတ်နိုင်ငံသည် ကုမ္ပဏီအတွက် ဒုတိယ အကြီးဆုံး ဈေးကွက် ဖြစ်ကြောင်း၊ ၎င်းသည် တစ်ဖြည်းဖြည်း ပိုမိုအရေးပါလာကြောင်း ဆိုခဲ့သည်။

တရုတ်နိုင်ငံနှင့် Flipboard တို့၏ အနာဂတ် စီးပွားလုပ်ငန်းအပေါ် ဆင်ဆာဖြတ်တောက်ခြင်းနှင့် ပတ်သက်၍ Alexander က မိမိတို့အနေဖြင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်းသည် အခြားသော အမေရိကန် ကုမ္ပဏီများကဲ့သို့ပင် အမှားများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအမှားများမှ မိမိတို့ လေ့လာသင်ယူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် Filpboard တရုတ်ဗားရှင်းသည် တရုတ်လူမျိုး ပိရသတ်များအတွက်သာ ပြုလုပ်ထားသည့် localized ထုတ်ကုန်တစ်ခု ဖြစ်ကြောင်း၊ အချို့သော နိုင်ငံတကာ content များကို အသုံးပြုရာတွင် သင့်တော်သည့် လမ်းညွှန်ချက်များဖြင့် သတိထားဆောင်ရွက်ကြောင်း၊ ထို့အတွက် တရုတ်နိုင်ငံ၏ ဆင်ဆာဖြတ်တောက်မှုအပေါ် မစိုးရိမ်ကြောင်း Alexander က ပြောကြားခဲ့သည်။

-နောင်နောင်
Ref: TechInAsia
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၁)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...