ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ အင်္ဂလန်က အီတလီကို နိုင်မယ်လို့ ခွေးကလေး Roo ခန့်မှန်း



ဘရာဇီးမှာ ပြုလုပ်ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ FIFA ကမ္ဘာ့ဖလား အဖွင့် ပွဲမှာ အင်္ဂလန်နဲ့ အီတလီ အသင်းတို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ယင်း တွေ့ဆုံမှု အရ အင်္ဂလန်က အီတလီကို အနိုင်ရမှာ ဖြစ်ကြောင်း ခွေး ငယ်လေး Roo က ခန့်မှန်း သွားပါတယ်။

Roo ဆိုတာ ဗြိတိန်နိုင်ငံက Pets at Home ကုမ္ပဏီ ပိုင်တဲ့ ခွေးငယ်လေး တစ်ကောင် ဖြစ်ပါတယ်။ Bulldog အမျိုးအစား ဖြစ်ပြီး ကြိုတင်ခန့်မှန်း တွက်ချက် မှုများမှာ အင်မတန် တော်ကြောင်း ဆိုပါတယ်။ ဘောလုံးပွဲတင် မက အခြားသော ပြိုင်ပွဲ တွက်ချက် ခန့်မှန်းမှုများကို ပြုလုပ်ခဲ့ပြီး Roo ဟာ အများစု အတွက် အဖြေမှန်ကို ရွေးချယ် ပေးနိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့် ယမန်နှစ် ကလို ရေဘဝဲနဲ့ မခန့်မှန်းတော့ပဲ ဗေဒင် ဆရာ ခွေးလေး Roo ကို ခန့်မှန်း စေ တာ ဖြစ်ပါတယ်။

ခန့်မှန်းဖို့အတွက် အင်္ဂလန် အသင်း နိုင်ငံ အမှတ်တံဆိပ် နဲ့ တစ်ခွက်၊ အီလတီ အသင်း နိုင်ငံ အမှတ်တံ ဆိပ်နဲ့ တစ်ခွက်၊ သရေကျမယ့် ခွက် တစ်ခွက် စုစုပေါင်း သုံးခွက်မှာ အစာထည့်ထား စေပါတယ်။ ပြီးတော့ Roo ကို ကြိုက်နှစ်သက် ရာ ရွေးချယ် စားစေပြီး သူကတော့ အင်္ဂလန် ခွက်က အစာကို စားပါ တယ်။

ဒါကြောင့်မို့လို့ အဖွင့်ပွဲမှာ အင်္ဂလန်ဟာ အီလတီကို အနိုင်ရမယ်လို့ ယုံကြည်နေသူ အများအပြား ရှိ လာကြောင်း သိရ ပါတယ်။


Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...