ချစ်သူက အပြင်လောက ကပါလို့ ဖွင့်ဟလာတဲ့ Mဆိုင်းလု


ခင်ဆွေသက် on 2014-06-26 12:23

မြန်မာနိုင်ငံရဲ့ မော်ဒယ်လ် လောကထဲမှာ ဘောင်ဝင်တဲ့ မော်ဒယ်လ် တစ်ယောက်အဖြစ် ကြိုးစားရပ် တည်နေရင်း Photo Model အလုပ်ကိုမှ ၀ါသနာထုံတယ်လို့ ဖွင့်ဟလာတဲ့သူ Mဆိုင်းလူနဲ့ တွေ့ဆုံခိုက် မှာ သူမ ဖွင့်ဟသွားတဲ့ အရာတွေကတော့ “လတ်လလောက မဂ္ဂဇင်းဂျာနယ်တွေ အတွက် ရိုက်ပေးဖြစ် တယ်။ အမျိုးသမီးရေးရာ ရှိုးလျှောက်ဖို့ရှိတယ်။ ပြီးတော့ Model Academy ပေါ့။ အမျိုးသမီးရေးရာ ပွဲမှာ က ညီမက ကချင်ရယ်၊ ချင်းရယ်၊ Karasik ရယ် round သုံးခု လျှောက်ရမှာပေါ့။ ညီမက ကချင်လူမျိုးဖြစ် တဲ့အတွက် ကချင်ဝတ်စုံဝတ်ရတာ ပီတိလဲဖြစ်တယ်။ ညီမတွက် အရမ်းအဆင်ပြေတယ်။ ညီမလဲ အရမ်း ကြိုက်တယ်။ ချင်းဝတ်စုံကကျတော့ အဆင်ပြေတယ်။ Karasik ကလဲ အဆင်ပြေတယ်ဆိုတော့ အားလုံး သူ့ဟာ နဲ့သူ အဆင်ပြေနေတာပါပဲ။ အမျိုးသမီးပွဲမှာ ရှိုးလျှောက်ခွင့် ရတဲ့အတွက် ပျော်လဲပျော်မိတယ်။ ပြီးတော့ ညီမက သရုပ်ဆောင်တာကို လုံးဝ ၀ါသနာမပါဘူး။ ရှိုးလျှောက်တာနဲ့ ဓာတ်ပုံရိုက်တာကိုပဲ ၀ါသနာပါတယ်။ မော်ဒယ်လ်လုပ်နေရင်းနဲ့မှ အခွင့်အရေးပေးလာမယ် ဆိုရင်တော့ သရုပ်ဆောင်ဖက်က လုပ်ဖြစ်ချင် လုပ်ဖြစ်မှာပေါ့နော်” တဲ့။

ဒါ့အပြင် Photo Model တစ်ယောက်အဖြစ် ရပ်တည်ရတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ကိုလည်း “ ဓာတ်ပုံ ရိုက်တဲ့ အခါကျရင် Mood ကတော့ မျိုးစုံရှိတာပေါ့နော်။ ကိုယ့်ရိုက်မယ့် လိုကေးရှင်းနဲ့ ကိုယ်ဝတ်မဲ့ ဖက်ရှင်ကို ဦးစားပေးပြီး စဉ်းစားဖြစ်ပါတယ်။ ညီမခု ၄နှစ်လောက်ရှိပြီ။ ဒီလောကထဲမှာ မော်ဒယ်လ် တစ်ယောက်အနေနဲ့ ရပ်တည်နေတာ။ အဲဒီအပေါ်မှာကျေနပ်တယ်။ ပီတိလဲဖြစ်တယ်။ ရှေ့ဆက်ပြီး ဆက်လက်ကြိုးစားသွားဖို့ပဲ ရှိပါတယ်။ ဒီလောကအပေါ်ကို မြင်မိတာကတော့ အကောင်းဖက်က ကြည့် ရင်တော့ ကောင်းတာပေါ့နော်။ အဆိုးဖက်က ကြည့်ရင်တော့လဲ အဆိုးပေါ့နော်။ ညီမကတော့ အဲလိုပဲ နားလည်ထားပါတယ်။ အိမ်က မိဘတွေကလဲ ဒီအလုပ်နဲ့ပတ်သတ်ပြီး ထောက်ပံ့ပေးပါတယ်။ အဲဒီအ တွက်သိပ်ပြီး အခက်အခဲ မရှိခဲ့ဖူးပေါ့နော်။ ဖက်ရှင်ကတော့ မိုးရာသီမှာ အိမ်မှာနေရင် ဆွယ်တာပါးပါး လေးနဲ့ ဘောင်းဘီတိုလေးနဲ့ပေါ့။ အဲလောက်ပဲဝတ်ဖြစ်ပါတယ်။ အချစ်ရေးကတော့ ပုံမှန်ပါပဲ။ အဆင်ပြေ ပါတယ်။ ချစ်သူထားတာ ကြာလဲကြာနေပြီလေ။ အဆင်ပြေပါတယ်။ ခုညီမချစ်သူကတော့ အပြင်ကပါ” လို့ သူမက ပြောပြသွားခဲ့ပါတယ်။


Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...