Propose လုပ်နည်း လေးမျိုး

၁။ စိတ်ကူး ယဉ်ဆန်သော Propose (The Romantic)

သင့်ချစ်သူ ကောင်မလေးကို သင့်ရဲ့အကြိုက်ဆုံး စားသောက်ဆိုင် (သို့) အထူးသီးသန့် စားသောက် ဆိုင် တစ်ဆိုင်ကို ခေါ်ပြီး ထူးခြားဆန်း သစ်တဲ့ "ညလည် ထွက်ခြင်း" တစ်ခု ဖန်တီး ရမှာပါ။ ပထမဆုံး အလှပဆုံး စိန်လက်စွပ် တစ်ခု ရွေးဝယ် ပါ။ သင်ခေါ်သွားမယ့် စားသောက်ဆိုင်ကို စရန် ငွေပေးပြီးတော့ ရှန်ပိန်ပုလင်းရဲ့ အောက်ခြေမှာ လက်စွပ်ကို ထားဖို့ ကြို တင်အော်ဒါ မှာထားပါ။ ချိန်ဆို ထားတဲ့နေ့မှာ သင်စောစော သွားပြီး ဆိုင်က ဝန်ထမ်းနဲ့အတူ လက်စွပ်ကို သင့်စိတ်တိုင်းကျ တပ်ဆင်ပါ။သင့်ချစ်သူ ရောက်လာတဲ့ အခါတော့ Waiter က သင့်ရဲ့ လက်ထပ် လက်စွပ်ပါတဲ့ ရှန်ပိန်ပုလင်းကို ယူဆောင် လာပါလိမ့်မယ်။ ထင်မှတ် မထားတာမို့လို့ သင့်ချစ်သူ အံ့သြဝမ်းသာ သွားမှာပါ။ သင့်ကောင် မလေးဆီက"ဝိုင် အီး အက်စ်"ဆိုတဲ့ အဖြေရတဲ့အခါ သင့်အိမ်မှာ "ချိုမြိန်တဲ့ ညစာစားပွဲ" တစ်ပွဲကို သင် ကျင်းပ ပေးရဦးမှာပါ။ ဒီပွဲဟာ သငိဟာသူမ အတွက် ထူးဆန်းပြီး နွေးထွေးမှုပေးနိုင်တဲ့ ခင်ပွန်း ကောင်း ဖြစ်ကြောင်းပြသရမယ့် ပွဲလည်းဖြစ်ပါတယ်။ သင့်ချစ်သူကြိုက်မယ့် ဟင်းလျာတွေ ကို သင်ကိုယ်တိုင် ရွေးချယ် ချက်ပြုတ်ပါ။ ပြီးတော့ အကောင်းမွန်ဆုံးနှင့် အသင့်တော်ဆုံး စားပွဲကိုရွေပြီး စားပွဲပေါ်မှာ ပန်းမွှလေးတွေ ကျဲပေးထားပါ။ ဟင်းလျာ ပန်းကန်တွေကို စနစ်တကျ ခင်းကျင်းပါ။ နောက်ဆုံးတစ်ခုက ဖယောင်းတိုင် တစ်တိုင် ထွန်းထားပေးဖို့ပဲ ဖြစ်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ဘယ်ပျို မဒီက သင့် လက်ထပ် ခွင့်ကို ငြင်းချင်မှာလဲ?

၂။ ရင်ဖိုလှိုက်မောဖွယ် Propose

ဒီနည်းကတော့ စွန့်စားတတ်တဲ့ စုံတွဲတွေ အတွက်ပါ။ သင့်ချစ်သူ လေးနဲ့အတူ လေထီးခုန် စွန့်စားခန်း လေး ဖွင့်ပြီး Propose ခုပ်ကြရအောင်။ လေယာဉ်ကိုတော့ သင့်စိတ်ကြိုက် ရွေးပြီးငှားပါ။ လေယာဉ်ပေါ် ကမခုန်ချမီ သင်တို့ကို အသက်ဘေးကင်းအောင် သေသေချာချာ ထုပ်ပိုးရမယ်။ (ဒါက လေယာဉ် တာဝန်ရှိတဲ့ သူတွေ လုပ်ပေးမှာပါ) အဆင်သင့်ပြု လုပ်ထားတဲ့ "Will you marry me?" ဆိုတဲ့ သင်္ကေတ ကို သင့်စိတ်ကြိုက် အရမ်းလှတဲ့ သဲသောင်ပြင် (သို့) မြက်ပင်ထူထူပေါက်တဲ့ နေရာမှာ စနစ်တကျကြို တင် ချထားပါ (သင့်ချစ်သူကို ကြို မပြောပါနဲ့)။ ယင်းနေရာ ရောက်တဲ့အခါ လေယာဉ်ပေါ်ကနေ နှစ်ဦး သားခုန်ဆင်းလိုက်ပါ။ (အမြင့်ပေ အသငိ့အတင့်)။ ဒီလို လေယာဉ်ပေါ်ကနေ မြေပြင်ပေါ်သို့ပျံဝဲနေစဉ် ခံစားချက်ကို သင့်ချစ်သူ ဒီတစ်သက် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ မြေပြင်ပေါ် ရောက်တဲ့အခါ အဲဒီသင်္ကေတတွေ ဘေးနားမှာ သင်ဒူးထောက်ပြီး လက်ထပ်ခွင့်ပန်ပါ။ သင်တို့ လေထီးမခုန်မီ နှင့် ဝဲပျံ စဉ် ကြုံတွေ့ခဲ့ရတဲ့ ကြောက်ရွံ့မှုဟာ မကြာမီ ဇနီးမောင်နှံဖြစ်ဖို့ မယုံကြည်နိုင်ဖွယ်ရာ ခိုင်မြဲမှု အတွေ့အကြုံ ပါပဲ။

၃။ ရှာပုံတော် မင်းသမီးလေး


သင့်အိမ်နီးနားက ကလေးတွေကို ခေါ်ပါ။ သင့်ချစ်သူ ကိုတော့ သင့်ရဲ့" ရတနာရှာပုံတော်" အစီအစဉ်ကို ပြောပြထားရမှာပါ။ ကလေးတွေက သင်ချစ်သူနဲ့ အတူတူ လိုက်ပါရမယ်။ ဒီနည်းလမ်းမှာ သင်ဟာ သင့်ရဲ့ ရတနာဝှက်ထားတဲ့ နေရာကိုညွှန်ပြပေးမယ့် သဲလွန်စတွေ၊ ရုပ်ပုံတွေကို လမ်းတစ်လျောက် ဖော်ပြထာပေးရမယ်။ ဒါမှမဟုတ် ပဟေဠိတွေကိုလည်း အသေးစိတ် ပြင်ဆင်ထားနိုင်ပါတယ်။ သင့် ရတနာကို လုံခြုံတဲ့ ဗူးတစ်ခုခုထဲမှာ ထည့်ပါ။ အဲဒီထဲမှာတော့ "Will you marry me ?"ဆိုတဲ့ စာသားကို ထည့်ထားပါ။ တကယ်တော့ ခရီးတစ်လျှောက်လုံး သင်ဟာ ချစ်သူလေးဘေးနားမှာ လိုက်သွား သင့်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သဲလွန်စတွေနဲ့အတူ သူမကို ကူညီဖို့ပါ။ (တစ်ခါတလေတော့လည်း သူမရွေးတဲ့ လမ်းမှန်ကို ဒွိဟဖြစ်အောင် သေွးးထိုးပေးရမပေါ့)။ ခရီးဆုံးလို့ သူမရှာတွေ့တဲ့အခါ သင် သူမရှေ့မှာ ဒူးထောက်ပြီး လက်ထပ်လက်စွပ် နဲ့အတူ လက်ထပ်ခွင့်တောင်းပါ။

၎။ လူထုရှေ့မှာ လက်ထပ်ခွင့်ပန်ခြင်း
Billboard တစ်ခု ငှားပါ။ အဲဒီပေါ်မှာ "Will you marry me?" စာတန်းနဲ့ အတူ သင့်ဓာတ်ပုံကို ပါ သေသေချာချာ ပြုလုပ်ပါ။ ပြီးတော့ သင်တို့နှစ်ဦး အတူတူ လမ်းလျှောက်လာတဲ့ အခါမြင်ရမယ့် နေရာ မှာ ထောင်ထားပါ။ သူမမြင်လို့အံ့သြ သွားတဲ့အ ချိန်မှာ လက်ထပ်လက်စွပ် ထုတ်ပြီးသူမဆီ ခွင့်တောင်း ပါ။ ဒါမှမဟုတ် ရေဒီယိုကနေ တစ်ဆင့် သူမအတွက် သင့်ရဲ့အချစ်ကိုကြေငြာနိုင်ပါ တယ်။ "ကိုယ့်ကို မင်းရဲ့အိမ်ထောင် ဘက်အဖြစ် လက်တွဲနိုင်မလား?" ဆိုတဲ့ မေးခွန်းကိုလည်း တစ်ပါတည်းမေးပါ။ သူမ ရှက်ကိုးရှက်ကန်းတော့ဖြစ် သွားနိုင်ပါတယ်။ ဒါပေမယ့် ဘဝအတွက် အရေးကြီးတဲ့ အရာမို့သူ မလည်း နားလည်မှာပါ။ ။ အားလုံးပျော်စရာ အကောင်းဆုံး အချစ်ပုံပြင်တွေကို ဖန်တီးနိုင်ကြပါစေ။

Guardian Zay

Ref:Internet 
ရိုးရာလေး
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...