ကမ္ဘာ့အဆင်းရဲဆုံး စာရင်းတွင် မြန်မာအဆင့် ၁၂ ၌ ရပ်တည်

မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ အီသီယိုးပီးယားတို့က မြန်မာထက် ပိုချမ်းသာနေ


ရေဘူးခွံများ ပြန်လည်ရောင်းချရန် လိုက်လံကောက်ယူပြီး ရေဘူးခွံများထည့်ထားသည့်အိတ်ကို သယ်လာ သော သားအမိနှစ်ဦးအား ရန်ကုန်မြို့ ရထားသံလမ်းတစ်ခုပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ− အေအက်ဖ်ပီ)

ကမ္ဘာ့ဘဏ်က နောက် ဆုံးထုတ်ပြန်သည့် နိုင်ငံပေါင်း နှစ်ရာကျော်ပါဝင်သော ကမ္ဘာ့အ ချမ်းသာဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အောက်ဆုံး ၁၂ နိုင်ငံ၌ ပါဝင်ရပ်တည်နေကြောင်း သတင်းရရှိသည်။

နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သောစာရင်းတွင် မြန်မာနိုင်ငံ က အောက်ခြေမှစ၍ ရေတွက် လျှင် အဆင့် ၁၂ နေရာ၌ ရပ် တည်နေခြင်းဖြစ်ပြီး ဒေသတွင်း အာဆီယံနိုင်ငံများတွင် အောက် ဆုံးရောက်ရှိနေ ကြောင်း အဆိုပါ စာရင်း၌ ဖော်ပြသည်။

ကမ္ဘာ့ဘဏ်က တစ်နိုင်ငံ လုံး၏ အသားတင်ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှုတန်ဖိုးကို နိုင်ငံ့လူဦးရေနှင့် အချိုးကျ တွက်ချက်သောနည်း (GDP per ca-pital) ဖြင့် တွက်ချက်ထားသည့် စာရင်း၌ ဒေသတွင်း ဒုတိယ အဆင်းရဲဆုံးဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားတွင် အဆင့်ငါးဆယ် ကွာခြား နေပြီး အီသီယိုးပီးယား၊ ကျူးဘား၊ မြောက်ကိုရီးယား၊ ဆိုမာလီယာ စသည့်နိုင်ငံတို့က မြန်မာနိုင်ငံ အထက်တွင် ရပ်တည်နေသည်။

‘‘အစိုးရသစ်လက်ထက်မှာ လည်း ဘာမှပြောင်းလဲ မလာဘူး။ အားမနာတမ်းပြောရရင် ပိုဆိုး လာသလိုပဲ။ လှိုင်သာယာလို နေ ရာမျိုးသွားကြည့်ရင် အလုပ်သ မားတွေ အလုပ်ရဖို့ ထိုင်စောင့်နေ ကြတယ်။ နေ့စား အလုပ်သမား တွေ အရမ်းပိုများလာတယ်။ အဲဒါကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ အဓိက အချက်က တော့ ပညာရေးနိမ့်ကျသွားတဲ့အတွက် တိုင်းပြည်နိမ့်ကျသွားတာပါပဲ’’ ဟု စီးပွားရေးအကြံပေးပညာရှင် ဦးရဲမြင့် (စွန့်ဦးတီထွင်) က ပြောကြားသည်။

ကမ္ဘာ့စီးပွားရေးလေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံ၏ နှစ် စဉ် GDP သည် ၂၀၁၀ပြည့်နှစ်မှစ၍ မြင့် တက်လာခဲ့သော်လည်း ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ တိုးတက်ကြီးထွားမှု အတက်၊ အကျမရှိ ပုံမှန် အတိုင်းဖြစ်တည်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

သမ္မတဦးသိန်းစိန်၏ စီးပွား ရေးနှင့် လူမှုရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့်က မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အထိ ၀င်ငွေနိမ့်ကျသော နိုင်ငံများစာရင်းတွင် ပါဝင်နေဦးမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာက မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပ သော ဆွေးနွေးပွဲ၌ ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသား များ၏ တစ်ဦးချင်း အသားတင် ထုတ်လုပ်နိုင်မှုသည် အိမ်နီးချင်း နိုင်ငံများထက် နိမ့်ကျနေသကဲ့သို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ တွင်လည်း အိမ်နီးချင်းနိုင်ငံများ ထက် လျော့ကျနေ သည်။

ကမ္ဘာ့ဘဏ်၏ ကမ္ဘာ့အချမ်း သာဆုံး ထိပ်တန်းနိုင်ငံများနေရာ တွင် လူဇင်ဘတ်၊ နော်ဝေး၊ ကာတာ၊ မကာအို၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ စင်ကာပူ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က အစဉ်အတိုင်း ရပ်တည်နေသည်။


7Day News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...