ရေခဲမုန့် ရာဇ၀င်...
အိပ်မက် ကျမ်းများ၏ အဆိုအရ၊ ရေခဲမုန့် ကို စားသုံးရသည်ဟု အိပ်မက် မြင်မက်ပါက ကောင်းသော အရာများ မိမိထံမှောက် ရောက်ရှိလာပြီး၊ ဘ၀တွင် ကျေနပ် အားရမှုများ ဖြစ်ပေါ် လာတော့ မည်ဟူသော အဓိပ္ပာယ် ကောက်ယူနိုင် ပါသည်။
ရေခဲမုန့် ချစ်သူ သုတေသီများ၏ မှတ်တမ်းများအရ၊ ရေခဲမုန့်  စား သုံးမှုသည် လွန်ခဲ့သော နှစ်ေ ပါင်း ၃၀၀၀ ကျော် ကတည်းက တရုတ်ပြည်မှ စတင်ခဲ့ကြောင်း သိရှိရပါသည်။ တရုတ်ဧက ရာဇ်မင်း များကို အပန်းဖြေ စားသောက်နိုင်ရန် အလို့ ဌာ၊ စာဖိုမှူးများက တောင်ပေါ်ရှိ ဆီးနှင်း ရေခဲများကို အရသာ ရှိစေရန်အတွက် သစ်သီး၊ ပျားရည်တို့ ဖြင့် ရောနှောကာ ဆက်သခဲ့ ကြရပါသည်။ တန်မင်းဆက် (ဘီစီ ၆၁၈-၉၇) ရောက်သောအခါ တရုတ်ပြည်၏ ဆီးနှင်းရေခဲမုန့်  စားသုံးမှုသည် ဥရောပတိုက်သို့ ရွေ့ လျားလာခဲ့ ပါသည်။
ရာဇ၀င် မှတ်တမ်းများအရ အေဒီ-၆၂ တွင် ရောမဘုရင် နီရိုသည် ဆီးနှင်းရေခဲမုန့်  စားလိုသဖြင့် သူ၏ ကျေးကျွန်များကို တောင်ပေါ်သို့  စေလွှတ်၍ ဆီးနှင်းရေခဲများကို သယ်ဆောင်လာစေပါသည်။ ထို့ နောက် စာဖိုမှူးများက ထိုဆီးနှင်းရေခဲများကို နို့ ၊ ပျားရည် ၊ လတ်ဆတ်သော သစ်သီး နှင့် ၀တ်ရည်တို့ ဖြင့် ရောနှောကာ ဆီးနှင်းရေခဲမုန့် အဖြစ် ဖန်တီးပေးခဲ့ ကြပါသည်။
၁၂၉၅ တွင် တရုတ်ပြည်မကြီး မှပြန်လာသော အီတလီနိုင်ငံသား မာကိုပိုလိုသည် တရုပ်ပြည် ၏ ဆီးနှင်းရေခဲမုန့်  ပြုလုပ်ပုံ အခြေခံကို နည်းယူကာ၊ တိဗက်နွားနို့ မှရသော ကရင်မ်ဖြင့် ရေခဲမုန့် ပြုလုပ် ခဲ့ပါသည်။
၁၅၃၃ သို့ ရောက်သောအခါ၊ အီတလီမင်းသမီး ကက်သရင်းသည် ပြင်သစ်ဘုရင် ဟင်နရီ (၂) ဖြင့် လက် ဆက်ခဲ့ပါသည်။ သူမသည် ပြင်သစ်ရဲတိုက်သို့ ရောက်သောအခါ၊ အီတလီနိုင်ငံ လုပ် နို့ ရေခဲမုန့် ကို စားသုံးခဲ့ရာမှတဆင့် ပြင်သစ်နိုင်ငံ၏ မင်းစိုးရာဇာများအလယ် တွင် နို့ ရေခဲ မုန့် စားသုံးမှုသည် ရေပန်း စားလာခဲ့ပါသည်။ ပြင်သစ်စားဖိုမှူးတစ်ဦးသည် ချောကလက်နှင့်စတော်ဘယ်ရီ ရေခဲမုန့် များကို စမ်းသပ် တီထွင်အောင်မြင်ခဲ့ပါသည်။
၁၆၀၀ ပြည့်နှစ်တွင် အင်္ဂလန်မင်းသား ချားလ်စ်(၁) သည် ပြင်သစ်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ် ရောက်ရှိခဲ့ပါသည်။ ထိုခရီးစဉ် တွင် ရေခဲမုန့် ဖြင့်ဧည့်ခံသောအခါ၊ ချားလ်စ်(၁) သည် အရသာကို ကြိုက်နှစ်သက်လှသဖြင့်၊ စားဖိုမှူးထံမှ ရေခဲမုန့် လုပ်သော နည်းပညာကို ၀ယ်ယူခဲ့ပါသည်။ ထိုမှတဆင့် အင်္ဂလန်နိုင်ငံ၏ ရေပေါ်ဆီလူ့ မလိုင်အသိုင်း အ၀ိုင်းတွင် ရေခဲမုန့်  အချိုပွဲကိုမြိန်ယှက်စွာ စားသုံးလာ ခဲ့ကြပါသည်။ ၁၇၀၀ ပြည့်နှစ်ရောက်သော အခါတွင်တော့ အင်္ဂလန်တိုင်းသူပြည်သား များအားလုံး ရေခဲမုန့် စားသုံးသော ယဉ်ကျေးမှု ထွန်းကာလာခဲ့ပါသည်။
၁၇၇၆ နောက်ပိုင်း၌၊ အမေရိကန်ပြည်ထောင်စု၏ နယူးယော့ခ်မြို့ တော်တွင် ပထမဆုံးသော ရေခဲမုန့်  ဆိုင်ကို ဖွင့်လှစ်ရောင်း ချနိုင်ခဲ့ပါသည်။ ထိုခေတ်ကာလတွင် ရေခဲမုန့် ကို သစ်သား လက်ဆွဲပုံးထဲ ထဲ့ကာ လှည်းဖြင့် လှည့်လည် ရောင်းချခဲ့ကြပါသည်။ ၁၈၁၂ ခုနှစ်တွင် သမ္မတကတော် ဒေါ်လီမဒီဆန်သည် ရေခဲမုန့် ကို အလွန်ကြိုက်နှစ်သက်သူတစ်ေ ယာက်ဖြစ်ပေရာ၊ အိမ်ဖြူတော်သို့ ရောက်လာသော ဧည့်သည် တော်များကို ရေခဲမုန့် ဖြင့် ဧည့်ခံကျွေးမွေးလေ့ ရှိပါသည်။
၁၉၀၂ ခုနှစ်တွင် နည်းပညာများလဲ တဖြည်းဖြည်း ခေတ်မှီလာသည့် အတွက် ရေခဲမုန့် ကို ကတော့ (Cone) ဖြင့်လည်းကောင်း၊ ဝေဖာခွက် ငယ်ကလေးများ ဖြင့်လည်းကောင်း စားသုံးသူများ အဆင်ပြေ စေရန် တီထွင်လာနိုင်ခဲ့ပါသည်။ ထိုခေတ်အခါက ရေခဲမုန့် ကိုဘီစကစ်ဖြင့် တွဲဖက်၍ စားလေ့ရှိကြပါ သည်။ ရေခဲမုန့် ဝယ်လိုမှုအားများလေလေ၊ ထုတ်လုပ်မှု အားကောင်းလေလေဖြစ်ရာ ၁၉၁၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု တခွင်၌ ရေခဲမုန့် ဆိုင်ငယ်များ လက်ညှိုးထိုး မလွဲအောင် ပေါများလာခဲ့ပါသည်။
သမိုင်းမှတ်တမ်းများအရ၊ လူတစ်ဦးစီ၏ ပျမ်းမျှရေခဲမုန့် စားသုံးနှုန်းမှာ တစ်နှစ်လျှင် ၁၅.၂၀ လီ တာခန့်  အထိ ရှိသဖြင့် အမေရိကန် တပြည်လုံးအတွက် (၁)နှစ်လျှင် ရေခဲမုန့် ဂါလံ ၈၀၀၀၀၀ ထုတ်လုပ်ခဲ့ ရကြောင်း လေ့လာမှတ်သားရပါသည်။
၁၉၂၀ နှောင်းပိုင်းတွင် ချောကလက်ရေခဲမုန့် အပြင်၊ ရေခဲမုန့် ကိတ်နှင့် ရေခဲမုန့် ကွတ်ကီးစ်တို့ ကိုပါ ဖန်တီးလာနိုင်ခဲ့ပါသည်။ ၁၉၆၂ ရောက်သောအခါ၊ ရေခဲမုန့် ကို " ဌက်ပျောသီး၊ ရက်စ် ဘယ်ရီသီး၊ ပဲထောပတ်၊ သကြားထောပတ်၊ မီးသင်းသကြားတော်ဖီ၊ အုန်းသီး၊ ကော်ဖီ၊ သစ် ခွချယ်ရီ၊ လီမွန်၊ ဗာဒံမှုန့် ၊ အုန်းသီးမှုန့် ၊ ပူဒီနာ၊ သစ်ကျားသီး၊ လိမ္မော်၊ နာနတ်၊ မက်မွန်သီး၊ ပူရှိန်းသကြားလုံးအရသာ၊ စတော်ဘယ်ရီ၊ ဒူးရင်း၊ သစ်ခွ " စသည့် အနံ့ အရသာတို့ ဖြင့် စမ်းသပ် တီထွင် လာခဲ့ကြကြောင်း Newsweek သတင်းဂျာနယ်ထဲတွင် ဖော်ပြထားခဲ့ ပါသည်။ ယခု မျက်မှောက် ကာလတွင် Maple ရေခဲမုန့် နှင့် Vanilla ရေခဲမုန့် တို့ ကို အထူးနှစ်သက် လျှက်ရှိကြပါသည်။
၂၀၀၀ ပြည့်နှစ်တွင် ကမ္ဘာ့တ၀ှမ်းလုံးရှိ လူတစ်ဦးချင်းစီ၏ တစ်နှစ်စာရေခဲမုန့် စားသုံးမှုကို စစ်တမ်း ကောက်ခဲ့ရာ၌ ၾသစေတ်းလ် တွင် ၁၃.၇ လီတာ၊ အမေရိကန်တွင် ၁၃.၇ လီတာ၊ နယူးဇီလန်တွင် ၁၃.၃ လီတာ၊ ဆွီဒင်တွင် ၁၁.၇ လီတာ၊ အိုင်ယာလန်တွင် ၁၀.၂ လီတာ၊ ဒိန်းမတ် တွင် ၉.၃ လီတာ၊ အစ္စရေး တွင် ၉.၃ လီတာ၊ ကနေဒါတွင် ၉.၁ လီတာ၊ ဖင်လန်တွင် ၈.၅ လီတာ၊ နော်ဝေးတွင် ၈.၄ လီတာ၊ တူရကီ တွင် ၂.၈ လီတာ စားသုံးကြကြောင်းသိရပါသည်။ ကမ္ဘာ့ အကြီးဆုံး ၈.၇ တန် အလေးချိန်ရှိသော Ice Cream ကိတ်မုန့် ကို ဘေဂျင်း မှာ ပြုလုပ်နို င်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ် ဂရင်းနစ်စံချိန် မှတ်တမ်း တင်နိုင်ခဲ့ ကြောင်း လေ့လာသိရှိရပါသည်။
ကျန်းမာရေးရှုထောင့်မှ ကြည့်ရမည် ဆိုပါလျှင် ရေခဲမုန့် ကိုနို့ နှင့် နို့ ထွက်ပစ္စည်းများမှ အခြေခံ၍ ပြုလုပ် ထားသောကြောင့် ကယ်လ်စီယမ် ဓာတ်ပေါကြွယ်ဝကာ ခန္ဓာကိုယ်၏ အရိုးတည်ဆောက်မှုကို အားပေး ပါသည်။ ထို့ ပြင် ကယ်လ်စီယမ်သည် သွေးထဲရှိအဆီကိုလောင်ကျွမ်း စေနိုင်သဖြင့် အူကင်ဆာ၊ သွေးတိုး ရောဂါ၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်းဝေဒနာ တို့ ကို လျော့နည်းစေပါသည်။ (သို့ သော်အချိုကဲ ထားသော ရေခဲမုန့် များကို အလွန်အကျွံမ ဟုတ်ဘဲ သင့်တင့်လျောက်ပတ်စွာ စားသုံးရုံမျှဖြင့် ဘေးထွက် ဆိုးကျိုးမဖြစ်စေနိုင်ပါ။)
ရေခဲမုန့် ကိုလူမျိုးမရွေး၊ ဘာသာမရွေး ကြိုက်နှစ်သက် ကြပါသည်။ အခြားအခြားသော သွားရည်စာ အချိုပွဲပေါင်း မြောက်များစွာ ရှိကြသော်လဲဘဲ၊ အအေးစာအချိုပွဲ(၁)မျိုးဖြစ်သော ရေခဲမုန့် ကိုေ န့ စဉ် စားသောက်ခြင်းဖြင့်လဲ မရိုးအီနိုင်ပါ။ ရေခဲမုန့် ဆိုသည်မှာနို့ကရင်မ်ကို အခြေခံ၍၊ အရ သာကိုအချိုကဲ ကာ နှစ်သက်ရာ အသီးများ (သို့ မဟုတ်) သစ်သီးရနံ့ တို ဖြင့် ပြုပြင်စီမံအေးခဲ ထားခြင်းဖြစ်ပါသည်။ ရေခဲမုန့် ၏ အပူချိန်ကို ထိန်းပေးနိုင်ရန်အတွက် ဆားဖြင့်ရောနှောပေးသော နည်းပညာသည် အဓိကကျလှပါသည်။ ရေခဲမုန့် ကို ထမင်းစား သောက်ပြီးနောက်၊ အချို တည်းရန် အတွက်လည်းကောင်း၊ တီဗွီကြည့်ရင်း သွားရည်စာ အဖြစ်လည်းကောင်း၊ ပူအိုက်သော ညနေညခင်းများတွင် အအေးစာ အဖြစ်လည်းကောင်း ၊ မောပန်းနွမ်းနယ်သော အခါများတွင် အမောပြေ အဖြစ်လည်းကောင်း စသည်ဖြင့် အချိန်အခါမရွေး စားသုံးလေ့ရှိကြပါသည်။
(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook