ဗိုလ်ချုပ်မိခင် အမေစုရဲ့ ရင်တွင်းစကား”
“ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ ဒီလို သတ္တိ ကြောင်တဲ့ အမူမျိုးကို ငယ်ငယ်ရွယ်ရွယ် ကလေးကပင် ရှုတ်ချခဲ့တဲ့ လူဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မျိုးချစ် ခေါင်းဆောင်ကြီး “ဦးစော”ကို မသမာသူတို့ ချောင်း မြောင်းပြီး သေနတ်နဲ့ ပစ်စဉ်က ဗိုလ်ချုပ်ကိုယ်တိုင် အများကြီး ကဲ့ရဲ့ ရှုတ်ချတဲ့ စကားတွေကို ပြောခဲ့ပါတယ်။
ဟိုတုန်းက ဗိုလ်ချုပ်ဟာ နယ်လှည့်ရင်း ကျုပ်ထံ ၀င်ပြီး ကန်တော့ သွားတယ်။ အဲဒီတုန်းက ကျုပ်က စိုးရိမ်လွန်းလို့ “သားရယ် လူဆိုတာ အထက်ရောက် နေရင် သူတစ်ပါးက မနာလိုလို့ မကောင်းကြံစည် တာမျိုး ခံရတတ်တယ်။ အစစ အရာရာ သတိထားပါ သားရယ်” လို့ ပြောမိ ပါတယ်။
ဒီတော့ ကျုပ်သားက -“ ဒါကတော့ ဘုရားတောင်မှ အတိုက်အခံ ရှိသေးတာပဲ။ ကိုယ်ကသာ လမ်းမှန်က
နေပြီး မှန်တဲ့ အလုပ်ကို လက်ကိုင်ထားရင် ဘာမှ ကြောက်စရာ မလိုပါဘူး အမေရယ်၊ မစိုးရိမ်ပါနဲ့။စစ်တိုက်နေတုန်း ကတောင် မသေခဲ့သေးတာ။ ယခု တိုင်းပြည်နဲ့ လူထုဟာ အရင်လို မဟုတ်တော့ပါဘူး။
အကောင်းအဆိုး ဝေဖန်တတ်ပါပြီ။” လို့ အားရပါးရ ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်။
ယခုတော့ ကျုပ်သား ကိုအောင်ဆန်းဟာ သူအလွန် မုန်းတီးရွံ့ရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွား ရရှာပြီ။ ကျုပ် မှာချင်တာကတော့ သူ့ကို လေးစားကြသလို၊ ခေါင်းဆောင်များရဲ့ ညွှန်ကြားချက်ကို ပြည်သူ လူထုက ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာပြီး မိမိတို့ လိုလားတဲ့ ခရီးကို ရောက်အောင် ၊
ဆောင်ရွက်ကြ ဖို့ပါပဲ။ အဲဒီလို ဆောင်ရွက်လို့ ရည်ရွယ်ချက်ကို ရောက်ကြပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သားနှစ်ယောက် ဆုံးရတဲ့ အပူမီးဟာ ငြိမ်းတန် သလောက် ငြိမ်းပါလိမ့်မယ်။”
-【အမေစု】
ဗုဒ္ဓဘာသာလူငယ်များ အသင်း(မြန်မာပြည်)
Dhamma Dãna Source ►
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook