လက်တွေ့အသုံးတည့်သည့် အလွယ်သုံး HDR နည်းကလေးတစ်ခု
သို့ရာတွင် HDR ကို ကျွန်တော် အသုံး အလွန် နည်းပါသည်။ ရေးသားရာတွင် လက်တွေ့ကို အခြေပြု သည်ထက် နိုင်ငံတကာမှ ဆောင်းပါးများကို လေ့လာ ဖတ်ရှု အခြေခံ ပြုကာ ရေးသား ခြင်း ဖြစ်ပါ သည်။
ဤ ကဲ့ သို့ လေ့လာ ဖတ်ရှု သည့် အချိန်တွင် မှ HDR သည် လူ၏ မျက်စေ့ ဖြင့် တွေ့ နိုင်သည်ကို ကင်မရာ က လိုက်၍ ဖေါ်ပြ နိုင်စွမ်း မရှိသဖြင့် HDR ဖြင့် ပုံ ပြန် ဖေါ် ပေးသည့် နည်း ဟု ဆိုသည်ကို တွေ့ လိုက်ရပါသည်။
သို့ရာတွင် HDR သည် စိတ်ကူး ကွန့်မြူး နိုင်လျှင် ကွန့်မြူး နိုင် သလောက် ဆန်းကျယ်သည့် ပုံများ ဖန်တည်း နိုင်ရာ အဆိုပါ ဆန်းကျယ်သည့် ပုံများသည် လည်း HDR တွင် လိုင်းတစ်လိုင်းအဖြစ် ရပ်တည် လာပါသည်။
Sunset ကဲ့ သို့ ပုံ များ ရိုက် ရာ တွင် ကောင်းကင်နှင့် မြေပြင် တို့ အလင်းရောင် ကွာခြားမှု သည် အကြမ်း အားဖြင့် 2 Stop ခန့် ကွာ နိုင်ခြေ ရှိနိုင်ပါသည်။ ထို့ ကြောင့် ကောင်းကင်ကို အမှန်ယူ လိုက် လျှင် မြေပြင် သည် Underexpose ဖြစ်ကာ မှောင်သွားပါမည်။ မြေပြင်ကို အမှန်ယူ လိုက်လျှင်လည်း ကောင်းကင်သည် Overexpose ဖြစ်ကာ ဖြူ သွားပါမည်။ လူ၏မျက်စေ့ကမူ ကောင်းကင်ရော မြေပြင်ကိုပါ အလင်း အမှန်အတိုင်း မြင်နိုင်ပါသည်။ ကင်မရာကမူ မျက်စေ့ လောက် မမြင် နိုင်ပါ။
ထို့ ကြောင့် GND Filter ခံ ကာ ကောင်းကင်၏အလင်းကို မြေပြင်နှင့် ပြန် ညှိပေးကြပါသည်။ နေ့ ခင်း အချိန် တောအုပ် နှင့် ကောင်းကင်၏ လှပသော တိမ်တိုက်များကို ရိုက်လျှင်လည်း အလားတူ ပြဿနာ ရှိလာပါသည်။
ကျွန်တော် သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့ နေ့ ခင်း ၂ နာရီ ခန့် Pasir Ris ရှိ ကျွန်တော် တို့ ငှက် ဓါတ်ပုံ သမားများ နားခိုရာ ရေလည် ဆောင်ကို အမှတ်တရ အဖြစ် ဓါတ်ပုံ ရိုက်ရာ အဆိုပါ ပြဿနာရှိလာ ပါသည်။
ထိုအချိန် တွင် တိမ်တိုက် များလှပ နေသည့် အတွက် တိမ် တိုက် ကိုရလိုသည့် အတွက် တိမ်တိုက်ကို အဓိကထားကာ Exposure ယူ ၍ ရိုက်ရာ အောက်ပါ ပုံကဲ့သို့ ကောင်ကင် ရှိတိမ် များ လှပ နေကာ ချောင်း နဘေး ရှိတော အုပ် များ သည် Underexpose ဖြစ်ကာ မဲ ကုန်ပါသည်။ အောက်ပါပုံကို ကြည့်လျှင် ကျွန်တော် တို့ ငှက် ဓါတ်ပုံသမားများ နေပူလျှင် အရိပ် ခိုကြသည့် ရေလယ် ဆောင် ( Rest House ) ကလေး အား အမဲ ရိပ် များကြားတွင် များစွာ ပေါ်လွင်ခြင်း မရှိ သည်ကို မြင်နိုင်ပါသည်။ ကျွန်တော် သည် တိမ် တိုက်အပြင် ထို နားနေဆောင် လေးကို လည်း အမှတ်တရ အဖြစ် လိုခြင်ပါသည်။

အထက်ပါ ပုံ ၏ မူရင်းပုံတွင် တောအုပ်များမဲ နေပါသည်။ Blog သို့ ပုံ ကိုတင် လိုက်သည့် အချိန်တွင်မူ Auto-Adjustment ကြောင့် အောက်ပိုင်းရှိတော အုပ်များ အနည်းငယ် ပို၍ လင်းနေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် တော အုပ် ပေါ် လာစေရန် Exposure ကို တိုး ယူ၍ ရိုက်သော အချိန်တွင် အောက် ပါပုံ ကဲ့ သို့ တောအုပ် ပေါ်လာပါသော်လည်း ကောင်း ကင်သည် Overexpose ဖြစ်ကာ ဖြူသွား ပြန်ပါသည်။
ကောင်း ကင် နှင့် မြေပြင် ကို Exposure ညှိကာ ယူ၍ ရိုက်သော အခါ တွင် မူ အထက်အောက် မျှလာ သလို ရှိသော်လည်း အောက်ပါ ပုံကဲ့သို့ အဓိက လိုခြင်သည့် တိမ် တိုက် ၏ အလှ သည် အနည်း ငယ် မျှ လျှော့ သွားပြန် သည်။
ထို အချိန် တွင် HDR သုံး လျှင် အဆင်ပြေ မည် ကို သတိ ရလိုက် သဖြင့် HDR လုပ်ရန် အတွက် Exposure အတိုး ၊ အလျှော့ ၊ ပုံမှန် Exposur အမျိုးမျိုး ဖြင့် (၃) ပုံ (၄) ပုံ ခန့် ရိုက်လိုက်ပါသည်။ ထိုပုံ များကို CS 5 တွင်ပါသည့် HDR ( File - Automate- Merge to HDR Pro ) ဖြင့် ပေါင်းလိုက်ရာ ကောင်းကင် ရော မြေပြင်ပါ လှပ လာသည့် အောက်ပါ ပုံ ရ လာပါသည်။ လက်တွေ့ မျက်စေ့ ဖြင့် မြင်ရ သည့် အတိုင်း နီးပါး ရလာ ပါသည်။

အဆိုပါ ပုံ ကို CS 5 ရှိ Photoshop ဖြင့် အနည်းငယ် ညှိ လိုက်ရာ အောက်ပါ ပုံ ရလာပါသည်။

ယင်း ပုံ ကို ပင် အနည်းငယ် ပို၍ အရောင်များကို ညှိလိုက်ရာ အောက်ပါပုံ ကဲ့သို့ အရောင် ဆန်းဆန်း ကြမ်းကြမ်း ပုံ ဖြစ်လာ ပါသည်။

ထို့ကြောင့် အထက်ပါ အခြေအနေကဲ့သို့ အထက်အောက် အလင်းရောင် ကွာခြား နေသည့် အတွက် တစ်ဘက် ဘက်တွင် အလင်းအား များစွာ အားနည်း နေသည့် အခြေ အနေမျိုး တွင် သက်ဆိုင်ရာ Filter များ အဆင်သင့်ပါ မသွားပါက Exposure အတိုး ၊ အလျှော့ ၊ ပုံ မှန် တို့ ဖြင့် ပုံ (၃) ပုံ (၄) ပုံ ခန့် ရိုက် ထားကာ ဤ ကဲ့ သို့ အလွယ် သုံး HDR နည်း ဖြင့် ပြန် ပေါင်း သည့် နည်းကို သုံးသင့် သည်ဟု ယူဆ ပါကြောင်း အတွေ့ အကြုံ လေးကို မျှဝေ လိုက်ပါသည်။ ဤ ပုံများသည် နမူနာ မျှသာ ဖြစ်ပါသည်။ ကျွမ်း ကျင် သူများ အနေနှင့် ကျွမ်းကျင် သကဲ့သို့ ယခု ပုံ များထက် ပိုမို လှပ ပြေ ပြစ်အေင် ညှိ နိုင်ကြမည် ဖြစ် ပါသည်။
ကျွန်တော် မကြာခဏ ဆိုခဲ့သည့် အတိုင်း ဓါတ်ပုံသည် အနု ပညာ ဖန်တည်း မှု တစ်ခု သာ ဖြစ်ပါသည်။ Commercial Photography ဆိုလျှင် မူ Customer အကြိုက် လိုက် ဖန်တည်းရ ပါမည်။ ဤသို့မဟုတ်ဘဲ မိမိ ကိုယ်တိုင် ခံစား ဖန်တည်း ရိုက်ကူးခြင်း ဖြစ်ပါမူ မိမိခံစားသည့်အတိုင်း ဖန်တည်းကြ မည်သာ ဖြစ်ပါ သည်။ အနုပညာ ခံ စားမှု တစ်ရပ်တွင် ယေဘူယျ အားဖြင့် မည်သည့် အရာက ကောင်းသည် ဆိုး သည်ဟူ ၍ ယတိပြတ် ပြောရန် ခက်ပါသည်။ Beauty has its own Term ဟူ သော " အလှ ဆိုသည် မှာ သူ့ စံ နဲ့ သူ ရှိကြ စမြဲ " ဆို သည့် စကား ရှိပါသည်။ ကာယကံ ရှင်များ အနေနှင့် မိမိ ခံစားမိ သကဲ့ သို့ စိတ် ကြိုက် ဖန်တည်း နိုင်ခွင့်ရှိ သည့် အရာသာ ဖြစ် သည်ဟု ဆို ရပါမည်။
PDF file ဖြင့် ရယူလိုပါက ဒီနေရာမှာ ဒေါင်းလုပ် ရယူပါ..
Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) နင်စေရင်ဇာတ်ကားကို စိတ်နှစ်သရုပ်ဆောင်ရင်း ဖျားသွားလို့ ဒရစ်တောင်ချိတ်ခဲ့ရတယ်လို့ ဆိုလာတဲ့ ၀တ်မှုန်ရွှေရည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ဓါတ်ပုံကောင်းတစ်ပုံ ဆိုသည်မှာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို