မုန်ညင်းချဉ် ငါးစပ်ဆီး (ငရုတ်သီး)လွတ်
(ကျွန်မရဲ့ ပထမစာအုပ် (လိမ္မော်ရောင်) စာမျက်နှာ ၄၂-၄၃ မှာ ပါပြီး သားလေးပါ။)
ဒီဟင်းလေးက ကျွန်မ အကြိုက်ဆုံး ဟင်းတွေထဲမှာ ထိပ်ဆုံးကပါ ပါတယ်။ ကျွန်မအဖေက အင်းလူမျိုး မို့လို့ တောင်ကြီး အိမ်မှာတုန်းက အမြဲချက် စားဖြစ်ခဲ့တဲ့၊ အခုလဲချက်စားဆဲ ဖြစ်တဲ့ အင်းသား ဟင်းလေး ပါ။
မူလ အင်းသားဟင်းတွင် မုန်ညင်းချဉ် မပါ ပါ။ ဒါကြောင့် မုန်ညင်းချဉ် မထည့်ချင်လျှင် ကြက်သွန်ပင်ကို ပိုထည့်ပေးပါ။
***... မုန်ညင်းချဉ် ငါးစပ်ဆီးလွတ် ချက်ဖို.အတွက် လိုအပ်တာလေးတွေ…
1. ငါး (Basa Fillet) – ၄၀သားခန်. (ငါးဖိန်း၊ ငါးကြင်း၊ ငါးမြစ်ချင်း နှင့် ဆိုလျှင် ပိုကောင်းပါသည်။)
2. လက်ဆစ်တစ်ဝက်အရှည်လောက်လှီးထားသော ကြက်သွန်ပင် – တရုတ်ထမင်းစား ပန်းကန်လုံး ၂ လုံးခွဲခန်.
3. အကွင်းလိုက်လှီးကာ တစ်ဝက်ဖြတ်ထားသော ခရမ်းချဉ်သီး – တရုတ်ထမင်းစား ပန်းကန်လုံး ၂ လုံး ခန်. (ခရမ်းချဉ်သီးကို သေးသေးလေးလှီးလျှင် မကြေသဖြင့် သေးသေးလေး မလှီးပါနှင့်)
4. လက်ဆစ်တစ်ဝက်အရှည် လှီးထားသော မုန်ညင်းချဉ် (အချိုမဟုတ်ပါ) – တရုတ်ထမင်းစား ပန်းကန်လုံး တစ်ဝက်ခန်.
5. ငရုတ်သီးခြောက် အကြမ်းမှုန်. – ထမင်းစားဇွန်း ၃ ဇွန်း
6. chicken powder – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
7. ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
8. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း တစ်ဝက်
9. ဆီ – ဟင်းခပ်ဇွန်းကြီး ၁ ဇွန်း
ငါးကို chicken powder (2 tsp)၊ ဆား (1 tsp) တို့ ဖြင့် နယ်ထားပါ။
ဆား(1 tsp)၊ chicken powder (2 tsp)၊ နနွင်းမှုန်.၊ ကြက်သွန်ပင်၊ မုန်ညင်းချဉ်၊ ခရမ်းချဉ်သီး နှင့် ဆီတို.ကို ချက်မည့်အိုးထဲ ထည့်ကာ ခရမ်းချဉ်သီးများ အတော်လေးကြေသွားအောင် ဖိနယ်ပေးပါ။
ခရမ်းချဉ်သီးကြေလျှင် မီးဖိုပေါ်တင်ပြီး high heat နှင့် လုံးပေးပါ။
အားလုံးနွမ်းသွားလျှင်ဟင်းအိုးထဲ ရေနွေးပွက်ပွက်ဆူ (750 ml)ခန်.ထည့်ပါ။
ဟင်းအိုးကို အဖုံး ဖုံးကာ ဆူလာအောင် တည်ထားပါ။
ပွက်ပွက်ဆူပြီး ၅ မိနစ်ခန်.ကြာလာလျှင် ငါးများကို ထည့်ပါ။
ငါးများထည့်ပြီးလျှင် ၃၊၄ ခါ မွှေကာ ထပ်ဆူလာအောင် အဖုံး ဖုံးပြီး ဆက်တည်ထားပါ။
၇ မိနစ်ခန်. ထပ်ဆူပြီးလျှင် ထမင်းပေါ် ရွှဲရွှဲလေးဆမ်းကာစားရန် အရသာရှိလှသော မုန်ညင်းချဉ် ငါးစပ်ဆီးလွတ်လေး အသင့်ဖြစ်ပါပြီ။ (ချက်ပြီး အချိန်ကြာကြာထားလျှင် ပိုစားကောင်းပါသည်။)
ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook