sony ဖုန်းများ Unlock Bootloader ဖွင့်ဖို့ Unlock Code တောင်းနည်း


sony ဖုန်းတွေမှာ root လုပ်ချင်တာပဲ ဖြစ်ဖြစ် recovery သွင်းချင်တာပဲ ဖြစ်ဖြစ် Unlock Bootloader ဖွင့် ထားဖို့ လိုပါတယ်။ Unlock Bootloader ဖွင့်မဲ့ ဖုန်းဟာ Unlock Bootloader ရနိုင် မရနိုင် သိချင်ရင် ဖုန်း keypad မှာ *#*#7378423#*#* လို့ ရိုက်ပါ

ပြီးရင် Service info > Configuration >Bootloader unlock allowed မှာ Yes လို့ ရေထားရင် Unlock Code တောင်းလို့ ရပါတယ်။ No ဆိုရင်တော့ Unlock Code တောင်းလို့ မရပါ။

ကျွန်တော်သိသလောက် sony xperia C မှာ No ဆိုတာတော့ တွေ့ဖူးပါတယ်။

ကဲ Yes လို့ ရေးထား တဲ့ ဖုန်းတွေကတော့ အောက်က နည်းလမ်းအတိုင်းပါ။

ဖုန်းရဲ့ keypad မှာ *#06# ဆိုပြီး ရိုက်လိုက်ရင် ပေါ်လာတဲ့ ဂဏန်း 15 လုံးဟာ ဖုန်းရဲ့ IMEI နံပတ်ပါ။
အဲဒီ နံပတ် 15 လုံးကို မှတ်ထားပါ။ ပြီးရင် အောက်က လင့်ကိုသွားပါ။

http://unlockbootloader.sonymobile.com/unlocking-boot-loader

၁။ အပေါ်က လင့်ကိုရောက်ပြီ ဆိုရင် အောက်ကို တစ်ချက် ဆွဲချ လိုက်ပါ။


၂။ အပေါ်က လိုပဲ အောက်ကို တစ်ချက် ဆွဲချ လိုက်ပါ။


၃။ အောက်က ပုံအတိုင်း ဆက်သွားပါ။


၎။ အဝိုင်း လေးတွေ နေရာမှာ အမှန်ခြစ်ပေးပြီး I accept ကိုနှိပ်ပါ။


၅။ IMEI အကွက် ထဲမှာ အပေါ်က keypad မှာ *#06# ဆိုပြီး ရလာတဲ့ နံပတ် 15 လုံးကို 14 လုံးပဲ ထည့်ပါ။


၆။ ပြီးသွားရင် အပေါ်မှာ ပေးထား ခဲ့တဲ့ Email ထဲကို သွားကြည့် လိုက်ပါ Unlock Code ရောက်နေပါပြီ။


အားလုံး အဆင်ပြေပါစေ။ 


htwenaingwin.blogspot.com
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...