Huawei Ascend P7


ဒီဇိုင်း

P7 ဟာ Huawei ကနေပြီး အသစ်တင်သွင်းလာတဲ့ နည်းပညာမြင့် စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ ပုံစံ ဒီဇိုင်းပိုင်းကို ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ ပထမထွက်ခဲ့တဲ့ Ascend P6 နဲ့ ပုံစံဒီဇိုင်းချင်း ဆင်တူသ လို ပါးလွှာမှုကလည်း သိပ်မကွာခြားလှပါဘူး။ P7 က P6 ထက်အနည်းငယ်လောက်ပဲ ပိုထူပါတယ်။ ဖုန်း ကို စတင်မြင်တွေ့ချိန်မှာတော့ P7 ရဲ့ပါး လွှာမှုနဲ့ သေသပ်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ ဆွဲဆောင်မှု ရှိနေတာ တော့အမှန်ပါပဲ။ အရွယ်အစားကတော့ Screen အကျယ်အဝန်းက ၅.၀ လက်မရှိတဲ့အတွက် မြင်ကွင်း အကျယ်အဝန်းက ကောင်းမွန်တဲ့အပြင် ဖုန်းရဲ့ ဘေးတိုက် အကျယ်အဝန်းကလည်း ၆.၈၈ စင်တီမီတာဖြစ်တဲ့အတွက် ဘေးတိုက်အကျယ်အဝန်းက လက်နဲ့ကိုင်လို့ ကောင်းမွန်တဲ့ အရွယ်အစားမျိုးပါ။ ဖုန်းရဲ့အရွယ်အစားဟာ လက်ထဲမှာ ကိုင်လို့ကောင်း မွန်တဲ့ အရွယ်အစားမျိုး ဖြစ်တဲ့အပြင် ပါဝါခလုတ် တွေနဲ့ အသံအတိုးအကျယ် ခလုတ်တွေဟာ ဖုန်းရဲ့ ဘေးဘောင်မှာ ဖြစ်တဲ့အတွက် ဖုန်းကိုလက်တစ်ဖက် နဲ့ ကိုင်တွယ်ထိန်းကျောင်းဖို့ အတွက်လည်း အဆင်ပြေပါတယ်။ ဖုန်းရဲ့ပုံစံဟာ ထောင့်ကျကျပုံစံမျိုး ပြုလုပ် ထားပြီး ဖုန်းရဲ့ဖွဲ့စည်းပုံဟာ ဖန်နဲ့သတ္ထုရောစပ်ပုံစံ ဒီဇိုင်းမျိုးဖြစ်တဲ့အပြင် ထူးခြားတဲ့ ဖွဲ့စည်းပုံတစ်ခု ကတော့ ဖုန်းရဲ့ရှေ့ဘက်မြင်ကွင်း မျက်နှာပြင်နဲ့ နောက်ဘက် ကျောဘက်မျက်နှာပြင် နှစ်ခုစလုံးကို Corning Gorilla Glass3 နဲ့ဖွဲ့စည်း တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ ကျောဘက်ကာဗာ မျက်နှာ ပြင်ဟာလည်း ရှေ့ဘက် Screen မျက်နှာပြင်လိုပဲဖြစ်နေပြီး ပွန်းရှခြင်းတွေကို ခံနိုင်ရည်ရှိမယ့် သဘောပါ ပဲ။ GSM စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက်နှစ်ခုစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီဖုန်းဟာ အခြားနိုင်ငံတွေအတွက် ထုတ်လုပ်တဲ့ နည်းပညာနဲ့ ပြည်တွင်းအတွက် ထုတ်လုပ်တဲ့ နည်း ပညာပိုင်း ဖုန်းအတွင်းအသုံးပြု Hardware ပိုင်းစနစ်တွေဟာ အားလုံးတူညီပေမယ့် ပြည်တွင်းကို တင်သွင်း ရောင်းချတာကတော့ 3G စနစ်အတွက်ပဲဖြစ်ပြီး အခြားနိုင်ငံတွေအတွက်ကတော့ 4G ကွန်ရက် စနစ်နဲ့ ထုတ်လုပ်တယ်လို့ ဆိုပါတယ်။

နည်းပညာ

နည်းပညာပိုင်းအရ ဆိုရင်တော့ P7 ဟာ Huawei ဖုန်းအသုံးပြုသူ တွေအတွက် အခြား Huawei ဖုန်းတွေ နဲ့ မတူတဲ့ နည်းပညာဆန်းသစ်မှုတွေကို တင်ဆက်ထားတဲ့ဖုန်းလို့ ဆိုရမှာပါ။ နည်းပညာပိုင်းအရ ကင်မရာ စနစ်ပိုင်းမှာတော့ ကိုယ့်ကိုယ့်ကိုယ် ဓာတ်ပုံပြန်ရိုက်တဲ့ ရှေ့ကင်မရာစနစ်မှာ Panoramic Selfie ဆိုတဲ့မြင်ကွင်းကျယ် စနစ်ပါဝင်လာပါ တယ်။ ရှေ့ကင်မရာနဲ့ ဓာတ်ပုံ ပြန်ရိုက်ချိန်မှာ မြင်ကွင်းကျယ်ပုံစံမျိုး ခံစားရမှာပါ။ ဒါ့အပြင် ရှေ့ကင်မရာကို ကိုယ့်ရဲ့ ကြည့်မှန်တစ်ချပ်လို အသုံးပြုနိုင်စေမယ့် Mirror ဆိုတဲ့ စနစ်ကိုလည်းထည့်သွင်း ထားတာတွေ့ရ ပါတယ်။ ဓာတ်ပုံရိုက်တဲ့နေရာမှာ ရေစာတွေကို ထည့်သွင်း ရိုက်ကူးနိုင်မယ့် Watermark Photo အစရှိတဲ့စနစ်တွေကို ဒီဖုန်းမှာမြင်တွေ့နိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

ဒီဖုန်းမှာ ထည့်သွင်းအသုံးပြုထားတဲ့ CPU ကတော့ Quad-core 1.8GHz Cortex-A9 CPU ကိုထည့် သွင်း အသုံးပြုထားတာဖြစ်ပြီး Chipset ကတော့ HiSiliconKirin 910T အမျိုးအစားကို အသုံးပြုထား တာဖြစ်ပါတယ်။ ဒါ့အပြင် ဂရပ်ဖစ်စနစ်ပိုင်းအတွက်လည်း Mali-450MP4 ဂရပ်ဖစ် GPU ကိုထည့်သွင်း အသုံးပြုထားတာပါ။ ဂရပ်ဖစ်စ နစ်ပိုင်းအတွက် GPU ပါဝင်တဲ့အပြင် Screen Resolution ကလည်း 1080x1920 Pixel ရှိနေတဲ့အတွက် Screen မြင်ကွင်းရုပ်ထွက် စနစ်ပိုင်းမှာတော့ ကြည်လင်ပြတ်သားမှုရှိနေပါတယ်။ အသုံးပြုထားတဲ့ Screen အမျိုးအစားကတော့ IPS LCD ကို အသုံးပြုထားတာဖြစ်ပြီး အသံ စနစ်အတွက်ကတော့ Dolby Digital စနစ်ကိုအသုံးပြုထားပါတယ်။ ဖုန်းတွင်း မှတ်ဥာဏ်စနစ်အနေနဲ့ Internal Memory 16GB ပါဝင်ပြီး RAM က တော့ 2GB ရှိပါတယ်။ နောက်ထပ်မှတ်ဥာဏ် ထပ်တိုးအ သုံးပြုဖို့အတွက်လည်း Micro SD Card 64GB ထိ ထပ်တိုးအသုံးပြုနိုင်ပါတယ်။ ကင်မရာကတော့ နောက် ကင်မရာမှာ 13Mega Pixel ရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားပြီး ရှေ့ကင်မရာကလည်း 8Mega Pixel ကင်မရာဖြစ်တဲ့အတွက် ဒီဖုန်းဟာ ကင်မရာစနစ်ပိုင်းမှာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းရဲ့ရှေ့ ကင်မရာ စနစ်တွေထဲမှာတော့ ဒီဖုန်းက ကင်မရာစနစ် အမြင့်မားဆုံးလို့ ဆိုရမှာပါ။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်တော့ P7 ဟာကင်မရာစနစ်ပိုင်းမှာ ပြည့်စုံကောင်းမွန်နေပြီး ဖုန်းရဲ့ ဖွဲ့စည်းတည်ဆောက်မှု အပိုင်းမှာဆိုရင်လည်း ရှေ့ဘက်မျက်နှာပြင်အပြင် နောက်ဘက်မျက်နှာ ပြင်ကိုပါ Corning Gorilla Glass ကို အသုံးပြုထားတာကလည်း ထူးခြားပါတယ်။ အရွယ်အစားပိုင်း က လည်း သင့်တင့်ကောင်းမွန်နေပါတယ်။ ဈေးနှုန်းကတော့ ကျပ် 333,000 ဝန်းကျင်ဖြစ်တဲ့အတွက် ပြည် တွင်းမှာရှိတဲ့ Huawei ဖုန်းတွေထဲမှာတော့ ဈေးနှုန်းအမြင့်မားဆုံး ဖုန်းလို့ဆိုရမှာပါ။ ဒါ့အပြင် ဖုန်းက ဖန်နဲ့သတ္ထု ရောစပ်ထားတဲ့ ပုံစံမျိုးဖြစ်နေပြီး နောက်ဘက် ကာဗာကလည်း Glass အုပ်ထားတဲ့အတွက် ချောနေပြီး အလွယ်တကူ လွတ်ကျတာမျိုးတွေတော့ ဖြစ်နိုင်ပါတယ်။


-ကိုသက်
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၄) 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...