တစ်နေ့ နှစ်နပ်သာ စားခြင်းက ဆီးချိုရောဂါ ကုရန် ထိရောက်

Health Updates Journal No. 124
အမျိုးအစား -၂ ဆီးချိုရောဂါကို ကုသရာမှာ နံနက်စာနဲ့ နေ့လယ်စာ နှစ်နပ်သာစာခြင်းက နည်းနည်းချင်း ပုံမှန်အတိုင်း စားခြင်းထက် ပိုပြီး ထိရောက်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြား ခဲ့တယ်။

ပရပ်ဂ်မြို့က သုတေသန ပညာရှင်တွေဟာ လူ ၂၇ ဦးစီပါဝင်တဲ့ အုပ်စုနှစ်စုခွဲပြီး၊ ကယ်လိုရီ တန်ဖိုး တူညီတဲ့ အစာတွေကို တစ်နေ့မှာ နှစ်နပ်နဲ့ ခြောက်နပ်ခွဲပြီး ကျွေးကာ လေ့လာခဲ့ တယ်။

အဲဒီအခါမှာ နှစ်နပ်စားတဲ့ အုပ်စုဝင်တွေဟာ ခြောက်နပ်စားတဲ့အုပ်စုဝင်တွေထက်ပိုပြီး ကိုယ်အလေးချိန် ကျဆင်းကာ၊ သွေးထဲသကြားဓာတ်ပါ ၀င်မှုနှုန်းလည်း ကျဆင်းသွားခဲ့တယ် လို့ဆိုတယ်။ ဒါကြောင့် အစာကို ပမာဏပိုပြီး အကြိမ်အရေအတွက် နည်းနည်းစားတာက ပိုမိုထိရောက်ကြောင်း အခုလေ့လာ ချက်က ပြသနေတယ်လို့ဆိုတယ်။

အမျိုးအစား – ၂ ဆီးချိုရောဂါဟာ သွေးထဲမှာ သကြားပါဝင်မှုကို ထိန်းချုပ်တဲ့ အင်ဆူလင်ဟိုမုန်းကို ခန္ဓာကိုယ်ကအလုံအလောက် မထုတ် နိုင်တာကြောင့် ဖြစ်ပွားတာဖြစ်တယ်။ အဲဒါကို မကုသဘဲထားရင် နှလုံးရောဂါနဲ့ လေဖြတ်တာ၊ အာရုံကြောတွေ ပျက်စီးတာ၊ မျက်လုံးတွေ အလင်းရောင်ဒဏ် မခံနိုင်တာနဲ့ ကျောက်ကပ် ပျက်စီးတာတွေ ဖြစ်ပေါ် လာနိုင်တယ်။

လေ့လာချက်မှာပရပ်ဂ်မြို့ ကုသရေးနှင့် စမ်းသပ်ရေး ဆေးပညာဌာနက သိပ္ပံပညာရှင်တွေက အသက် ၃၀နှစ်က အသက်၇၀အတွင်းရှိ လူပေါင်း ၅၄ ဦးကိုနှစ်အုပ်စုခွဲပြီး လေ့လာခဲ့တာဖြစ်ကြောင်း သိရတယ်။

ref: BBC
ညွန့်လွင်(စက်မှုတက္ကသိုလ်)
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...