iOS 8 မှာ Jailbreak လုပ်စရာမလိုဘဲ မြန်မာစာ ရိုက်နိုင်မည့် ကီးဘုတ် ထွက်ရှိမည်လော

iOS 8 မှာ Built-in Keyboard အပြင် အခြား အပြင် developer တွေရေးတဲ့ Third-party keyboard app တွေကို ထည့်သွင်းလို့ရမှာဖြစ်ကြောင်း Apple က ၂၀၁၄ ဇွန်လ ၂ ရက်နေ့မှာပြုလုပ်သွားတဲ့ WWDC 2014 Event မှာ တရားဝင်ပြသ ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ ယင်းနောက်မှာတော့ iOS Developer တွေဟာ iOS 8 မှာ Custom Keyboard app တွေရေးသား ထုတ်လုပ်ဖို့ကြိုးပမ်းနေကြပါပြီ။ Built-in Keyboard အပြင် Third-party Keyboard တွေကို ထည့်သွင်းခွင့်ပေး လိုက်ပြီဖြစ်တာကြောင့် ယခင်က Third-part Myanmar Keyboard app တွေကို Jailbreak Cydia Tweak အဖြစ်ရေး သားနေကြရာကနေ ယခုအခါ iTunes Store ပေါ်မှ download ရယူ install လုပ်နိုင်သော Official app များအဖြစ်ရေးသားနိုင်တော့ မှာဖြစ်သလို users များအနေနဲ့လည်း ပိုမိုလွယ်ကူစွာ ထည့်သွင်းအ သုံးပြုနိင်ကြတော့မှာဖြစ်ပါတယ်။ iOS Device များအတွက် iOS မြန်မာဖောင့်ကို အမြဲထုတ်ဝေပေးနေတဲ့ iOS Developer ဖြစ်တဲ့ ကိုထိန်လင်းရွှေ (ကို Saturn God) ကသူ့ရဲ့ Blog မှာ အခုလိုရေးသားထား တာတွေ့ရပါတယ်။

“iOS 8 စထွက်တဲ့ နေ့တုန်းက XCode 6 ကို download ချ။ Swift ကို လေ့လာပြီး iOS 8 အတွက် keybaord ရေးဖြစ်တယ်။ Sar keyboard ကိုပဲ အခြေခံပြီး Swift နဲ့ ပြန်ပြင်ရေးထားတယ်။



အခု key တွေ အားလုံး ထည့်ပြီးပြီ။ keyboard လည်း ပြောင်းလို့ရတယ်။ iOS 8 မှာတော့ bugs လေးတွေ ရှိသေးတော့ keyboard view က ပြဿသာနာတွေ ရှိသေးတယ်။ နောက်ထပ် release မှာ ထပ်စမ်းရမယ်။ Back button က long press ကို အလုပ်မလုပ်သေးဘူး။ အဲဒါကို ပြင်ဖို့ လိုသေးတယ်။ Smart Zawgyi တော့ မဟုတ်သေးဘူး။ ပြင်စရာ အချို့လေးတွေ ရှိသေးတယ်။ iOS 8 app တွေ App store ပေါ်တင်လို့ ရတာနဲ့ တစ်ခါတည်း တင်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ ” 


iOS 8 (iPhone) Emulator ပေါ်တွင် Third Party မြန်မာကီးဘုတ် app အားစမ်းသပ်ပြနေစဉ်



iOS 8 (iPad) Emulator ပေါ်တွင် Third Party မြန်မာကီးဘုတ် app အားစမ်းသပ်ပြနေစဉ်

ဒီအတိုင်းဆိုရင် iOS 8 တင်ထားတဲ့ users တွေအတွက် သိပ်မဝေးတော့တဲ့အချိန်ကာလအတွင်းမှာ iOS 8 မှာစတင်ထည့်သွင်းအသုံးပြုနိုင်မယ့် Third-party Myanmar Keyboard များကို application အဖြစ် Jailbreak လုပ်စရာမလိုဘဲထည့်သွင်းအသုံးပြုနိင်တော့မှာဖြစ်ပါတယ်။ iOS 8 ကတော့ ကမ္ဘာအရပ်ရပ်က iOS Users တွေသာမက ကျွန်တော်တို့မြန်မာ iOS users တွေအတွက်လည်း တော်တော်ကို ရင်ခုန် ဖို့ကောင်းနေပါပြီ။


သက်နိုင်စိုး (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...