ဖိလိပိုင်စတိုင် အမဲသား၊ sausage နှင့် သီးရွက်စုံ စတူး



Caldereta ဟင်းလျာက ဖိလိပိုင်မှာ နံမည်ကြီး ဟင်းလျာ တစ်ခုပါ။ အမဲသားကို ခရမ်းချဉ်သီးဆော့၊ အာလူး၊ မုန်လာဥနီ၊ သံလွင်သီး၊ ငရုတ်သီးပွစိမ်း၊ မီနီ ကြက်အူချောင်း၊ သံလွင်သီး တို့နဲ့ ရောချက်ထား တာပါ။ ပွဲတော်ရက်၊ မွေးနေ့၊ နေ့ထူးနေ့မြတ်တွေမှာ Caldereta အမဲသားစတူး ဟင်းလျာကို ချက်ပြုတ်ကြ ပါတယ်။ အမဲသား အစား ကြက်သား၊ ၀က်သားတို့နဲ့လည်း ချက်ပြုတ်နိုင်ပါတယ်။ ထမင်းပူပူလေးနဲ့ စား လို့လည်း အရမ်းကောင်းတာမို့ ခုပဲ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
အမဲသား – ၄၀၀ ဂရမ် (၂၅ကျပ်သား) (တကိုက်စာ အတုံးလေးများ တုံးပေးထားပါ)
နတ်နတ်သီး စည်သွပ် – ဘူးဝက် (အတုံးများ တုံးပေးပါ)
ခရမ်းချဉ်သီး – ၃လုံး (နူအိအောင် ပြုတ်ပြီ အခွံနွှာ နှုတ်နှုတ်စဉ်းပါ)

ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း
အာလူး – ၂လုံး (နူအောင်ပြုတ်ပြီ အတုံးများ တုံးပါ)
ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ် အရှည်ပါးပါးလှီးပါ)
မုန်လာဥနီ – ၁ခု (အခွံနွှာပြီ အရှည်ပါးပါးလှီးပါ)
သံလွင်သီး – ခွက်တ၀က်
မီနီ ကြက်အူချောင်း – ၈ချောင်း (cocktail sausages)
ကလဝေရွက် – ၂ရွက်
ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်နီ – တ၀က် (နှုတ်နှတ်စဉ်းပါ)
ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
ရေ – ၃ခွက် (၅၀၀ မီလီလီတာ)
ငရုတ်သီးဆော့ Tobasco – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်



ချက်ပြုတ်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲ အမဲသားကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် (အနည်း ငယ်)ဖြင့် သမအောင်ေ၇ာနုယ်ထားပါ။

၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေး ပါ။



၃။ ပြီနောက် အမဲသားထည့်ပြီ အရောင်ရအောင် ၃မိနစ်ခန့်ရောမွှေပေးပါ။

၎။ ပြီမှ နတ်နတ်စည်သွပ်ရည်(ခွက်တ၀က်)၊ ရေ(၅၀၀ မီလီလီတာ)၊ ခရမ်းချဉ်သီးအနှစ်၊ ခရမ်းချဉ်သီး ဆော့ တို့ထည့်ပါ။

၅။ ထို့နောက် အမဲသား နူအိသည်အထိ မီးနည်းနည်းဖြင့် အဖုံးအုပ်ကာ ၃၅-၄၅မိနစ်ခန့် တည်ထားပေး ပါ။



၆။ ရေကျန်ပြီ အမဲသား နူအိပြီဆိုလျှင် အာလူး၊ မုန်လာဥနီ၊ ငရုတ်သီးပွစိမ်း၊ မီနီ ကြက်အူချောင်း၊ နတ်နတ်သီး၊ သံလွင်သီး၊ ကလဝေရွက်တို့ထည့်ပြီ နောက်ထပ် ၅မိနစ်ခန့် ထပ်တည်ပါ။

ရ။ နောက်ဆုံးမှ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ သကြား၊ ငရုတ်ကောင်းမှုန့် (လက် ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ Tobasco တို့ကို ထည့်ပေးပြီ မီးပိတ်လိုက်ပါ။



၈။ အရသာရှိသော ဖိလိပိုင်စတိုင် အမဲသား၊ susage နှင့် သီးရွက်စုံ စတူးကို ထမင်းပူပူလေးနဲ့ အရသာ ရှိစွာ သုံးဆောင်နိုင်ပါပြီ…



Credit; Wutyee Food House
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...