အရက်နှင့် သုက်ပိုး

အလုပ်ခွင် အတွင်း စိတ်ဖိစီးမှု များနှင့် အိမ်ပြန် ရောက်သော အခါ စိတ်ဖိစီးမှု ပြေပျောက်ရန် ဘီယာ အေးအေးကို ဖွင့်ဖောက်သောက် သုံး လေ့ရှိကြ သည်။ ယခုလေ့လာမှုအရ အပတ်စဉ် အရက် အနည်းငယ် (၅ယူ နစ်) သောက်သုံးခြင်းသည် သုက်ပိုး စွမ်းရည်ကို ကျဆင်းစေကြောင်းတွေ့ ရှိရသည်။

ထိုလေ့လာမှုအတွက် ဒိန်းမတ်နိုင်ငံ တောင်ပိုင်း တက္ကသိုလ်မှ Prof.Tina Kold Jensen နှင့် အဖွဲ့ သည် လေ့လာခဲ့သည်။ လွန်ခဲ့သော လေ့လာမှုများတွင် တိရစ္ဆာန်များကို အရက်ပေးရာ သုက်ပိုး အရည် အသွေး လျော့နည်းကြောင်းတွေ့ရှိခဲ့ရသည်။ ယခုလေ့လာမှုအတွက် အသက်၁၈ နှစ်နှင့် ၂၈နှစ်ကြား အမျိုးသား ၁၂၂၁ ဦးကို လေ့လာခဲ့သည်။ ၎င်းင်းကိုဆီမှ သွေးနှင့် သုက်ပိုးနမူနာများကို ယူပြီး လေ့လာခဲ့ သည်။ အရက်သောက်သူ များသည် သွေးတွင်းရှိ Sexhormo-ne binding globulin (SHBG) သည် ကျဆင်းနေကြောင်းတွေ့ရှိခဲ့ရ သည်။


မာဃ
Ref:MNT
Health Updates Journal Vol(139)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...