Microsoft နှင့် HP ပူးပေါင်း ဖန်တီးထားသည့် မျိုးစပ်ကွန်ပျူတာသစ် မိတ်ဆက်



Microsoftသည် ၎င်းတို့၏ Windows OS ကို ဈေးကွက်အတွင်း ပိုမိုထိုးဖောက်ချဲ့ထွင်ရန် ရည်ရွယ် ချက်ဖြင့် Tabletနှင့် Laptop မျိုးစပ်ကွန်ပျူတာ တစ်မျိုးကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ထိုင်ဝမ်တွင် ပြုလုပ်သော နည်းပညာ ပြပွဲတစ်ခု၌ နှစ်မျိုးသုံး ကွန်ပျူတာ အမျိုးအစားသစ် HP Pro X2 612 ကို Microsoftက မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ Microsoftနှင့် HPတို့ ပူးပေါင်းဖန်တီးသော အဆိုပါ ကွန်ပျူတာသည် Tabelt တစ်ခုအဖြစ် ယေဘုယျ ယူဆနိုင်သည်။ သို့သော်လည်း သီးခြားပါဝင်သည့် Keyboardကို တပ်ဆင်လိုက်သည့်အခါ Laptop တစ်လုံးသဖွယ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ 


Tablet ၏ ရှေ့နှင့်နောက်တို့တွင် ကင်မရာများ ပါရှိသလို ဘက်ထရီမှာလည်း Keyboard တွင်သက် သက်၊ Tabletတွင်သက်သက် တစ်လုံးစီ တပ်ဆင်ထားသည်။ “သိပ်ကို အဆင်ပြေတဲ့ ကိရိယာလေးပါ။ ပါးလွှာတယ်၊ ပေါ့ပါးတယ်။ ပြီးတော့ စတိုင်ကျပြီး သေသပ်လှပတယ်။ ပြောရရင် Windows OS စနစ်ကို အိတ်ထဲထည့်ပြီး သယ်ယူသွားနိုင်တဲ့ အခြေအနေပဲ”ဟု HPနှင့် Microsoft တို့ ပူးပေါင်းဖန်တီးသည့် ထုတ်ကုန်အတွက် တာဝန်ယူသော ဒုတိယဥက္ကဋ္ဌ နစ်ခ်ပါကားက ပြောကြားခဲ့သည်။ HP Pro X2 612 သည် HP ကုမ္ပဏီက ပထမဆုံး ထုတ်လုပ်သည့် Keyboardနှင့် Tablet အဖြုတ်အတပ် ပြုလုပ်နိုင် သည့် နှစ်မျိုးတွဲ ကွန်ပျူတာလည်း ဖြစ်လာသည်။ Screenအကျယ်မှာ (၁၂.၅)လက်မဖြစ်ပြီး CPU ကို Core i3၊ Core i5 အစရှိသဖြင့် ရွေးချယ်နိုင်မည်ဟု သိရသည်။



ကွန်ပျူတာတွင် USB 3.0 ကဲ့သို့ တွယ်ဆက်မှု စနစ်များကိုလည်း ထောက်ပံ့ပေးထားသည်။ ဘက်ထရီ သက်တမ်းမှာ Tablet ချည်းသက်သက် (၈)နာရီ (၁၅)မိနစ်ထိ အသုံးခံပြီး Keyboard မှ ဘက်ထရီပါ တွဲဖက်အသုံးပြုသည့်အခါ တစ်ကြိမ်အားသွင်းပြီးတိုင်း (၁၄)နာရီ (၁၅)မိနစ်ထိ ကြာရှည်စွာ အသုံးပြုနိုင် မည် ဖြစ်သည်။ ထို့အပြင် ယင်းကွန်ပျူတာတွင် HP၏ နည်းပညာများဖြစ်သည့် Sure Start၊ TPM အစရှိ သည်တို့ကို ထည့်သွင်းပေးထားပြီး ဆန္ဒရှိလျှင် လက်ဗွေဖတ် လုံခြုံရေး စနစ်ကိုပါ အသုံးပြုနိုင်မည်ဟု လည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...