မှတ်ပုံတင်ရှိသူတိုင်း(၁၅၀၀) ကျပ်ဖြင့် ၀ယ်ယူနိုင်မည့်Telenor Sim Card ရောင်းချမည့် ကာလထုတ်ပြန်


မိုဘိုင်းလ်ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် လက်ဝယ် ရရှိထားပြီးဖြစ်သော နော်ဝေးနိုင်ငံ အခြေစိုက် Telenor အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေး စခန်းပေါင်း ၈၀၀၀ ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိကာလတွင် တယ်လီနောကွန်ရက်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာမှ အစပြု၍ မိုဘိုင်းလ် Sim Card များကို ငွေကျပ် (၁၅၀၀) ကျပ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်။ အဆိုပါ Sim Card များကို ၀ယ်ယူရန်ကြိုတင် စာရင်းပေးသွားရန် မလိုကြောင်းသိရှိ ရသည်။ “Sim Card တွေကို ၁၅၀၀ ကျပ်အတိနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ် ၀င်စား ဖွယ် အရောင်းမြှင့်တင်မှု အစီအစဉ်များလည်း ပါဝင်ပါတယ်။ Sim Card ရောင်းချရာမှာ အသက်အရွယ် ကန့် သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိတဲ့သူတိုင်း လိုသလောက် ၀ယ်ယူနိုင်မှာပါ။ ဒါ့အပြင် Sim Card ကို ၀ယ်ယူလိုက်တာနဲ့ အဲ့ဒီ Sim Card ကို သင်ပိုင်ဆိုင်မှာပါ”” ဟု Telenor Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။ 

လက်ရှိကာလတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက် သွယ်ရေးမှ ရောင်းချထားရှိသော Sim Card များ၏ စာချုပ်အရ မိုဘိုင်းလ်အသုံးပြုသူများကို Sim Card ငှားရမ်းခြင်းသာ ဖြစ်ကြောင်းရေးသား ထားရှိသည်။ Telenor Myanmar အနေဖြင့် ဆက်သွယ်ရေး စခန်း(၁၀၀၀) ကို တည်ဆောက် ပြီးနောက်ပိုင်းကာလများတွင် တစ်လလျှင် ဆက်သွယ်ရေး စခန်းပေါင်း (၃၀၀) မှ (၄၀၀)အထိ တည်ဆောက်သွားမည်ဖြစ်သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကျက်မှုကို Telenor Myanmar မှ ဆောင်ရွက်သွား မည်ဖြစ်ပြီး ပထမဆုံး ဆက်သွယ်ရေးစခန်း ၁၀၀၀ ကိုတည်ဆောက်ခြင်းမှာ အကြီးမားဆုံး စိန်ခေါ် မှုဖြစ်ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန် ထားရှိသည်။

အောင်ရဲကျော်
Myanmar Digital Life Journal



-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...