စင်ကာပူနှင့် သြစတြေးလျနိုင်ငံတို့တွင် ရောင်းချတော့မည့် LG G3
LG ၏စမတ်ဖုန်းသစ် G3 ကိုစင်ကာပူနှင့် သြစတြေးလျနိုင်ငံတို့တွင် ဒေါ်လာ ၆၉၀ ခန့်ြ့ဖင့်ရောင်းချရန် စီစဉ်နေကြောင်းသိရသည်။
စင်ကာပူသည် ကမ္ဘာတစ်ဝန်းတွင် LG G3 စမတ်ဖုန်းကို ဖြန့်ချိခံရသည့် မြို့ခြောက်မြို့ထဲကတစ်မြို့ဖြစ်ပြီး ၎င်းစမတ်ဖုန်းကိုရောင်းချမည့် ဈေးနှုန်းထုတ်ပြန်ခဲ့သည့် တစ်ခုတည်းသော မြို့လည်း ဖြစ်သည်။ G3 16GB ဗားရှင်းကိုစာချုပ်မပါဝင်ဘဲဝယ်ယူပါကဒေါ်လာ ၆၉၀ သတ်မှတ်ထားပြီး 32GB ဗားရှင်းကိုဒေါ်လာ ၇၄၀ ရောင်းချသွားမည် ဖြစ်သည်။LG ၏သြစတြေးလျ ဝက်ဆိုက်တွင် G3 သတ္တုအနက်ရောင် 16GB ဗားရှင်းကိုဒေါ်လာ ၇၄၀ ဖြင့်ရောင်းချသွားမည်ဖော်ပြထားသည်။
LG G3 စမတ်ဖုန်းကိုတောင်ကိုရီယားတွင် မေလ ၂၈ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီးစင်ကာပူနိုင်ငံ၌ ဇွန်လ ၂၈ ရက်နေ့တွင်မှသာစတင်ရောင်းချခဲ့သည်။ သို့သော် G3 စမတ်ဖုန်းကိုယူကေနှင့် အမေရိကန် နိုင်ငံတို့တွင် ဇွန်လ ၁ရက်နေ့မှ စတင်၍ရောင်းချခဲ့ကြောင်းသိရသည်။ G3 တွင် 2,560x 1,440 pixel display အသုံးပြုထားသည့်အပြင် laser focus ပါဝင်သောကင်မရာပါဝင်ကာ quad-core ပရိုဆက်ဆာနှင့် Android KitKat 4.4.2 တို့ပါဝင်လာသည်။
စိုးထက်
Ref: CNET
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၁)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)